မက်ထရို မနီလာ
ဖီလစ်ပိုင်နိုင်ငံ၏ ဒေသကြီး / From Wikipedia, the free encyclopedia
မက်ထရိုပိုလစ်တန် မနီလာ (မက်ထရိုမနီလာ၊ မနီလာမြို့တော်၊ Metropolitan Manila)[1][4] ()သည် အစိုးရအုပ်ချုပ်ရာ မြို့တော်ဒေသကြီးဖြစ်ကာ ဖိလစ်ပိုင်နိုင်ငံ၏ မက်ထရိုပိုလစ်တန် ၃ခုမှ တစ်ခုဖြစ်သည်။ နိုင်ငံတော်၏ မြို့တော်ဒေသ (National Capital Region) (NCR)အဖြစ် တရားဝင်သိကြပြီး မက်ထရိုမနီလာ (သို့) မနီလာဟု ခေါ်ကြသည်။ မက်ထရို မနီလာဒေသကြီးတွင် မြို့ပေါင်း ၁၆မြို့ပါဝင်သည်။
မက်ထရို မနီလာ Kalakhang Maynilà Kamaynilaan မနီလာ မြို့ပြ | |
---|---|
မြို့တော် နှင့် ဒေသကြီး | |
နိုင်ငံတော် မြို့တော်ဒေသ (NCR) | |
ဖိုင်:Metropolitan Manila Montage.png | |
မက်ထရို မနီလာဒေသကြီး၏ မြေပုံ | |
နိုင်ငံ | ဖိလစ်ပိုင်နိုင်ငံ |
Managing entity | မနီလာမြို့တော် တိုးတက်ရေး အာဏာပိုင်အဖွဲ့ |
တည်ထောင်ခြင်း | ၇ နိုဝင်ဘာ ၁၉၇၅[1] |
ဖွဲ့စည်းပုံ | 16 cities and
1 municipality
|
အစိုးရ | |
• ဥက္ကဋ္ဌ | ဒနီလိုလင်းမ် |
ဧရိယာ | |
• မြို့တော် နှင့် ဒေသကြီး | ၆၁၉.၅၇ စတုရန်းကီလိုမီတာ (၂၃၉.၂၂ စတုရန်းမိုင်) |
လူဦးရေ | |
• မြို့တော် နှင့် ဒေသကြီး | ၁၂၈၇၇၂၅၃ |
• သိပ်သည်းမှု | ၂၁၀၀၀/km၂ (၅၄၀၀၀/sq mi) |
• မြို့ပြကြီး | ၂၄၁၀၀၀၀၀ |
အချိန်ဇုန် | PST (UTC+8) |
ISO 3166 ကုဒ် | PH |
GDP (2016) | ₱5.52 trillion $108.36 billion[2][ပိုမိုကောင်းမွန်သော ရင်းမြစ် လိုအပ်သည်] |
Growth Rate | (7.5%)[3][ပိုမိုကောင်းမွန်သော ရင်းမြစ် လိုအပ်သည်] |
HDI | 0.837 (Very high) |
HDI rank | 2nd (2015) |
ဝက်ဘ်ဆိုဒ် | mmda.gov.ph |
ဤဒေသကြီးမှာ ၆၁၉.၅၇ km2 (၂၃၉.၂၂ sq mi) ကျယ်ဝန်းပြီး ၂၀၁၅ခုနှစ်တွင် လူဦးရေ 7007128772530000000♠12877253 ရှိသည်။ ဒုတိယမြောက် လူဦးရေအများဆုံးနှင့် ဖိလစ်ပိုင်၏ လူဦးရေ အသိပ်သည်းဆုံး ဒေသကြီးဖြစ်သည်။ အာရှတွင် သတ္တမမြောက် လူဦးရေအများဆုံး မက်ထရိုပိုလန်တစ်ဖြစ်သည်။
ဤဒေသမှာ ဖိလစ်ပိုင်နိုင်ငံ၏ ယဉ်ကျေးမှု၊ စီးပွားရေး၊ ပညာရေးနှင့် အုပ်ချုပ်ရေးတို့၏ ဗဟို အချက်အချာလည်းဖြစ်သည်။Global power city ဖြစ်သည့် ကမ္ဘာ့စီးပွားရေးကွန်ယက်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကာ နိုင်ငံတော် မြို့တော်ဒေသ (NCR)သည် စီးပွားရေး၊ ဘဏ္ဍာရေး၊ မီဒီယာ၊ အနုပညာ၊ ဖက်ရှင်၊ သုတေသန၊ နညွးပညာ၊ ပညာရေးနှင့် ဖျော်ဖြေရေး ကဏ္ဍများတွင် ပြည်တွင်းနှင့် နိုင်ငံတကာမှာပါ သိသိသာသာ တိုးတက်လျက်ရှိသည်။ နိုင်ငံတကာ ကောင်စစ်ဝန်ရုံးများ၊ သံရုံးများ အားလုံး တည်ရှိသည်။ ထို့ကြောင့် နိုင်ငံတကာ သံတမန်ရေးရာ၏ ဗဟိုနေရာလည်းဖြစ်သည်။ဤနေရာမှ စီးပွားရေးစွမ်းအားများသည် ၎င်းကို နိုင်ငံ၏ ရောင်းဝယ်ဖောက်ကားခြင်းနှင့် ဘဏ္ဍာရေးအတွက် အကောင်းဆုံးနေရာဖြစ်လာစေသည်။ [5]
သမ္မတအိမ်တော်မှ ဒီဂရီ အမှတ် ၈၂၄ဖြင့် ၁၉၇၅ခုနှစ်တွင် တည်ထောင်ခဲ့သည်။ တိုးတက်လာသော လူဦးရေနှင့် အစိုးရအတွက် နေရာအသစ်နှင့် နိုင်ငံရေးအာဏာအတွက် ဗဟိုနေရာတစ်ခု ဖန်တီးရန်အတွက်ဖြစ်သည်။[6]ယခင်က အုပ်ချုပ်မှုနယ်မြေတစ်ခုဖြစ်သည့် မနီလာပြည်နယ်မှာ ၁၈၉၈ စပိန်တော်လှန်တော်လှန်ရေးပြီးနောက် ဖွဲ့စည်းထားခဲ့သည့် မူလ ၈ပြည်နယ်တွင် ပါဝင်သည်။ မနီလာ၏ တော်လှန်ရေးတွင် ပါဝင်လှုပ်ရှားခဲ့မှုအတွက် ဖိလစ်ပိုင်နိုင်ငံအလံတွင်ပါဝင်သော နေမင်း၏ ရောင်ခြည်၈ခုတွင် တစ်ခုအဖြစ် မနီလာကိုယ်စားပြု ထည့်ထားသည်။