ဝဏ္ဏသိဒ္ဓိ အားကစားကွင်း
From Wikipedia, the free encyclopedia
ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (အင်္ဂလိပ်: Wunna Theikdi Stadium) သည် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ဝင်းအတွင်းတည်ရှိသော ဘက်စုံသုံး ခေတ်မီ အားကစားကွင်းဖြစ်သည်။ ပရိသတ် (၃၀,၀၀၀) ကျော် ဝင်ဆံ့ပြီး[2] ဘောလုံးအားကစားနည်းနှင့် ပြေးခုန်ပစ် အားကစားနည်များကို အများဆုံး ကျင်းပလျက်ရှိသည်။
အချက်တိုများ ယခင်အမည်, တည်နေရာ ...
ယခင်အမည် | ဇမ္ဗူသီရိ အားကစားကွင်း (၂၀၁၂ - ၂၀၁၃) |
---|---|
တည်နေရာ | ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်၊ မြန်မာနိုင်ငံ |
ပိုင်ဆိုင်သူ | အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန |
စီမံခန့်ခွဲသူ | အားကစားနှင့်ကာယပညာဦးစီးဌာန |
ဝင်ဆံ့ပမာဏ | ၃၀,၀၀၀ |
မျက်နှာပြင် | မြတ်ခင်းပြင် |
တည်ဆောက်ခြင်း | |
ဖွင့်လှစ် | ၂၀၁၂ ခုနှစ် |
ဗိသုကာ | မက်စ်မြန်မာ[1] |
ပိတ်ရန်
၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ ၂၀၁၄ အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲများ၏ အဓိကအားကစားကွင်းလည်းဖြစ်သည်။[3] ထို့အပြင် ၂၀၁၅ အမျိုးသားအားကစားပြိုင်ပွဲ၊ ၂၀၁၈ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ စသည့် အားကစားပြိုင်ပွဲများကိုလည်း လက်ခံကျင်းပခဲ့သည်။ လက်ရှိတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများကို လက်ခံကျင်းပလျက်ရှိသည်။
အားကစားကွင်းအတွင်း မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ရုံးခန်း၊ လူငယ်ရေးရာဦးစီးဌာန၏ ရုံးခန်းများ တည်ရှိသည်။[4]