ကရိနာ နက်ဗျူလာ
ကရိနာ ကြယ်စုတန်းရှိ နက်ဗျူလာ / From Wikipedia, the free encyclopedia
ကရိနာ နက်ဗျူလာ (အိသာကရိနာ နက်ဗျူလာ၊ NGC 3372၊ ဂရန်း နက်ဗျူလာ အစရှိသည်ဖြင့်လည်း သိထား) သည် ကျယ်ပြောတောက်ပလှသည့် နက်ဗျူလာဖြစ်ပြီး open cluster ကြယ်အမျိုးအစားပေါင်းများစွာဖြင့် နယ်နမိတ် သတ်မှတ်ထားသည်။ နက်ဗျူလာသည် ကမ္ဘာမြေမှ အလင်းနှစ် ၆၅ဝဝ နှင့် ၁ဝ,ဝဝဝ ကွာဝေးသည်။ ယင်းသည် ကရိနာ ကြယ်စုတန်းတွင်တည်ရှိကာ ကရိနာ-ဆာတီဂရပ် လက်မောင်းထဲတွင် တည်ရှိသည်။ နက်ဗျူလာတွင် O-type ကြယ်ပေါင်းများစွာ ပါဝင်သည်။ နက်ဗျူလာသည် ကောင်းကင်တွင် အကြီးမားဆုံး အလင်းပြန့်ကျဲသော နက်ဗျူလာများထဲမှ တစ်ခုအပါဝင်ဖြစ်သည်။ ယင်းသည် အိုရိုင်ယွန် နက်ဗျူလာထက် လေးဆ ပိုမိုကြီးမားတောက်ပသော်လည်း ကရိနာ နက်ဗျူလာအကြောင်းကိုမူ နည်းနည်းလေးသာ သိထားသည်။ ယင်းအား ၁၇၅၁-၅၂ ခုနှစ်များတွင် Nicolas Louis de Lacaille ဆိုသူမှ ရှာဖွေတွေ့ရှိခဲ့သည်။
အချက်တိုများ ထုတ်လွှင့် နက်ဗျူလာ, လေ့လာမှု ဒေတာ: J2000.0 Epoch ...
ထုတ်လွှင့် နက်ဗျူလာ | |
---|---|
VLT တယ်လီစကုပ်ဖြင့် NGC 3372 အား အသေးစိတ် ဖမ်းယူထားပုံ၊ Credit: ESO | |
လေ့လာမှု ဒေတာ: J2000.0 Epoch | |
ညာဘက် တိမ်းစောင်းမှု | 10° 45′ 08.5″[1] |
နိမ့်ဆင်းမှု | −59° 52′ 04″[1] |
အကွာအဝေး | ~၆၅၀၀-၁၀၀၀၀[1] ly |
အမြင် တောက်ပမှု (V) | +၁.၀ |
ကြယ်စုတန်း | ကရိနာ |
ရုပ်သွင်ပြင် လက္ခဏာ | |
အချင်းဝက် | ~၄၆၀ [2] ly (~၁၄၀ pc) |
သိသာသော သွင်ပြင်များ | အနက်ရောင် နက်ဗျူလာလည်း ပါဝင်သည့် သော့ပေါက် နက်ဗျူလာ |
သတ်မှတ်ချက်များ | NGC 3372,[3] ESO 128-EN013,[1] GC 2197,[1] Caldwell 92[4] |
အခြားကြည့်ရန်: နက်ဗျူလာများ စာရင်း |
ပိတ်ရန်