From Wikipedia, the free encyclopedia
ခြိုးခြံကျင့်ကြံမှု (သို့) ခြိုးခြံထွက်မြောက် ကျင့်စဉ်စု (သို့) ခြိုးခြံ ကျင့်စဉ်စု (အင်္ဂလိပ်: Asceticism) ဆိုသည်မှာ တွေ့ကြုံခံစားဖွယ် စည်းစိမ်တို့မှ ဖြတ်တောက်ခြိုးခြံက စိတ်ပိုင်းဆိုင်ရာ အနေအထားတခုခုကို ပန်းအတိုင်ထားကာ လေ့ကျင့်နေထိုင်သော ဘဝနေထိုင်မှု ပုံစံကို ညွှန်းသည်။[3]
ခြိုးခြံကျင့်ကြံသူများမှာ လူ့ဘောင်မှ တွဲထွက်သည်လည်း ရှိသဲ့သို့၊ လူ့ဘောင်၌ ဆက်နေပြီး ဥစ္စာစီးပွားရေးနှင့် ဒြပ်သားစည်းစိမ်တို့မှ အထိုက်အလျောက် ခွါကျဉ်သော ရိုးစင်းခြိုးခြံသည့် နေထိုင်မှုပုံစံနှင့်၊ မိမိကိုးကွယ်ရာ ကိုးကွယ်ဘာသာရေးကို အာရုံပြု၍လည်းကောင်း စိတ်အခြေအနေတစ်ခုကို စူးစိုက်ရည်သန်၍လည်းကောင်း ဥပုသ်စောင့်ခြင်းလည်း ပြုတတ်ကြသည်။[4] ဥပုသ်သီတင်း စောင့်သူက မိမိ၏ ကိုယ်တွင်းအသိစိတ်ကိုလည်း အဆုံးမဲ့သော လောကနှံ့ အသိစိတ်အရာနှင့် ချိတ်ဆက်ပေးနိုင်သည် ဟု ယူသော အယူအဆများလည်း ရှိတတ်သည်။[5] အချို့လူမျာကလည်း မိမိစွဲနေသည့် အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါး၊ ဖျော်ဖြေရေး၊ လိင်မှုကိစ္စ၊ အစားအစာ စသည်တို့မှ လွတ်မြောက်ပြတ်တောက်ရန်ငှာ ခြိုးခြံကျင့်စဉ်စုများကို ချဉ်းကပ်ကြသည်။[6]
ဗုဒ္ဓဘာသာ၊ ဂျိန်းဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဂျူးဘာသာ၊ အစ္စလာမ်ဘာသာ စသည်တို့နှင့် မျက်မှောက်ခေတ်ပေါ် ကျင့်စဉ်များအတွင်းလည်း ဤ ခြိုးခြံကျင့်စဉ်များ (Asceticism) အထိုက်အလျောက် ပါဝင်နေတတ်ပုံလည်း သမိုင်းတလျှောက်၌ တွေ့ရနိုင်သည်။[6]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.