ဂျက်ဒေါ်ဆေး [7](နိုဝင်ဘာလ ၁၉၊ ၁၉၇၆ ခုနှစ်) သည် အမေရိကန်လူမျိုး ကွန်ပျူတာပရိုဂရမ်မာနှင့် အင်တာနက်လုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။ တွစ်တာကို တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် ဖြစ်သည်။ ထို့ပြင် မိုဘိုင်းငွေပေးချေမှုကုမ္ပဏီတစ်ခု ဖြစ်သည့် Square ကို တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် ဖြစ်သည်။[8]

အချက်တိုများ ဂျက်ဒေါ်ဆေး, မွေးဖွား ...
ဂျက်ဒေါ်ဆေး
Thumb
Dorsey in November 2014
မွေးဖွားJack Patrick Dorsey
(1976-11-19) နိုဝင်ဘာ ၁၉၊ ၁၉၇၆ (အသက် ၄၇)[1]
St. Louis, Missouri, U.S.
ဌာနေSan Francisco, California, U.S.
နိုင်ငံလူမျိုးအမေရိကန်
နိုင်ငံသားအမေရိကန်ပြည်ထောင်စု
မိခင်ကျောင်းUniversity of Missouri–Rolla (transferred)
New York University (dropped out)
အလုပ်အကိုင်CEO of Square, Inc. and Twitter[2]
ကျော်ကြားမှုအရင်းခံCo-founder of Twitter & Square, Inc.
လစာSquare, Inc. $2.75 (2017)
Twitter $0 (2017)[3]
ကြွယ်ဝမှုIncrease US$6.8 billion (October 2018)[4]
ဘုတ်အဖွဲ့ဝင်
Twitter[5]
  • Square, Inc.[6]
ပိတ်ရန်

အစောပိုင်း ဘဝ

ဂျက်ဒေါ်ဆေး၏ မိဘနှစ်ပါးမှာ မာဆီယာ (နဲစမစ်) နှင့် တင်းဒေါ်ဆေားတို့ ဖြစ်ကြသည်။[9][10][11] St. Louis, Missouri တွင် မွေးဖွားကြီးပြင်းခဲ့သည်။[12][13] သူသည် အင်္ဂလိပ်၊ Irish နှင့် အီတလီလူမျိုးများမှ ဆင်းသက်လာသူ ဖြစ်သည်။[14] ဖခင်ဖြစ်သူသည် ဒြပ်ထုရောင်စဉ်တိုင်းကိရိယာထုတ်လုပ်သည့် ကုမ္ပဏီတွင် အလုပ်လုပ်ပြီး မိခင်ဖြစ်သူသည် အိမ်ရှင်မတစ်ဦး ဖြစ်သည်။[15] သူ၏ ဦးလေးသည် ကက်သလစ်ခရစ်ယာန်ဘုန်းကြီး ဖြစ်ပြီး သူသည်လည်း ကက်သလစ်ဘာသာကို ယုံကြည်ခဲ့သည်။[16] သူသည် Catholic Bishop DuBourg အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။

သူသည် ငယ်စဉ်အခါများက တစ်ခါတစ်ရံ ဖက်ရှင်မော်ဒယ်တစ်ဦးအဖြစ် အလုပ်လုပ်ကိုင်ခဲ့သည်။[17][18][19][20][21] အသက် တစ်ဆယ့်လေးနှစ် ဖြစ်လာသည့်အခါတွင် ဂျက်ဒေါ်ဆေးသည် dispatch routing တွင် စိတ်ဝင်တစား ရှိလာခဲ့သည်။ သူရေးသားခဲ့သည့် dispatch logistics ပက်သက်ပါဝင်သည့် open-source ဆော့ဝဲများသည် ယခုအချိန်အထိပင် တက္ကစီယဉ်မောင်းကုမ္ပဏီများက အသုံးပြုနေဆဲ ဖြစ်သည်။[9][16] နယူးယောက်တက္ကသိုလ်သို့ မပြောင်းမီ MissouriRolla တက္ကသိုလ်တွင် နှစ်နှစ်ကျော် (၁၉၉၅− ၁၉၉၇) ပညာသင်ကြားခဲ့သည်။ သို့သော် သူသည် ၁၉၉၉ ခုနှစ်တွင် ကျောင်းထွက်ခဲ့သည်။[22] သူသည် နယူးယောက်တက္ကသိုလ်တွင် ပညာသင်ကြားနေစဉ်တွင် တွစ်တာကို ဖန်တီးရန် စိတ်ကူးရှိခဲ့သည်။[16][23]


Dispatching နှင့် ပတ်သက်သည့် လုပ်ငန်းတွင် ပရိုဂရမ်မာအဖြစ် အလုပ်လုပ်ကိုင်နေစဉ် ဒေါ်ဆေးသည် ကယ်လီဖိုးနီးယားသို့ ပြောင်းရွှေ့ကာ နေထိုင်ခဲ့သည်။[24][25] ထိုအချိန်သည် ၂၀၀၀ ခုနှစ် ဖြစ်သည်။ ၂၀၀၀ ခုနှစ်တွင် ကိုယ်ပိုင်ကုမ္ပဏီ Oakland ကို တည်ထောင်ခဲ့ပြီး ဝဘ်မှတစ်ဆင့် အရေးပေါ်ဝန်ဆောင်မှုလုပ်ငန်းများ၊ အငှားယာဉ်နှင့် ပတ်သက်သည်များ၊ ပို့ဆောင်မှု လုပ်ငန်းများ စသည်တို့ကို လုပ်ကိုင်ခဲ့သည်။[26] His other projects and ideas at this time included networks of medical devices and a "frictionless service market".[26] သူ၏ အခြားသာ စီမံကိန်းများနှင့် စိတ်ကူးများတွင် ဆေးပညာနှင့် သက်ဆိုင်သည့် ကွန်ရက်များနှင့် Frictionless service market တို့ ပါဝင်သည်။ ၂၀၀၀ ခုနှစ်၊ ဇူလိုင်လတွင် သူသည် ဝဘ်ပေါ်တွင် အချိန်နှင့်တစ်ပြေးညီ စာတိုများဖြင့် ဆက်သွယ်နိုင်မည့် ဝန်ဆောင်မှုတစ်ခုကို ပြုလုပ်ရန် စိတ်ကူးခဲ့သည်။[26]


သူသည် မက်ဆေ့များကို ချက်ချင်းပို့နိုင်အောင် လုပ်ဆောင်နိုင်ခဲ့ပြီး ဆော့ဝဲအသုံးပြုသူများသည် သူတို့၏ စာသားများကို သူငယ်ချင်းများအကြား အလွယ်တကူ မျှဝေနိုင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ သူသည် Odeo ကို စာသားမက်ဆေ့တွင် စိတ်ဝင်တစားရှိလာစေရန် ချဉ်းကပ်ခဲ့သည်။ ဒေါ်ဆေးနှင့် Biz Stone သည် စာတိုမက်ဆေ့နှင့် သင့်လျော်သည့် မက်ဆေ့စာသားကို စိတ်ကူးရရှိခဲ့ကာ နှစ်ပတ်ခန့်အကြာတွင် တွစ်တာကို တည်ဆောက်ရန် မူရင်းပုံစံကို တည်ဆောက်ခဲ့သည်။ များစွာသော အသုံးပြုသူတို့ကို ဆွဲဆောင်နိုင်ခဲ့သည်။ ထို့ပြင် Evan Williams ထံမှလည်း ရင်းနှီးမြှုပ်နှံမှုများ ရရှိခဲ့သည်။[9]

အသက်မွေးဝမ်ကြောင်း

Thumb
ဂျက်ဒေါ်ဆေး၊ ၂၀၀၈

ဝီလီယမ်၊ စတုန်းနှင့် Noah Glass တို့သည် Obvious Corporation ကို တည်ထောင်ခဲ့ကြသည်။ ၎င်းသည် နောင်အခါတွင် တွစ်တာ ဖြစ်လာခဲ့သည်။ ဒေါ်ဆေးသည် အမှုဆောင်အရာရှိချုပ် ဖြစ်ခဲ့သည်။[9][27]

ပုဂ္ဂိုလ်ရေးဘဝ

၂၀၁၂ ခုနှစ်တွင် ဒေါ်ဆေးသည် ဆန်ဖရန်စစ်စကို၏ အနီးရှိ Sea Cliff သို့ ပြောင်းရွှေ့ခဲ့သည်။ Golden Gate, Marin Headlands နှင့် ပစိဖိတ်သမုဒ္ဒရာများကို ကြည့်ရှုခံစားနိုင်ရန် ဖြစ်သည်။[28] သူသည် မနက်တိုင်း အလုပ်သို့ ငါးမိုင် လမ်းလျှောက်ကာ သွားသည်။ ထိုအခိုက်အတန့်ကို “very clearing time” ဟု သူက ပြောသည်။[29] သူသည် Kendrick Lamar ၏ ဂီတနှင့်[30] ပြင်သစ်ရေဒီယိုဌာန FIP ၏ အားပေးသူလည်း ဖြစ်သည်။[31]

ရရှိခဲ့သည့် ဆုများ

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.