အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီရှိ ပုဂ္ဂလိက တက္ကသိုလ် From Wikipedia, the free encyclopedia
ဂျော့ဂျ်တောင်း တက္ကသိုလ် (အင်္ဂလိပ်: Georgetown University) သည် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီတွင် တည်ရှိသော တက္ကသိုလ်တစ်ခု ဖြစ်သည်။ ရှေးကာလကတည်းက အဆင့်မြင့်ပညာရေးအဖွဲ့အစည်း တစ်ခုအဖြစ် ရပ်တည်နေသော ဂျော့ဂျ်တောင်း တက္ကသိုလ်သည် အမေရိကန်တွင် ရှေးအကျဆုံး ကက်သလစ်နှင့် ဂျီးဆု (Jesuit) အဆင့်မြင့် ပညာရေးအဖွဲ့အစည်းတစ်ခု ဖြစ်သည်။
ယခင်အမည်များ | ဂျော့ဂျ်တောင်း ကောလိပ် (၁၇၈၉–၁၈၁၄) |
---|---|
ဆောင်ပုဒ် | Utraque Unum (လက်တင်) |
အင်္ဂလိပ်ဘာသာ ဆောင်ပုဒ် | Both into One[မှတ်စု 1] |
အမျိုးအစား | ပုဂ္ဂလိက တက္ကသိုလ် |
တည်ထောင် | ဇန်နဝါရီ ၂၃၊ ၁၇၈၉[1] |
ဘာသာရေး နှီးနွယ်မှု | ရိုမန်ကတ်သလစ် (Jesuit) |
ပံ့ပိုးမှု | $၁.၆၆၁ ဘီလီယံ (၂၀၁၇)[2] |
နာယက | ဝီလျံ ဒွိုင်း[3] |
ဥက္ကဋ္ဌ | ဂျွန် ဂျေ ဒီဂျီရိုအာ |
စီမံခန့်ခွဲရေး အရာရှိ | ရောဘတ် ဂရုဗ် |
ဆရာဦးရေ | စုစုပေါင်း ၂,၁၇၃[4] (အချိန်ပြည့် ၁,၂၉၁ / အချိန်ပိုင်း ၈၈၂) |
ဝန်ထမ်းဦးရေ | ၁,၅၀၀[5] |
သင်တန်းသား | ၁၇,၈၄၉[4] |
ဘွဲ့ကြိုဦးရေ | ၇,၆၃၆[မှတ်စု 2] |
ဘွဲ့လွန်ဦးရေ | ၁၀,၂၁၃ |
တည်နေရာ | ဝါရှင်တန်ဒီစီ, အမေရိကန်ပြည်ထောင်စု 38°54′26″N 77°4′22″W |
ပရဝုဏ် | Urban ၁၀၄ ဧက (၄၂.၁ ဟက်တာ)[6] |
College yell | Hoya Saxa |
အထိမ်းအမှတ် အရောင် | အပြာ၊ မီးခိုး[7] |
အားကစားအသင်း အမည်ပြောင် | Hoyas |
အားကစား နှီးနွယ်အဖွဲ့အစည်း | NCAA Division I – Big East Patriot League (football) MAISA; EARC |
အားကစား | အားကစားအသင်း ၂၃ သင်း[8] |
လာဘ်ကောင် | Jack the Bulldog |
ဝဘ်ဆိုဒ် | georgetown.edu |
ဂျော့ဂျ်တောင်း တက္ကသိုလ်ကို ၁၇၉၈ ခုနှစ်တွင် ဂျော့ဂျ်တောင်း ကောလိပ်အဖြစ် စတင် တည်ထောင်ခဲ့သည်။ ပုပ်ရဟန်းမင်းကြီး ဆဋ္ဌမမြောက် ပိုင်းရပ်စ် သည် ဂျွန် ကာရိုး (John Caroll) ကို အမေရိကန် ရိုမန် ကက်သလစ် ကျောင်းတော်ရဲ့၏ အကြီးအကဲ အဖြစ် ခန့်အပ်ခဲ့သည်။ ၁၇၈၉ ခုနှစ် ဇန်နဝါရီ ၂၃ တွင် ကာရိုး သည် ဂျော့ဂျ်တောင်းဒေသတွင် မြေဝယ်ယူပြီး ကျောင်းဆောက်ခဲ့ခြင်းသည် တက္ကသိုလ် ဖြစ်လာစေမည့် မူလအစဟု ဆိုနိုင်သည်။ နောင်တွင် လွှတ်တော် အမတ် ဖြစ်လာမည့် ဝီလျံဂတ်စတန် (William Gaston) သည် ၁၇၉၁ ခုနှစ်တွင် ပထမဆုံးကျောင်းသားအဖြစ် ကျောင်းအပ်ခဲ့သည်။
အစောပိုင်း ကာလများတွင် ဂျော့ဂျ်တောင်း တက္ကသိုလ်သည် ဘဏ္ဍာရေး အခက်အခဲများစွာ ကြုံတွေ့ ခဲ့ရသည်။ တက္ကသိုလ်အား ပြင်ပအလှူရှင်များ၏ အကူအညီနှင့်အဓိက ရပ်တည်ရသောကြောင့် ဖြစ်သည်။
အမေရိကန် ပြည်တွင်းစစ်သည် ဂျော့ဂျ်တောင်းတက္ကသိုလ် ကိုလည်း ရိုက်ခတ်မှုများ ရှိခဲ့သည်။ ကျောင်းသားနှင့် ကျောင်းဆင်း တစ်ထောင့်တစ်ရာကျော်သည် ပြည်ထောင်စုတပ်ထဲသို့ ဝင်ခဲ့ကြသည်။ ကျောင်းတွင်းရှိ အဆောက်အအုံများတွင်လည်း စစ်တပ်စွဲထားခဲ့ကြသည်။[9] ၁၈၆၁ ခုနှစ်တွင် အမေရိကန် သမ္မတ အေဘရာဟမ် လင်ကွန်းသည် တပ်သား ၁၄၀ဝ ကျော် တပ်စွဲထားသော ဂျော့ဂျ်တောင်း တက္ကသိုလ်ကို လာရောက်ခဲ့ဖူးသည်။ စစ်အတွင်း အကျအဆုံးများကြောင့် ကျောင်းပြန်ဖွင့်ချိန် ကျောင်းပြန်တက်သော ဦးရေ နည်းပါးသွားခဲ့သည်။ နှစ်စဉ် ဘွဲ့ရသူပုံမှန် ၃၀ဝ ရှိရာမှ ၁၈၆၉ တွင် ပညာရေး ပြီးဆုံး၍ ဘွဲ့ရသော ကျောင်းသားသည် ၇ ဦးသာ ရှိတော့သည်။
အာဖရိကန်-အိုင်းရစ် ကပြားတစ်ဦးဖြစ်သော ပက်ထရစ် ဖရန်စစ် ဟေလီ (Patrick Francis Healy) သည် တက္ကသိုလ်၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သော ၁၈၇၃-၁၈၈၁ အတွင်း တက္ကသိုလ်ကို အပြောင်းအလဲတွေ များစွာ ပြုလုပ်ခဲ့သည်။ ဘွဲ့ကြိုတန်း၏ ပြဋ္ဌာန်းစာများကို ပြင်ဆင်ခဲ့သည်။ ဆေးပညာနှင့် ဥပဒေဘွဲ့များကို လည်းတိုးချဲ့ သင်ကြားခဲ့သည်။ ဂျော့ဂျ်တောင်းတက္ကသိုလ် ကျောင်းသားဟောင်းများ အသင်းကိုလည်း ထူထောင်ခဲ့သည်။ အဆောက်အအုံအသစ်ကြီးတစ်ခုကိုလည်း တည်ဆောက်ခဲ့ကာ နောင်တွင် ဟေလီခန်းမဟု အမည်တွင်ခဲ့သည်။ ဟေလီကို ဂျော့ဂျ်တောင်းတက္ကသိုလ်၏ ဒုတိယတည်ထောင်သူအဖြစ် တင်စား သတ်မှတ်ခြင်းဖြစ်သည်။
၁၈၇၀ တွင် ဥပဒေဌာန၊ ၁၉၀၁ တွင် ဆေးပညာနှင့် သွားဘက်ဆိုင်ရာကျောင်း၊ ၁၉၀၃ တွင် သူနာပြုကျောင်းများကို တိုးချဲ့ ဖွင့်လှစ်ခဲ့သည်။ ဝိဇ္ဇာနှင့် သိပ္ပံကောလိပ်တွင် ၁၉၆၉ ခုနှစ်မှ စတင်ကာ အမျိုးသမီးကျောင်းသူများကို စတင် လက်ခံခဲ့သည်။
၂၀၁၄ ခုနှစ် စာရင်းဇယားအရ ဘွဲ့ကြိုကျောင်းသား ၇၆၃၆ ဦး၊ ဘွဲ့လွန် ကျောင်းသား ၁၀၂၁၃ ဦး အထိ ရှိသည်။ ဘွဲ့ကြိုတန်းများကို သူနာပြုနှင့် ကျန်းမာရေးလေ့လာရေးကျောင်း၊ ရောဘတ် အမ်းမက် မက်ခ်ဒိုနက် စီးပွားရေးကျောင်း၊ စဉ်ဆက်မပြတ် လေ့လာရေးကျောင်း၊ အဒ်ဒမန့် အေဝေါ့လ်ရှ် နိုင်ငံခြားရေးဝန်ထမ်းကျောင်း တို့တွင် သင်ယူနိုင်ပြီး ဘွဲ့ကြို ဘာသာရပ်ပေါင်း ၄၈ ခုအထိ သင်ယူနိုင်သည်။
မဟာဘွဲ့နှင့် ပါရဂူဘွဲ့များကို ဝိဇ္ဇာနှင့် သိပ္ပံဘွဲ့လွန်ကျောင်းအောက်မှ ဥပဒေဌာန၊ ဆေးကျောင်း၊ မက်ခ်ကော့ ပြည်သူ့မူဝါဒကျောင်း တို့တွင် သင်ယူနိုင်သည်။ အဒ်ဒမန့် အေဝေါ့လ်ရှ် နိုင်ငံခြားရေး ဝန်ထမ်းကျောင်းသည် နိုင်ငံတကာရေးရာတွင် ကျော်ကြားပြီး နိုင်ငံခြားရေးမူဝါဒနှင့် ပတ်သက်၍ အဆင့် ၁ အဖြစ် သတ်မှတ်ခံရသည်။
၂၀၁၂ တွင် ဂျော့ဂျ်တောင်းတက္ကသိုလ်၌ အချိန်ပြည့် ဝန်ထမ်း ၁၃၅၄ ဦး၊ အချိန်ပိုင်းဝန်ထမ်း ၈၈၀ ဦး အထိ ရှိခဲ့သည်။[4] သင်ကြားပို့ချပေးသူများသည် ပညာရပ်ဆိုင်ရာတွင် ထင်ရှားသူများ၊ နိုင်ငံရေးအရ ထင်ရှားသူများ၊ စီးပွားရေးခေါင်းဆောင်များ ပါဝင်ခဲ့သည်။
လက်ရှိ ဂျော့ဂျ်တောင်း တက္ကသိုလ်တွင် သင်ကြားပို့ချပေးနေသော ပညာရှင်များတွင် အမေရိကန် ဘာသာစကား အသင်းဥက္ကဋ္ဌဟောင်း ဂျိမ်းစ် အိုဒွန်နယ်လ်၊ ဘာသာရေးပညာရှင် ဂျွန် ဟတ်၊ လူမှု လှုပ်ရှားသူ အမ် မာရူလို နှင့် ချိုင် ဖက်ဒ်ဘလမ်၊ နိုဘယ် ဆုရှင် ဂျော့ဂျ် အာကာလော့ဖ်၊ ဟစ်ဟော့ပ် ပညာရှင် မိုက်ကယ် အဲရစ် ဒိုင်ဆန်တို့ ပါဝင်သည်။[10][11][12]
နာမည်ကျော် နိုင်ငံရေးသမား အများအပြားသည်လည်း ဂျော့ဂျ်တောင်း တက္ကသိုလ်တွင် သင်ကြားပို့ချခဲ့ဖူးသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မယ်ဒလင်းအောလ်ဘရိုက်၊ ကုလသမဂ္ဂဆိုင်ရာအမေရိကန် သံအမတ် ဂျိန်းခရစ်ပက်ထရစ်၊ အမျိုးသားလုံခြုံရေးအကြံပေး အန်ထိုနီလိတ်ခ်၊ CIA ညွှန်ကြားရေးမှူးဂျော့ဂျ် တင်းနက် တို့ လည်း လာရောက်ပို့ချခဲ့ကြသည်။ နိုင်ငံတကာကမှ စပိန်ဝန်ကြီးချုပ် ဂျို့စ် မာရီယာအက်ဇနာ၊ ဆော်ဒီသံအမတ် တာကီဘင် ဖိုင်ဆယ် အယ်လ် ဆော့၊ ကိုလံဘီယာသမ္မတ အယ်လ်ဗာရိုအူရီဘီ တို့လည်း ဂျော့ဂျ်တောင်းတက္ကသိုလ်တွင် စာပေပို့ချခဲ့ကြသည်။[13][14][15]
ဂျော့ဂျ်တောင်းတက္ကသိုလ်သည် "ကျောင်းသားဗဟိုပြု သုတေသနတက္ကသိုလ်" ဖြစ်သည်ဟု ကြွေးကြော်ထားသည်။[16] ကာနေဂျီအဆင့်မြင့် ပညာရေးအမျိုးအစားခွဲခြားမှု အင်စတီကျူးရှင်းက ဂျော့ဂျ်တောင်း တက္ကသိုလ်ကို "အလွန် အဆင်မြင့် သုတေသနလှုပ်ရှားမှုများ ဆောင်ရွက်သည်" ဟု သတ်မှတ်သည်။[17]
၂၀၁၄ ခုနှစ်တွင် အဆောက်အဦး ၇ ခုရှိ စာကြည့်တိုက်များအတွင်း ပုံနှိပ်စာအုပ်စာတမ်း ၃.၅ သိန်း၊ အီးဘုတ် ၁.၂၅ သန်းရှိပြီး လူအင်ဂျာစာကြည့်တိုက်တွင် အများစုရှိသည်။[18] ဥပဒေကျောင်းတွင်ရှိသော ဥပဒေစာကြည့်တိုက်သည် အမေရိကန်တွင် ပဉ္စမမြောက် အကြီးဆုံးစာကြည့်တိုက် ဖြစ်သည်။[19]
ဂျော့ဂျ်တောင်းတက္ကသိုလ်တွင် သုတေသနပေါင်း ရာချီ ပြုလုပ်လေ့ရှိသည်။ အထူးဦးစားပေးမှာ ဘာသာရေး၊ ကျင့်ဝတ်ဗေဒ၊ သိပ္ပံ၊ ပြည်သူလူထုမူဝါဒ၊ ကင်ဆာဆေးပညာတို့ ဖြစ်သည်။[20] ကိုလံဘီယာတက္ကသိုလ်၊ ဗာဂျီးနီးယားတက်ခ်တို့နှင့် ပူးတွဲပြုလုပ်သော သုတေသနများလည်း ရှိသည်။
ဂျော့ဂျ်တောင်းတက္ကသိုလ်၏ ဝင်ခွင့်မှာ ကျောင်းသားတွေအတွက် ခက်ခဲပြီး[21] ၂၀၁၄-၂၀၁၅ တွင် ကျောင်းလျှောက်လွှာ ၂ သောင်းအနက် ၁၆.၄ ရာခိုင်နှုန်းသာ ဝင်ခွင့်ရသည်။ ဖိက်စ် ကောလိပ်များ လမ်းညွှန် (Fiske Guide to Colleges) ၏ အဆိုအရ ဂျော့ဂျ်တောင်း တက္ကသိုလ်ဝင်ခွင့်သည် စတန်းဖို့ဒ် အပါအဝင် အဆင့်မြင့်ကျောင်းများ၏ ဝင်ခွင့်ထက် ပိုမိုခက်ခဲသည်ဟု ဆိုသည်။
၂၀၁၁ တွင် ဂျော့ဂျ်တောင်း ဆေးပညာကျောင်း ဝင်ခွင့်သည် ၃.၆ ရာခိုင်နှုန်း၊[22] ဥပဒေဌာနတွင် ၁၉ ရာခိုင်နှုန်း၊[23] MBA တွင် ၃၄.၉ ရာခိုင်နှုန်းသာ[24] အသီးသီးရှိသည်။
ဂျော့ဂျ်တောင်းတက္ကသိုလ်သည် ဝါရှင်တန် ဒီစီတွင် ကျောင်းပရိဝုဏ် ၄ ခုရှိသည်။ ဘွဲ့ကြို ပရိဝုဏ်၊ ဆေးပညာဌာန၊ စဉ်ဆက်မပြတ် လေ့လာရေးကျောင်းနှင့် ဥပဒေဌာနတို့ ဖြစ်သည်။ တခြားပရိဝုဏ်များမှာ ဗာဂျီးနီးယား၊ အာလင်တန်ရှိက လာရင်ဒန်တွင် တည်ရှိသော စဉ်ဆက်မပြတ် လေ့လာရေးနှင့် အဆင့်မြင့် ပညာရေးဌာနတို့ ဖြစ်သည်။ ကာတာနိုင်ငံ ဒိုဟာမြို့တွင် ပရိဝုဏ်တစ်ခု၊ တူရကီနိုင်ငံ၊ အာလန်ညာ မြို့တွင် ပရိဝုဏ်တစ်ခု၊ အီတလီနိုင်ငံ၊ ဖီဆိုလီမြို့တွင် ပရိဝုဏ် တစ်ခု ရှိသည်။
ဂျော့ဂျ်တောင်းတက္ကသိုလ်တွင် ကျောင်းသားများ ထုတ်ဝေသည့် သတင်းစာများ ရှိသည်။။ သည် ဟိုယာ (The Hoya) မှာ သက်တမ်းအရင့်ဆုံး ဖြစ်ပြီး ၁၉၂၀ ကတည်းက ထုတ်ဝေခဲ့သည်။[25] ၁၉၈၇ မှစတင်ကာ တစ်ပတ် ၂ ကြိမ် ထုတ်ဝေသည်။ ဂျော့ဂျ်တောင်းဗွိုက်စ်၊ ဂျော့ဂျ်တောင်းဥပဒေဂေဇက်၊ နိုင်ငံတကာရေးရာ ဂျော့ဂျ်တောင်း ဂျာနယ်၊ ဟာသစာစောင်ဖြစ်သော ဂျော့ဂျ်တောင်းဟက်ကလာနှင့် ဂွန်ဇို စသည်များလည်း ထုတ်ဝေကြသည်။
အစိုးရဌာနများသာမကာ ပြင်ပတွင်ပါ ကျော်ကြားထင်ရှားအောင်မြင်သော ဂျော့ဂျ်တောင်းတက္ကသိုလ်ထွက်များ အများအပြားရှိသည်။ ဂျော့ဂျ်တောင်းတက္ကသိုလ်မှ ဘွဲ့ရခဲ့သော ၆၁ ရာခိုင်နှုန်းသည် ချက်ချင်းအလုပ်ရရှိကြသည်။ တချို့မှာ ဘွဲ့လွန် ဆက်တက်ကြသည်။[26]
ထင်ရှားသော ကျောင်းဟားဟောင်းများမှာ အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန်၊ ကိုစတာရီကာ ခေါင်းဆောင် လော်ရာချင်ချီလာ၊ ဖိလစ်ပိုင် သမ္မတဂလိုရီယာမာကာပါဂယ် အာရိုယို၊ လက်ဘနွန် ခေါင်းဆောင် ဆာအဒ် ဟာရီရီ၊ အယ်လ် ဆာဗာဒိုခေါင်းဆောင် အဲလ်ဖရက်ဒိုခရစ်စတီယာနီတို့ ဖြစ်သည်။
စပိန်ဘုရင် ဖီလစ်ပီ၊ ဂျော်ဒန် ဘုရင် ဒုတိယမြောက် အဗဒူလာ၊ လူဇင်ဘတ် မင်းသားဂီလော်မီ၊ ဆော်ဒီမင်းသား တာကီဘင် ဖိုင်ဆယ် အယ် ဆော့၊ ဂရိနှင့် ဒိန်းမတ်ကမင်းသားများ ဂျော့ဂျ်တောင်းတက္ကသိုလ်ကို တက်ရောက်ခဲ့ဖူးကြသည်။
ကျောင်းဆင်းများအနက် အမေရိကန် ဆီးနိတ်တွင် ၆ ဦး၊ လွှတ်တော်တွင် ၁၃ ဦးရှိသည်။ ဂျော့ဂျ်တောင်း တက္ကသိုလ်တွင် မြန်မာ့အရေး ကျွမ်းကျင်သူ ဒေးဗစ် အိုင် စတိန်းဘာ့ဂ်လည်း ရှိသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.