From Wikipedia, the free encyclopedia
ဒီရေရောက်သစ်တော ခေါ် ဒီရေတောသည် လမုတောများ အစုအဖွဲ့တည်ရှိသည့် ကမ်းရိုးတန်းဒေသရှိ ရေဝပ်ဒေသ သို့မဟုတ် ရေတိမ်ဒေသ (wetland) များကို ခေါ်ဆိုသည်။[1][2] လမုပင်များသည် အေးခဲသော ရာသီဥတုကို ခံနိုင်ရည်မရှိသောကြောင့် အပူပိုင်းဒေသနှင့် သမပိုင်းဇုန်များတွင်သာ ရှင်သန်နိုင်ကြသည်။ လမုပင် မျိုးစိတ် ၈၀ ခန့်ရှိပြီး ယင်းအပင်များအားလုံးသည် အောက်ဆီဂျင်နည်းပါးသော မြေဆီလွှာတွင် ပေါက်ရောက်နိုင်ကြသည်။ ယင်းမြေဆီလွှာများသည် ရေစီး မပြင်းသောနေရာတွင် တည်ရှိပြီး အနည်များကို စုမိစေသည်။[3]
ဒီရေတောအများစုကို ယင်း၏ ထူထပ်သောအမြစ်များဖြင့် သတိပြုမိနိုင်သည်။ ယင်းအမြစ်များသည် နိစ္စဒူဝ ဒီရေအတက်အကျကို ကိုင်တွယ်ပေးနိုင်သည်။ အမြစ်များသည် ဒီရေအတက်အကျတွင် အနည်များ မျောပါမသွားအောင် ကာကွယ်ပေးသည်။ ဒီရေတောများသည် ကမ်းရိုးတမ်းဒေသတွင် ဒီရေလှိုင်းများ၊ ပြင်းထန်သော ရေ စီးကြောင်းများနှင့် မုန်တိုင်းများကြောင့် ဖြစ်ပေါ်လာသော မြေတိုက်စားမှု အန္တရာယ်မှ ကာကွယ်ပေးသည်။ ဒီရေတောများ၏ ယင်းအမြစ်စနစ်သည် ငါးများနှင့် အခြားသတ္တဝါများ၏ နားခိုရာအဖြစ်လည်း စွမ်းဆောင်ပေးသည်။[3]
ဒီရေတောများသည် ကုန်းမြေ၊ သမုဒ္ဒရာနှင့် လေထုကြားတွင် တည်ရှိပြီး ယင်းစနစ်၏ စွမ်းအင်စီးဆင်းမှုတွင် အရေးပါသည်။ ရေလွှမ်းမိုးမှု ကာကွယ်ရေး၊ အာဟာရနှင့် စွန့်ပစ်ပစ္စည်းများ ပြန်လည်အသုံးချရေး၊ စိုက်ပျိုးရေးတို့အတွက် ဂေဟစနစ်ဆိုင်ရာ လုပ်ငန်းများအတွက် ဒီရေတောများကို သုတေသန ပြုလုပ်ကြသည်။[4] ယင်းအပြင် ဒီရေတောများသည် ရာသီဥတု ပြောင်းလဲမှုကို နှေးကွေးစေသော ကာဗွန် သိုလှောင်မှု၏ ခရာကျသော စနစ်တခုလည်း ဖြစ်သည်။[5][6]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.