ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
From Wikipedia, the free encyclopedia
ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (အင်္ဂလိပ်: Deputy Commander in Chief of Defence Services)သည် မြန်မာ့တပ်မတော်၏ ဒုတိယအဆင့်အမြင့်ဆုံး ရာထူးဖြစ်သည်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြီးလျှင် ဒုတိယနေရာ၌ တည်ရှိသည်။အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ တွင် အဖွဲ့ဝင်အဖြစ် ပါဝင်သည်။[2]ယခင်က ဒုတိယစစ်ဦးစီးချုပ်ဟု ခေါ်ဝေါ်ခဲ့သည်။ လက်ရှိတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) လည်းဖြစ်သည်။ ယခုလက်ရှိ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဖြစ်သည်။ လက်ရှိအချိန်တွင် ကာကွယ်ရေးဌာနကောင်စီ ညွှန်ကြားလွှာ ၁/၂၀၂၁အရ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သက်တမ်းကို ကန့်သတ်ထားခြင်း မရှိပေ။[3]
ဤဆောင်းပါးသည် မြန်မာ့တပ်မတော်မှ ရာထူးတာဝန်နှင့် သက်ဆိုင်သောဆောင်းပါး ဖြစ်ပြီး၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အား ကိုယ်စားမပြုပါ။ |
အချက်တိုများ မြန်မာနိုင်ငံ ၏ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်, အမျိုးအစား ...
မြန်မာနိုင်ငံ ၏
ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် | |
---|---|
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အလံတော်[1] | |
တပ်မတော် | |
အမျိုးအစား | စစ်ဘက်ဆိုင်ရာ ရာထူး |
အဖွဲ့ဝင် | အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ |
အစီရင်ခံရသူ | တပ်မတော်ကာကွယ်ရေးဦးစီးချုပ် |
စံအိမ် | ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် နေအိမ်၊ စစ်ရုံး၊ နေပြည်တော် |
ရုံးတည်နေရာ | ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ စစ်ရုံး၊ နေပြည်တော် |
ခန့်အပ်သူ | သမ္မတ |
ယခင် | ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး |
အခြားအမည် | ဒုချုပ်၊ ဒုချုပ်ကြီး၊ ဒုတပ်ချုပ်၊ ဒုတပ်မတော်ဦးစီးချုပ် |
အဆင့် / တံဆိပ် အဆောင်အယောင်များ | |
ဒုတိယဗိုလ်ချုပ်မှူးကြီး |
ပိတ်ရန်