တပ်မတော်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အမျိုးသားကာကွယ်ရေးအင်အားစု / From Wikipedia, the free encyclopedia
မြန်မာ့တပ်မတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လက်နက်ကိုင်တပ်ဖွဲ့(စစ်တပ်) ၏ တရားဝင်အမည်ဖြစ်သည်။ တပ်မတော်ကို ကာကွယ်ရေးဝန်ကြီးဌာန မှ ထိန်းချုပ်ပြီး တပ်မတော် (ကြည်း)၊ တပ်မတော် (ရေ) နှင့် တပ်မတော် (လေ) ဟူသော တပ်မတော်တပ်ဖွဲ့ကြီး(၃)ခုဖြင့် ဖွဲ့စည်းထားသည်။ ၂၀၁၁ ခုနှစ်မှစတင်ပြီး တပ်မတော်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ လက်အောက်တွင် တိုက်ရိုက်ထားရှိပြီး ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် အစိုးရအဖွဲ့နှင့် ပတ်သက်သော တပ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုများ ပြုလုပ်ရသည်။
မြန်မာ့တပ်မတော် (Myanmar Armed Forces) တပ်မတော် | |
---|---|
တပ်မတော် အလံတော် | |
ဆောင်ပုဒ် | ရဲသော် မသေ၊ သေသော် ငရဲမလား။ |
တည်ထောင် | ၂၇ မတ် ၁၉၄၅ (၇၉ နှစ် အကြာက) (၁၉၄၅-၀၃-27) (နှစ်ပတ်လည်နေ့ သတ်မှတ်ထားသည့် ရက်စွဲ)[2] |
တပ်ဖွဲ့ခွဲများ | |
ဌာနချုပ် | စစ်ရုံး၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ |
ခေါင်းဆောင်မှု | |
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
ကာကွယ်ရေးဝန်ကြီး | ရေတပ်ဗိုလ်ချုပ်ကြီး တင်အောင်စန်း |
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် | ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း |
လူအင်အား | |
သက်တမ်း | 79 နှစ်၊ 2 လ နှင့် 5 ရက် (စိန်ရတုသက်တမ်းအလွန်) |
စစ်မှုထမ်းနိုင်သည့် အင်အား | ၁၄,၇၄၇,၈၄၅၊ အမျိုးသား၊ အသက် (၁၈ - ၆၀) နှစ် (၂၀၁၀ ခန့်မှန်းချက်)၊ ၁၄,၇၁၀,၈၇၁၊ အမျိုးသမီး၊ အသက် (၁၈ - ၆၀) နှစ် (၂၀၁၀ ခန့်မှန်းချက်) |
စစ်မှုထမ်းရန် သင့်တော်သည့် အင်အား | ၁၀,၄၅၁,၅၁၅၊ အမျိုးသား၊ အသက် (၁၈ - ၆၀) နှစ် (၂၀၁၀ ခန့်မှန်းချက်)၊ ၁၁,၁၈၁,၅၃၇၊ အမျိုးသမီး၊ အသက် (၁၈ - ၆၀) နှစ် (၂၀၁၀ ခန့်မှန်းချက်) |
နှစ်စဉ်စစ်မှုထမ်းအသက် ရောက်ရှိမှု | ၅၂၂,၄၇၈၊ အမျိုးသား (၂၀၁၀ ခန့်မှန်းချက်)၊ ၅၀၆,၃၈၈၊ အမျိုးသမီး (၂၀၁၀ ခန့်မှန်းချက်) |
လက်ရှိ အမှုထမ်း | ၄၀၆,၀၀၀၊ (အဆင့် ၉) |
အရံ အင်အား | ၇၂,၀၀၀ (စစ်ရေးအရန်အင်အားစုများ) |
အသုံးစရိတ်များ | |
ဘက်ဂျက် | $၂.၄ ဘီလီယံ (၂၀၁၄) |
GDP ရာခိုင်နှုန်း | ၄ % (၂၀၁၄) |
စက်ရုံများ | |
ပြည်တွင်း ထောက်ပံ့မှု | ကာကွယ်ရေးပစ္စည်းစက်ရုံများ |
ပြည်ပထောက်ပံ့မှု | |
ဆက်စပ်ဆောင်းပါးများ | |
သမိုင်း | မြန်မာ့တပ်မတော်သမိုင်း |
ရာထူးအဆင့်များ | မြန်မာ့စစ်ဘက် ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များ |
လွှတ်တော်အမတ်နေရာများ | |
---|---|
အမျိုးသားလွှတ်တော်အမတ်နေရာ | ၅၆ / ၂၂၄
|
ပြည်သူ့လွှတ်တော် အမတ်နေရာ | ၁၁၀ / ၄၄၀
|
လွတ်လပ်ရေးရပြီးသည်မှစ၍ ယခုထိ တပ်မတော်သည် ကချင်၊ ကရင်၊ ကယား၊ ရှမ်းစသော ပြည်နယ်များ၌ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ တော်လှန်မှုများကို ရင်ဆိုင်ရလေ့ရှိသည်။ ဗိုလ်ချုပ်နေဝင်း ၁၉၆၂ အာဏာသိမ်းပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ဟူ၍ သာယာဝပြောသော လူ့ဘောင်သစ်ကို တည်ဆောက်ရန်ကြိုးပမ်းခဲ့သည်။ ရှစ်လေးလုံး အရေးအခင်းကြီးကို ပြင်းထန်စွာနှိပ်ကွပ်ပြီးနောက် တပ်မတော်သည် ၁၉၉၀ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍တရားမျှတမှုရှိသော ရွေးကောက်ပွဲတစ်ခုကျင်းပရန် သဘောတူ ကျင်းပပေးခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရရှိသောအခါ ထိုရလဒ်အား လျစ်လျူရှုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချခဲ့သည်။[3]
၂၀၀၈ခုနှစ် တွင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဋ္ဌာန်းကာ ၂၀၁၀ခုနှစ် ၌ တပ်ထောက်ခံပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို အာဏာရစေခဲ့၏။ ၂၀၁၅ခုနှစ် တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ပြိုကမ်းပြိုနိုင်ခဲ့ကာ[4] ၂၀၂၀ခုနှစ် ရွေးကောက်ပွဲတွင်လည်း အလားတူ အနိုင်ရရှိပြန်သည်။ ၂၀၂၀ တွင် ကြံခိုင်ရေးပါတီက ရှုံးနိမ့်ခဲ့ပြီးနောက် တပ်မတော်သည် ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်း၍ မဲမသမာသည်ဟု အကြောင်းပြချက်ဖြင့် အာဏာသိမ်းယူခဲ့သည်။ တပ်မတော်သည် လူမျိုးတုံးသတ်ဖြတ်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားခြင်း၊ ပြည်သူများကို သတ်ဖြတ်ခြင်းများ အပါအဝင် လူ့အခွင့်ရေးဖောက်ဖျက်မှုများကြောင့် နိုင်ငံတကာအဖွဲ့အစည်းများက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ပြစ်တင်ခဲ့ကြသည်။[5][6][7][5][8][9]
မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)အရ တပ်မတော်သည် လွတ်လပ်သော စီမံခန့်ခွဲမှုရှိသော်လည်း နိုင်ငံတော်သမ္မတ ဦးဆောင်သော အဖွဲ့ဝင် (၁၁) ဦးပါဝင်သည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ လက်အောက်တွင် မူဝါဒအရ ကွပ်ကဲမှုကို ခံယူရသည်။[10] ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ(ခ) ပါ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့ အတွင်းရေးမှူးသည် ရာထူးအလျောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အတွင်းရေးမှူး ဖြစ်သည်။[11]