နင်ဂျာ
ဂျပန်ပဒေသရာဇ်ခေတ်မှ လျှို့ဝှက်အေးဂျင့် သို့မဟုတ် ကြေးစား / From Wikipedia, the free encyclopedia
နင်ဂျာ (ninja) သို့မဟုတ် ရှီနိုဘီ (Shinobi) သည် ဂျပန်ပဒေသရာဇ်ခေတ် မှ လျှို့ဝှက်အမှုဆောင် သို့မဟုတ် ကြေးစား တစ်မျိုးဖြစ်သည်။ နင်ဂျာ၏ လုပ်ဆောင်မှုများတွင် သူလျှိုလုပ်ခြင်း ၊ လှည့်စားခြင်းနှင့် အံ့အားသင့်စရာ တိုက်ခိုက်မှုများပါဝင်သည်။ [1] သူတို့၏ ပုံမှန်မဟုတ်သော စစ်ဆင်ရေးများကို လျှို့ဝှက်နည်းလမ်းများသုံး၍ ပြုလုပ်ခဲ့ခြင်းသည် ဆာမူရိုင်း များ၏ ဂုဏ်သိက္ခာအောက်နိမ့်ကျပြီး ဂုဏ်သရေမဲ့သောလုပ်ရပ်ဟု မှတ်ယူခဲ့ကြသည်။ [2] အထူး လေ့ကျင့်သင်ကြားထားသော သူလျှိုနှင့်ကြေးစားများ ဖြစ်သော ရှိနော့ဘိ အစစ်များသည် ၁၅ ရာစု ဆန်ဂိုးကု ခေတ်အတွင်း ပေါ်ပေါက်ခဲ့သော်လည်း ယခင် အစောပိုင်း ၁၂ ရာစုကတည်းက အလားတူ နင်ဂျာများ ရှိခဲ့ကြသည်။ [3] [4]
ဆန်းဂိုးကုခေတ် မငြိမ်မသက် ဖြစ်နေစဉ်တွင် အိဂါပြည်နယ် နှင့် ကိုးဂါ ကျေးရွာ ပတ်ဝန်းကျင်တို့တွင် ကြေးစားများနှင့် စပိုင်များ ခြေချင်းလိမ်နေခဲ့ကြပြီး ထိုဒေသများမှ နင်ဂျာနှင့် ပက်သတ်သော သိကောင်းစရာ များစွာရရှိခဲ့သည်။ ၁၇ ရာစုတွင် တိုကူဂါဝါရှိုးဂန်းနိတ် လက်အောက်တွင် ဂျပန်ကိုပေါင်းစည်းလိုက်သောအခါ နင်ဂျာတို့သည် မှေးမှိန် ပျောက်ကွယ် သွားခဲ့သည်။ [5] ၁၇ ရာစုနှင့် ၁၈ ရာစုနှစ်များတွင် တရုတ် စစ်ရေး အတွေးအခေါ် အပေါ် မကြာခဏ အခြေခံ၍ ရေးသားလေ့ရှိသော ရှီနိုဘီ လက်စွဲစာအုပ်အများစုရှိပြီး နာမည်ကျော်သော စာအုပ်မှာ ဘန်ဆန်ရှူကိုင်း (၁၆၇၆) ဖြစ်သည်။ [6]
မေဂျီ ပြန်လည် ထူထောင်ခြင်း ခေတ် (၁၈၆၈) အချိန် တွင် ရှီနိုဘီ တို့သည် ဂျပန်တွင်လူကြိုက်များသော စိတ်ကူးယဉ် နှင့် လျှို့ဝှက်သည်းဖို ဇာတ်လမ်းများ ဖြစ်လာခဲ့သည်။ နင်ဂျာ များအား ဒဏ္ဍာရီများ နှင့် ရိုးရာပုံပြင်များတွင် ထင်ရှားစွာထည့်သွင်းခဲ့ကြသည်။ ၎င်းတို့သည် ကိုယ်ဖျောက်နိုင်ခြင်း ၊ ရေပေါ် လမ်းလျှောက်ခြင်းနှင့် သဘာဝဒြပ်စင်များကို ထိန်းချုပ်ခြင်း စသည့် ဒဏ္ဍာရီဆန်သော စွမ်းအင်များ နှင့် ဆက်စပ်နေသည်။ အကျိုးဆက်အားဖြင့် ရေပန်းစားလူကြိုက်များသော ယဉ်ကျေးမှုများတွင် သူတို့အားမြင်သောအမြင်မှာ ဆန်ဂေါ့ကုခေတ်က လျှို့ဝှက်လူသားများထက် ထိုသို့သော ဒဏ္ဍာရီ နှင့် ရိုးရာပုံပြင်များ အပေါ်တွင် အခြေခံသည်။