From Wikipedia, the free encyclopedia
နရောတ္တမ သုရာမြိတ(ခမာ: នរោត្តម សុរាម្រិត ၊ ၁၈၉၆ မတ် ၆ – ၁၉၆၀ ဧပြီ ၃)သည် ၁၉၅၅ခုနှစ် မတ်လ ၃ရက် မှ ၁၉၆၀ခုနှစ်တွင်ကွယ်လွန်ချိန်အထိ ကမ္ဘောဒီးယားဘုရင်ဖြစ်ခဲ့သည်။ သူသည် ဘုရင် နရောတ္တမ သီဟနု၏ ဖခမည်းတော်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံ၏ လက်ရှိဘုရင် နရောတ္တမ သီဟမုနီ၏ ဘိုးတော်မင်းတရားဖြစ်သည်။
နရောတ္တမ သုရာမြိတ | |
---|---|
နရောတ္တမ သုရာမြိတ၏ ရုပ်တုတော် | |
ကမ္ဘောဒီယား ဘုရင် | |
နန်းသက် | ၁၉၅၅ မတ် ၃ – ၁၉၆၀ ဧပြီ ၃ |
နန်းတက်ချိန် | ၁၉၅၆ မတ် ၆ |
ရှေ့မင်းဆက် | နရောတ္တမ သီဟနု |
နောက်မင်းဆက် | Chuop Hell (acting) as Head of State |
Prime ministers | See list
|
မွေးဖွား | ဖနွမ်းပင်မြို့, Cambodia, French Indochina | ၆ မတ်၊ ၁၈၉၆
ကွယ်လွန် | ၃ ဧပြီ၊ ၁၉၆၀ ၆၄) Khemarin Palace, ဖနွမ်းပင်မြို့, Cambodia | (အသက်
ထာဝရ အိပ်စက်ရာ နေရာ | Wat Preah Keo Morakot, Royal Palace၊ ဖနွမ်းပင်မြို့၊ ကမ္ဘောဒီးယား |
အိမ်ထောင်ဖက် | Sisowath Kossamak (လက်ထပ် 1920) |
သားသမီးများ | နရောတ္တမ သီဟနု Norodom Vichara Norodom Sirivudh Norodom Preyasophon |
စံအိမ် | Norodom |
ခမည်းတော် | Norodom Sutharot |
မယ်တော် | Norodom Phangangam |
ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
သုရာမြိတသည် ဖနွမ်းပင်မြို့တွင် မင်းသား Norodom Sutharotမှ ဖွားမြင်သည်။ ၁၉၀၄ ခုနှစ်တွင် သူ၏အဘိုး နရောတ္တမဘုရင် ကွယ်လွန်သောအခါ နရောတ္တမ၏ ညီတော် Sisowath သည် ထီးနန်းကို သိမ်းပိုက်ခဲ့သည်။ ၁၉၂၇ခုနှစ်တွင် Sisowathမင်း ကွယ်လွန်ခဲ့ပြီး သားတော် Monivong နန်းတက်ခဲ့သည်။
သုရာမြိတသည် Monivong၏သမီး Sisowath Kosmakနှင့် ထိမ်းမြားလက်ထပ်ခဲ့သည်။ ၁၉၄၁ခုနှစ် Monivong ကွယ်လွန်သောအခါ သုရာမြိတ၏ သားတော် နှင့် Monivong၏ မြေးတော်ဖြစ်သော သီဟနုအား ဘုရင်အသစ်အဖြစ် ရွေးချယ်ခဲ့သည်။ ၁၉၅၅ခုနှစ်တွင် သီဟနုသည် ဖခင်၏ မျက်နှာသာဖြင့် နန်းစွန့်ခဲ့သည်။ သူ၏ သက်တော် ၆၀ ပြည့်မွေးနေ့နှင့် တိုက်ဆိုင်သော ၁၉၅၆ ခုနှစ် မတ်လ ၆ ရက်နေ့တွင် သရဖူကို တရားဝင် ချီးမြှင့်ခဲ့သည်။[1]
၁၉၆၀ခုနှစ်တွင် သုရာမြိတကွယ်လွန်ပြီးနောက် သီဟနုသည် နိုင်ငံတော်အကြီးအကဲ ဖြစ်လာခဲ့ပြီး သုရမြိတ၏ဇနီး Sisowath Kosamakသည် ဘုရင်မဖြစ်လာခဲ့သည်။ သုရာမြိတ၏ ဘွဲ့တော်မှာ Preah Karuna Preah Norodom Suramarit Preah Moha Kachanakkot (ព្រះ មហាសុ ព្រះករុណាព្រះនរោត្តមសុម្រិត ព្រះមហាកាញ្ចនកោដ្ឋ រត្ត មហាកា កោ)ဖြစ်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.