နိုင်ငံတကာ အာကာသ စခန်း
ကမ္ဘာပတ်လမ်း အနိမ့်ရှိ အာကာသစခန်း / From Wikipedia, the free encyclopedia
နိုင်ငံတကာ အာကာသ စခန်း (International Space Station, ISS) သည် ကမ္ဘာ့မျက်နှာပြင်အထက် ကီလိုမီတာ ၂၀၀၀ အထက် ပတ်လမ်းနိမ့်ပေါ် လွှတ်တင် တပ်ဆင်ထားသည့် နိုင်ငံတကာ သုတေသန အဆောက်အအုံ တစ်ခုဖြစ်သည်။ ယင်းအား သာမန်မျက်စိဖြင့် မြင်နိုင်သည်။[1][2] ၁၉၉၈ ခုနှစ်တွင် စတင် တပ်ဆင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် အဆုံးသတ်မည်ဟု လျာထားပြီး ၂၀၁၅ ခုနှစ် အထိ လည်ပတ် စေနိုင်မည်ဟု ခန့်မှန်းရသည်။ [3][4]
လက်ရှိ အာကာသ စခန်းသည် ယခင်စခန်းများထက် ကန့်လန့်ဖြတ်အလျား ပိုမိုရှည်လျားပြီး လက်ရှိ ကမ္ဘာကို လည်ပတ်နေသည့် ဂြိုဟ်တုဖြစ်ကာ သာမန်မျက်လုံးဖြင့် မြင်နိုင်သည်။ [5] သိပ္ပံပညာရှင်များသည် နိုင်ငံတကာ အာကာသ စခန်းကို ဆွဲငင်အား လွန်စွာ နည်းပါးသည့် မိုက်ခရို ဂရဗ်ဗီတီ (microgravity) ဓာတ်ခွဲခန်းတစ်ခုအဖြစ် အသုံးချကာ ဇီဝဗေဒ၊ ဇီဝကမ္မဗေဒ၊ ဓာတုဗေဒ၊ ရူပဗေဒနှင့် ဆေးဝါးဆိုင်ရာ စမ်းသပ်မှုများကို လုပ်ဆောင်ကြသည်။ အာကာသနှင့် မိုးလေဝသကို စောင့်ကြည့် လေ့လာကြသည်။ [6][7]