ရူပဗေဒ
From Wikipedia, the free encyclopedia
ရူပဗေဒ၏ အင်္ဂလိပ်စကားလုံး Physics သည် ရှေးဟောင်းဂရိ: φυσική (ἐπιστήμη), ရောမအက္ခရာ: phusikḗ (epistḗmē), lit. 'သဘာဝဆိုင်ရာ အသိပညာ' နှင့် φύσις phúsis "သဘာဝ"[1][2] တို့မှ ဆင်းသက်လာသည်။
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။(23 Jul 2021) |
ရူပဗေဒသည် သဘာဝတရား၏ သိပ္ပံပညာ ဖြစ်ပြီး စကြဝဠာ၏ အခြေခံပစ္စည်းများအကြောင်း၊ ၎င်းတို့၏ တစ်ခုပေါ်တစ်ခု အားသက်ရောက်မှုနှင့် အပြန်အလှန်ဆက်နွယ်နေမှု ၎င်းတို့မှရလာသော အဆုံးသတ်ဖြစ်ပေါ်ချက်များကို ကိုင်တွယ်ဖြေရှင်းသော ဘာသာရပ်ဖြစ်သည်။
ရူပဗေဒ (Physics) သည် ဒြပ်ဝတ္တုများ နှင့် လှုပ်ရှားမှုများကို လေ့လာသော ဘာသာရပ်ဖြစ်သည်။ ရူပဗေဒသည် နေရာ နှင့် အချိန်ကိုလည်း လေ့လာသည်။ ရူပဗေဒသည် စွမ်းအင်၊ အား၊ ဝတ္တု နှင့် လျှပ်စစ်ဓာတ် ကို အသုံးပြုသည်။ ခြုံငုံပြောရလျှင် ရူပဗေဒသည် သဘာဝကို လေ့လာဆန်းစစ်မှုဖြစ်ပြီး ကျွန်ုပ်တို့၏ ပတ်ဝန်းကျင် အားလုံးကို နားလည်ရန်ပင်ဖြစ်သည်။
ရူပဗေဒဆိုသော စကားလုံးသည် ပါဠိဘာသာစကားမှ ဆင်းသက်လာခြင်းဖြစ်သည်။ (ရူပ = ရုပ်၊ ဗေဒ=ပညာ)ရုပ်ဝတ္ထုတွေအကြောင်း လေ့လာသော ပညာဟု အဓိပ္ပာယ်ဆောင်သည်။ ရူပဗေဒ၏ အဓိပ္ပာယ်ကို မြန်မာလို တိုက်ရိုက်ဖွင့်ဆိုပါက (ရူပ = ရုပ်ဝတ္တု၊ ဗေဒ = ခွဲခြမ်း စိတ်ဖြာသော ပညာ) ရုပ်ဝတ္တုများကို ခွဲခြမ်းစိတ်ဖြာ၍ လေ့လာသော ပညာရပ်ဟု ဆိုလိုသည်။ တနည်းအားဖြင့် သဘာဝသိပ္ပံပညာ ဖြစ်သည်။
တစ်နည်းမဟုတ် တစ်နည်းဖြင့် ရူပဗေဒသည် ရှေး အလွန်ကျလှပြီး နက္ခတ္တဗေဒထက်ပင် ရှေးကျပေလိမ့်မည် ဖြစ်ပြီး တစ်ခါတစ်ရံ ဖီလိုဆိုဖီ၊ ဓာတုဗေဒ တို့ အသွင်ဆောင်ကာ နောက်ပိုင်း ကာလများတွင် သင်္ချာ နှင့် ဇီဝဗေဒ တို့၏ ဂိုဏ်းကွဲ ပင် ဆောင်ပြီးနောက် ၁၆ ရာစုတွင် ရူပဗေဒသည် ခေတ်သစ် ရူပဗေဒ အဖြစ် ပေါ်ပေါက်လာခဲ့ပြီး ယခုတွင် ရူပဗေဒ ဘာသာရပ် အဖြစ် သီးသီးခြားခြား ကန့်သက်နိုင်သော အဆင့်ရောက်သော်လည်း အခြားဘာသာရပ်များ၏ လေ့လာမှု ကဏ္ဍနှင့်ကား ကွဲခြားရန် ခက်ခဲလှပေသေးသည်။
များသောအားဖြင့် ရူပဗေဒကို အရေးကြီးသော ဘာသာရပ် အဖြစ် သိမြင်ကြပြီး ရူပဗေဒ တိုးတက်မှုကို နည်းပညာ ပိုင်းဆိုင်ရာ တို့တွင် တိုက်ရိုက် တွေ့နိုင်သလို၊ တခါတရံ အခြား ဘာသာရပ်များသို့ ပြန့်နှံ့ရာတွင် သင်္ချာ နှင့် ဖီလိုဆိုဖီ တို့တွင်ပါ ပြန့်နှံ့သွားတက်သည်။ ဥပမာအားဖြင့် လျှပ်စစ်သံလိုက် နားလည်တိုးတက်မှုတွင် ရုပ်မြင်သံကြား၊ ကွန်ပျူတာ၊ စသည့် ပစ္စည်း ကိရိယာ များ ပေါ်ထွက်လာခဲ့သလို သာမိုဒိုင်းနမိုက် တိုးတက်မှုတွင် စက်ဆွဲယာဉ်များ ပေါ်ထွက်လာခဲ့သလို မက္ကင်းနစ် နားလည်တိုးတက်မှုတွင် ကဲကုလပ် နှင့် ကွန်တမ် ဓာတု ပေါ်ထွန်းစေခဲ့ပြီး အဏုဇီဝ တွင် သုံးသော အီလက်ထရွန် မိုက်ခရိုစကုပ် ပေါ်ပေါက်ခဲ့သည်။
ယနေ့ခေတ်တွင် ရူပဗေဒသည် အလွန်ကျယ်ပြန့်ပြီး အဆင့်မြင့်သော ဘာသာရပ် ဖြစ်ကာ လက်တွေ့ကျကျ လေ့လာရာတွင် ဂိုဏ်းကွဲ များစွာရှိသည်။ ထို့အပြင် သဘောအားဖြင့် ရူပဗေဒကို သီအိုရီ နှင့် လက်တွေ့ ဟူ၍ ကွဲနိုင်သည်။ သီအိုရီ တွင် သီအိုရီ အသစ်ရရေးကြိုးပမ်းပြီး လက်တွေ့တွင် သီအိုရီ အသစ်/အဟောင်း တို့ကို မှန်မမှန်ဆန်းစစ်သည်။ လွန်ခဲ့သော ရာစုနှစ် လေးခု လောက်ကတည်းက အလွန် တိုးတက်လာခဲ့သော်လည်း သဘာဝ ဖြစ်ရပ်များစွာကို အဖြေမပေးနိုင်သေးပဲ ရူပဗေဒသည် သွက်သွက်လက်လက် လှုပ်ရှားလျက် ရှိသည်။