From Wikipedia, the free encyclopedia
နံ့သာနီ (အင်္ဂလိပ်: Red sandalwood) (Pterocarpus santalinus) သည် အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် ပေါက်ရောက်သော အပင်မျိုးစိတ်တခုဖြစ်သည်။[1][3] အပင်သည် ယင်း၏သစ်သားအနီရောင်ကြောင့် တန်ဖိုးရှိသည်။ နံ့သာနီပင်သည် ၈ မီတာ (၂၆ ပေ) အထိရှည်ကာ လုံးပတ် ၅၀ မှ ၁၅၀ စင်တီမီတာအထိ ကြီးထွားနိုင်သည်။ အပင်ငယ်ရွယ်စဉ်တွင် ကြီးထွားနှုန်းမြန်ပြီး ၃ နှစ်အတွင်း ၅ မီတာ (၁၆ ပေ) အထိ ရောက်ရှိနိုင်သည်။ နှင်းဒဏ်ကို မခံနိုင်သောအပင်ဖြစ်ပြီး အပူချိန် အနှုတ် ၁ ဒီဂရီ စင်တီဂရိတ်တွင် အပင်သေဆုံးသည်။
Pterocarpus santalinus | |
---|---|
in Talakona forest, in Chittoor District of Andhra Pradesh, India. | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Rosids |
မျိုးစဉ်: | Fabales |
မျိုးရင်း: | Fabaceae |
မျိုးရင်းသေး: | Faboideae |
မျိုးဇာတ်: | Dalbergieae |
မျိုးစု: | Pterocarpus |
မျိုးစိတ်: | P. santalinus |
ဒွိနာမ | |
Pterocarpus santalinus | |
Synonyms[2] | |
|
စန္ဒကူးသစ်သည် Santalum ရှိသစ်ပင်များမှ သစ်သားအမျိုးအစားဖြစ်သည်။ သစ်အမျိုးအစားများသည် လေးလံသော၊ အဝါရောင်နှင့် အစင်းကြောင်းများပါရှိသော ဤ အမျိးအစားများဝည် အခြားရနံ့ရှိသောသစ်သားများနှင့်မတူဘဲ ၎င်းတို့သည် ၎င်းတို့၏ရနံ့ကို ဆယ်စုနှစ်များစွာကြာအောင် ထိန်းသိမ်းထားသည်။ စန္ဒကူးဆီ ကို ဤအပင်မှ အသုံးပြုရန်အတွက် ထုတ်ယူသည်။ စန္ဒကူးပင်သည် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးသစ်များထဲမှ တစ်ခုအဖြစ် မကြာခဏ ညွှန်းဆိုလေ့ရှိသည်။ သစ်သားနှင့်ဆီ နှစ်မျိုးလုံးသည် ရာစုနှစ်များစွာကတည်းက တန်ဖိုးကြီးမားသည့် ထူးခြားသောရနံ့ကို ထုတ်ပေးသည်။ အကျိုးဆက်အနေဖြင့် ဤကြီးထွားမှုနှေးကွေးသောသစ်ပင်မျိုးစိတ်အချို့သည် ယခင်က အလွန်အကျွံသစ်ထုတ်ယူ ခြင်းကို ကြုံတွေ့ခဲ့ရသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.