တောင်Koreaသရုပ်ဆောင် From Wikipedia, the free encyclopedia
ပတ်ဘိုဂွံ (ကိုရီးယား: 박보검; ၁၆ ဇွန် ၁၉၉၃ မွေး) သည် တောင်ကိုရီးယားသရုပ်ဆောင်တဦး ဖြစ်ပြီး Hello Monster(၂၀၁၅)၌ စိတ္တဇရှေ့နေအဖြစ်လည်းကောင်း၊ Reply 1988 (၂၀၁၅)၌ ဉာဏ်ကြီးရှင် ဂိုကစားသမားအဖြစ်လည်းကောင်း၊ Love in the Moonlight (၂၀၁၆)၌ ဂျိုဆွန်အိမ်ရှေ့စံအဖြစ်လည်းကောင်း ပြောင်မြောက်စွာ သရုပ်ဆောင်နိုင်၍ ချီးမွမ်းမှု ခံရသည်။
Park Bo-gum | |||||||||||
---|---|---|---|---|---|---|---|---|---|---|---|
In June 2016 | |||||||||||
မွေးဖွား | ဆိုးလ်မြို့၊ တောင်ကိုရီးယား | ဇွန် ၁၆၊ ၁၉၉၃||||||||||
ပညာရေး | Myongji University (Film and Musical Studies) | ||||||||||
အလုပ်အကိုင် | ရုပ်ရှင်သရုပ်ဆောင်
| ||||||||||
ကိုယ်စားလှယ် | Blossom Entertainment | ||||||||||
ဝက်ဘ်ဆိုဒ် | BOGUMMY | ||||||||||
|
ပတ်သည် ကေဘီအက်စ်မှ ချီးမြှင့်သော သရုပ်ဆောင်ထူးချွန်ဆုကို ရသည်သာမက အခြားဆုပေါင်းများစွာကိုလည်း ရရှိခဲ့သည်။ ၂၀၁၆ ၌ Gallup Korea မှ တနှစ်တာ သရုပ်ဆောင်အဖြစ် သတ်မှတ်ခံရပြီး စစ်တမ်း၌ ပထမဆုံး ပါဝင်လာသော အငယ်ဆုံး သရုပ်ဆောင်ဖြစ်လာသည်။
၁၆ ဇွန် ၁၉၉၃ ဆိုးလ်၌ မွေးသော ပတ်သည် မွေးချင်းသုံးဦးအနက် အငယ်ဆုံးဖြစ်သည်။ ဘိုဂမ်(အသံဖလှယ်ခြင်းမှားနေပါက ပြင်ပေးပါ)ဟူသည်မှာ ခရစ်ယာန်ဘုန်းတော်ကြီးက မှည့်ပေးထားခြင်း ဖြစ်ပြီး ရတနာဓားဟူသတည်း။ သူ လေးတန်း၌ မိခင်ကွယ်လွန်သည်။ အသက်ငါးနှစ်နှင့် ပီယာနိုကို စတင်သင်ယူပြီး ဘုရားကျောင်း၌ ဓမ္မတေးအဖွဲ့ဝင်လည်း ဖြစ်သည်။ [1]
ဆိုးလ် မို့ဒုံအလယ်တန်းကျောင်းရေကူးအသင်း၌ ပါသည်။[2][3] အထက်တန်းဒုတိယနှစ်တွင် ထင်ရှားသော တေးလင့်အေဂျင်စီများသို့ ပီယာနိုကိုယ်တိုင်တီး၊ ကိုယ်တိုင်ဆိုထားသော ဗီဒီယိုကို ပို့ခဲ့ရာ၊ ကမ်းလှမ်းမှုများစွာ ရရှိသည်။[4]မူလက အဆိုတော် သီချင်းရေးဆရာ ဖြစ်ချင်ခဲ့သော်လည်း၊ သရုပ်ဆောင်ပိုင်း၌ တော်လိမ့်မည်ဟူသော အကြံပြုချက်ကြောင့် သူ့အနုပညာလမ်းကြောင်း ပြောင်းလဲသွားလေသည်။[5][6] ၂၀၁၂ ၌ ရှင်မို့အထက်တန်းကျောင်း အောင်ပြီးလျှင်၊ ၂၀၁၄ မတ်၌ မြောင်ဂျီတက္ကသိုလ်၏ ရုပ်ရှင်နှင့် တေးဂီတပညာ တက်ရောက်ရန် စာရင်းသွင်းခဲ့သည်။[7] နောက်တနှစ်တွင် တက္ကသိုလ်ကိုယ်စားပြု နိုင်ငံရပ်ခြားယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်ဖြင့် အင်္ဂလန်၊ ပြင်သစ်၊ အီတလီနှင့် ဆွစ်ဇာလန်ရှိ မြို့များသို့ ခရီးသွားခဲ့ရသည်။[8]
သည်းထိတ်ရင်ဖို Blind (၂၀၁၁)၌ ဇာတ်ရံအဖြစ် Sidus HQ လက်အောက်မှ သရုပ်ဆောင်အဖြစ် ပွဲဦးထွက်လာသည်။ [9][10] နောက်တွင် ပန်းပွင့်ဖျော်ဖြေရေးနှင့် ဆက်သွယ်ပြီး အက်ရှင်ဟာသရုပ်ရှင် Runway Cop (၂၀၁၂)၊ Still Picture(၂၀၁၂)နှင့် Bridal Mask (၂၀၁၂)တို့၌ ပါခဲ့သည်။[11][12] ၂၀၁၃ ၌ ပလေးဘွိုင်း ဘေဂျုံးအို့ ဇာတ်ရုပ်ဖြင့် Wonderful Mama ၌ ပထမဆုံးခေါင်းဆောင်ဖြစ်ခဲ့သည်။[13]
၂၀၁၄ ၌ Wonderful Days တွင် လီဆိုးဂျင်၏ လူငယ်ဘဝအဖြစ်လည်းကောင်း၊ ဂျပန်မန်ဂကို မှီငြမ်းသော Cantabile Tomorrow ၌ လည်းကောင်း သရုပ်ဆောင်သည်။ [14][15] ထို့ကြောင့် ကေဘီအက်စ်ရုပ်သံဆုပေးပွဲနှင့် APAN ကြယ်ပွင့်ဆုပေးပွဲတို့၌ အကောင်းဆုံးမျက်နှာသစ်သရုပ်ဆောင်ဆုကို လျာထားခံရသည်။[16][17]
ကိန်းရုပ်ရှင်ပွဲတော်၌ ပြသပြီး ဝေဖန်မှုများစွာခံရသည့်အပြင် ဘုတ်ချိတ်သွားသော A Hard Day (၂၀၁၄)နှင့် သမိုင်းတလျှောက် အမြတ်အစွန်းအရဆုံး ကိုရီးယားရုပ်ရှင် ဖြစ်လာသည့် The Admiral: Roaring Currents (၂၀၁၄)၌ ပါဝင်ခဲ့သည်။ [18]
၂၀၁၅ မေ၌ Red Velvet ၏ အိုင်းရင်းနှင့် ပူးတွဲ၍ Music Bank ၌ တင်ဆက်သူလုပ်ရာ၊ သူတို့၏ အပေးအယူမျှ လိုက်ဖက်မှုစွမ်းရည်၊ အဆိုနှင့် တင်ဆက်ပုံတို့၌ပါ ပရိသတ်အာရုံစိုက်မှု ရရှိသည်။ [19] သတင်းစာက ရှိုးပွဲ၏ ၁၈ နှစ်သမိုင်းအတွင်း အလိုက်ဖက်ဆုံး ပါတနာများထဲမှ တစုံတွဲဟု ခေါ်ဝေါ်ပြီး၊ ပတ်သည် ကေဘီအက်စ်ဖျော်ဖြေရေးဆုပေးပွဲ၌ အကောင်းဆုံးလူသစ်ဆုကို ရရှိသည်။ [20][21]
မှုခင်းဇာတ်လမ်းတွဲဖြစ်သော Hello Monster (၂၀၁၅)၌ သူ၏ တမူထူးခြားစွာ ကွဲထွက်နေသော ဇာတ်ရုပ်ကြောင့် ပရိသတ်များထံမှ လှိုက်လှဲသော အမြင်များနှင့် ဝေဖန်မှုများစွာ ရရှိခဲ့ပြီးလျှင်၊ [22] နှစ်ကုန် ကေဘီအက်စ်ရုပ်သံဆုပေးပွဲ၌ လူကြိုက်များဆုနှင့် အကောင်းဆုံးဇာတ်ပို့ဆုကို ရရှိခဲ့လေသည်။ [23] ထိုနှစ်၌ပင် ကိန်းရုပ်ရှင်ပွဲတော်၌ ပြသသော လော့ကာကောက်ရမိန်းကလေး၌ ပါဝင်ခဲ့သည်။[24] ဇာတ်ရုပ်ပီပြင်မှုကြောင့် ပေဆန်အနုပညာဆုပေးပွဲ၌ အကောင်းဆုံးရုပ်ရှင်မျက်နှာသစ်ဆုအတွက် လျာထားခံရလေသည်။[25]
ထို့နောက် အခပေးတီဗီ tvN ၏ လူသိများသော Reply စီးရီး၏ တတိယအကျော့၌ ခေါင်းဆောင်အဖြစ် ရိုက်ကူးခဲ့သည်။ ၁၉၈၀ ပြည့်နှစ် ဆိုးလ်ကို အခြေတည်ထားပြီး၊ ဂိုကစားသမား ချွိုင်တက်အဖြစ် ပါခဲ့သည်။ ၎င်းစီးရီးကို ပရိသတ်က အဆင့် ၁၈.၈ ပေးကြရာ ကိုရီးယားအခပေးတီဗီသမိုင်း၌ အမြင့်ဆုံးဖြစ်ခဲ့သည်။ ထို့ကြောင့် ပတ်သည် ကိုရီးယား၌သာ ကျော်ကြားသည်သာမက ထိပ်တန်းတရုတ်ဂီတဆုပေးပွဲက သူ့ကို အကောင်းဆုံး နိုင်ငံတကာအနုပညာဆုနှင့် ကိုရီးယားလှိုင်းကြယ်ပွင့်အဖြစ် သတ်မှတ်ခဲ့သည်။ အမေရိကန်အခြေစိုက် DramaFever ဆုပေးပွဲ၌ အကောင်းဆုံး အလားအလာရှိ ကြယ်ပွင့်ဆုကို ပေးပြီး၊ tvN10 က အာရှကြယ်ပွင့်ဆုကို ပေးလေသည်။ [26] ရီပလိုင်းတွင် အနုပညာထူးချွန်မှုကြောင့် အေပန် ကြယ်ပွင့်ဆုပေးပွဲ၌ အကောင်းဆုံး မျက်နှာသစ်ဆုရပြီး၊ ပေဆန်အနုပညာဆုပေးပွဲ၌ အိုင်ချိယီ ကမ္ဘာ့ကြယ်ပွင့်ဆုအတွက်မူ လျာထားခံရလေသည်။[27]
၂၀၁၆ အစ၌ tvN ၏ ခရီးသွားအစီအစဉ် Youth Over Flowers: Africa ၌ ပါဝင်ခဲ့သည်။ [28]တူးဒေးအင်န်ဝမ်းနိုက်အစီအစဉ်၌ ဧည့်သည်အဖြစ် ပါရာ၊ ပရိသတ်မျှဝေမှု ၁၉.၉ ရာခိုင်နှုန်းဖြင့် ရှိုးပွဲ၏ နှစ်နှစ်အတွင်း အမြင့်ဆုံးသတ်မှတ်ချက် ဖြစ်ခဲ့သည်။ [29] မြူးဇစ်ဘဏ်၏ တင်ဆက်သူအဖြစ် တနှစ်ကျော်ကြာခဲ့ပြီးနောက် ဇွန် ၂၀၁၆ ၌ ထွက်လိုက်သည်။[30]
၂၀၁၆ ဩဂုတ်၌ လူငယ်ကြိုက် sageuk Love in the Moonlight ၌ ကင်ယူဂျောင်နှင့်အပြိုင်သရုပ်ဆောင်သည်။[31] ပြည်တွင်းပြည်ပ၌ လရောင်အောက်ကအချစ်(တိမ်ခြယ်လရောင်ဟုလည်း သိ)ဇာတ်လမ်းတွဲသည် ပရိသတ် ကြည့်ရှုနှုန်း ၂၃.၃ ရခဲ့သည်။[32][33] ၎င်းလူကြိုက်များမှုကို လရောင်ရောဂါလက္ခဏာဟု ခေါ်ကြပြီး၊ ပတ်၏ စွယ်စုံရအနုပညာကို မှတ်ကျောက်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။[34][35][36] လရောင်၏ နောက်ခံသီချင်း ငါ့လူကို သူ၏ ပထမဆုံးသီဆိုထားသော သီချင်းအဖြစ် ဖြန့်ချိလိုက်ရာ၊ Melon, Mnet, Bugs, olleh, Soribada, Genie, Naver နှင့် Monkey3 တို့၏ ဇယား၌ ထိပ်စွဲလေပြီး၊ Gaon Music Chart ဇယား၌ အဆင့် ၃ ရလေသည်။[37][38][39][40]
ထို့နောက် ၂၀၁၇ ထိ အရှေ့နှင့် အရှေ့တောင်အာရှဒေသများရှိ မြို့ရှစ်မြို့သို့ သွားရောက်၍ သူ၏ ပရိသတ်များနှင့် ပထမဆုံးတွေ့ဆုံသမှု ပြုလေသည်။[41][42]
၂၀၁၆ ဇန်နဝါရီ၌ ဟယ်လိုမွန်းစတားဇာတ်လမ်းတွဲတွင် အတူသရုပ်ဆောင်သော မင်းသမီး ဂျန်နာရာနှင့် သတင်းထွက်ရာ၊ ဂျန်နာရာဘက်မှ ကောလာဟလဖြစ်ကြောင်း ဖြေရှင်းခဲ့ရသည်။
ဇန်နဝါရီ၌ ဆိုးလ်မြို့၌ ပထမဆုံးပရိသတ်တွေ့ဆုံပွဲလုပ်ရာ စာရင်းပေးသွင်းတက်ရောက်သူ များပြားခြင်းကြောင့် မူလသတ်မှတ်ထားသော လူ ၇၀၀ အစား လူ ၃၀၀၀ ဆန့် စတိတ်စင်သို့ အလျင်အမြန် ပြောင်းရွှေ့ခဲ့ရလေသည်။
မျိုးဆက်သစ် Hallyu ကြယ်ပွင့်အဖြစ် သတ်မှတ်ခံရသော ပတ်သည် ကိုယ်ရည်ကိုယ်သွေးမှာလည်း ထူးချွန်လေသည်။[43][44] လုပ်ဖော်ကိုင်ဖက်များက သူ့ကို ကြင်နာတတ်၍ ယဉ်ကျေးပျူငှာသည်ဟု ဖော်ပြပြီး ကြော်ငြာရှင်များကမူ ကလေးဆန်၍ ယောက်ျားပီသသည်၊ တည်ငြိမ်၍ အဆင့်အတန်းမြင့်သည့်ပုံရိပ်ဖြစ်သည်၊ ဉာဏ်ကောင်း၍ အကောင်းမြင်တတ်သည်စသဖြင့် ချီးမွမ်းကြသည်။ [45][46][47] သူ့၏ တဟုန်ထိုးပေါက်ထွက်လာသော လွှမ်းမိုးမှုကို ဘိုဂွံပြုစားမှုဟု အမွန်းတင်ပြီး လရောင်ဇာတ်ကားပြီးနောက် နိုင်ငံ့အိမ်ရှေ့စံအဖြစ် တင်စားကြလေသည်။[48][49] သားမက်တော်လိုခြင်း အခံရဆုံးသူအဖြစ်လည်း ပြည့်သားမက်ဟု ချစ်စနိုးခေါ်ကြလေသည်။[50][51][52]
ပတ်သည် ကိုရီးယားပြည်တွင်းပြည်ပ၌ ရှိသော နာမည်ကြီးအမှတ်တံဆိပ်အတော်များများကို ကောင်းမွန်ကြောင်း ထောက်ခံချက်ပေးရသူ ဖြစ်သည်။[53][54][55]
နှစ် | ခေါင်းစဉ် | ဇာတ်ရုပ် | မှတ်ချက်များ |
---|---|---|---|
2011 | Blind မျက်ကန်း | Min Dong-hyun | |
2012 | Runway Cop ရဲပြေး | young Cha Chul-soo | |
2014 | A Hard Day ခက်တဲ့နေ့ | Officer Lee Jin-ho | |
The Admiral: Roaring Currents | Bae Soo-bong | ||
Twinkle-Twinkle Pitter-Patter | Jun-woo | ကားတို | |
2015 | Coin Locker Girl | Park Seok-hyun |
နှစ် | ခေါင်းစဉ် | ဇာတ်ရုပ် | ကွန်ရက် | မှတ်ချက်များ |
---|---|---|---|---|
2012 | Hero | Kang Dong-woo | OCN | |
Drama Special "Still Picture" | young Kim Hyun-soo | KBS2 | ||
Bridal Mask | Han Min-kyu | Ep. 26–28 | ||
2013 | Wonderful Mama | Go Young-joon | SBS | |
2014 | Wonderful Days | young Kang Dong-seok | KBS2 | |
Cantabile Tomorrow | Lee Yoon-hoo | |||
2015 | The Producers | Himself | Ep. 9 ဧည့်သရုပ်ဆောင် | |
Hello Monster | Jung Sun-ho/Lee Min | |||
2015-2016 | Reply 1988 | Choi Taek | tvN | |
2016 | Love in the Moonlight | Lee Yeong | KBS2 | [56] |
Year | Title | Network | Notes |
---|---|---|---|
2015 | 2 Days & 1 Night Season 3 | KBS2 | Ep. 103 cameo |
2016 | Youth Over Flowers: Africa | tvN | Cast member |
Running Man | SBS | Ep. 293 cameo | |
Sister's Slam Dunk | KBS2 | Ep. 2 cameo | |
2 Days & 1 Night Season 3 | Ep. 137, 138, 139 guest |
Year | Song | Artist | Ref. |
---|---|---|---|
2015 | Forget You (Teaser) | d.ear | [57] |
နေ့စွဲ | မြို့ | တိုင်းပြည်/ဒေသ | ခေါင်းစဉ် | တွေ့ဆုံနေရာ | Ref. |
---|---|---|---|---|---|
January 16, 2016 | ဆိုးလ် | Our Exciting First Meeting | KBS Arena | [62] | |
April 23, 2016 | ထိုင်ပေ | Close to U | ထိုင်ပေနိုင်ငံတကာကွန်ဗင်းရှင်းစင်တာ | [63] | |
December 10, 2016 | ကွာလာလမ်ပူ | Oh Happy Day: 2016-2017 Asia Fan Meeting Tour |
ကွာလာလမ်ပူကွန်ဗင်းရှင်းစင်တာ | [64] | |
December 17, 2016 | ဟောင်ကောင် | AsiaWorld–Expo | [65] | ||
January 13, 2017 | ဂျာကာတာ | Kota Kasablanka | |||
January 22, 2017 | ထိုင်ပေ | ထိုင်ဝမ်အမျိုးသားတက္ကသိုလ်အားကစားစင်တာ | |||
February 4, 2017 | တိုကျို | တိုကျိုနိုင်ငံတကာဖိုရမ် | |||
February 11, 2017 | ဗန်ကောက် | Thunder Dome, Muangthong Thani | |||
February 18, 2017 | စင်္ကာပူ | The Star Performing Arts Center | |||
2017 | ဆိုးလ် | TBA |
နှစ် | ဆု | အမျိုးအစား | ဇကာတင်လက်ရာ | ရလဒ် | Ref. |
---|---|---|---|---|---|
2014 | 28th KBS Drama Awards | Best New Actor | Cantabile Tomorrow, Wonderful Days | ဆန်ခါတင် | |
2015 | 4th APAN Star Awards | Cantabile Tomorrow, Hello Monster | ဆန်ခါတင် | ||
14th KBS Entertainment Awards | Best Newcomer Award | Music Bank | ဆုရရှိ | ||
29th KBS Drama Awards | Popularity Award, Actor | Hello Monster | ဆုရရှိ | ||
Best Supporting Actor | ဆုရရှိ | ||||
2016 | InStyle Icons: Next Generation | New Generation Actor Award | N/A | ဆုရရှိ | [66] |
11th Max Movie Awards | Rising Star Award | N/A | ဆုရရှိ | [67] | |
8th Style Icon Asia | Style Icon | N/A | ဆုရရှိ | [68] | |
16th Top Chinese Music Awards | Best International Artist | N/A | ဆုရရှိ | [69] | |
52nd Baeksang Arts Awards | Best New Actor in Film | Coin Locker Girl | ဆန်ခါတင် | [70] | |
Popularity Award in Film, Actor | ဆန်ခါတင် | ||||
Popularity Award in TV, Actor | Reply 1988 | ဆန်ခါတင် | |||
iQiyi Global Star Award | N/A | ဆန်ခါတင် | |||
InStyle Fashion Award | N/A | ဆုရရှိ | |||
4th Annual DramaFever Awards | Best Rising Star | Reply 1988 | ဆုရရှိ | [71] | |
Best Kiss (with Lee Hye-ri) | ဆုရရှိ | ||||
5th APAN Star Awards | Best New Actor | ဆုရရှိ | [72] | ||
9th Korea Drama Awards | Excellence Award, Actor | Love in the Moonlight | ဆန်ခါတင် | ||
tvN10 Awards | Made in tvN Actor, Drama | Reply 1988 | ဆန်ခါတင် | [73] | |
Best Kiss (with Lee Hye-ri) | ဆန်ခါတင် | ||||
Asia Star Award | ဆုရရှိ | ||||
Asia Artist Awards | Most Popular Actor | N/A | ဆန်ခါတင် | ||
Asia Star Award, Actor | Reply 1988, Love in the Moonlight | ဆုရရှိ | [74] | ||
Best Star Award, Actor | Love in the Moonlight | ဆုရရှိ | [75] | ||
Melodi Awards | Most Influential Korean Drama Personality | N/A | ဆုရရှိ | [76] | |
OSEN Awards | Star of the Year | N/A | ဆုရရှိ | [77] | |
Yahoo! Asia Buzz Awards | Asia Popular Artist Award | N/A | ဆန်ခါတင် | [78] | |
SBS Cult Two Show Awards | Most Mentioned | N/A | ဆုရရှိ | [79] | |
30th KBS Drama Awards | Grand Prize (Daesang) | Love in the Moonlight | ဆန်ခါတင် | [80] | |
Top Excellence Award, Actor | ဆုရရှိ | ||||
Excellence Award, Actor in a Mid-length Drama | ဆန်ခါတင် | ||||
Netizen Award, Actor | ဆုရရှိ | ||||
Best Couple (with Kim Yoo-jung) | ဆုရရှိ | ||||
Best Kiss (with Kim Yoo-jung) | ဆုရရှိ | ||||
2nd Fashionista Awards | Best Dresser of the Year | N/A | ဆုရရှိ | [83] | |
2017 | Korea Brand Awards | Special Award | N/A | ဆုရရှိ | [84] |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.