ပလက်ဝမြို့
From Wikipedia, the free encyclopedia
ပလက်ဝမြို့သည် ချင်းပြည်နယ်၊ တောင်ပိုင်း မတူပီခရိုင်တွင် ပါဝင်သည့် ပလက်ဝမြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ ချင်းတောင်တန်းများမှ မြစ်ဖျားခံ၍ ရခိုင်ပြည်နယ်အထိ စီးဆင်းသွားသော ကုလားတန်မြစ်၏ အနောက်ဘက်ကမ်းတွင် ပလက်ဝမြို့ တည်ရှိသည်။ ကုလားတန်မြစ်ကြောင်းအတိုင်း စစ်တွေမြို့မှ ၉၆ မိုင် ကွာဝေးသည်။ ပလက်ဝမြို့ မြောက်ဘက် ၉ မိုင်ခန့်ဝေးသော ကျောက်ပန်းတောင် အဖို နှင့် ကျောက်ပန်းတောင် အမ နှစ်တောင်ကြားတွင် မြစ်ဖျားခံသည့် ပလက်ချောင်းသည် ပလက်ဝမြို့နားတွင် ကုလားတန်မြစ်တွင်းသို့ စီးဝင်သည်ကို အစွဲပြု၍ ပလက်ဝမြို့ ဟု အမည်တွင်သည်။ ပလက်ချောင်း မြစ်ဖျားခံရာ တောင်ကြား၌ ရှေးက လင်းနို့များ ရှိခဲ့ဟန်တူ၍ လေးမြို့ချင်းများက လင်းနို့ကို ပိလပ် ဟု ခေါ်ရာမှ ပလက်ချောင်း၊ ပလက်ဝမြို့ စသည်ဖြင့် အမည်တွင်လာသည်ဟု ဆိုစမှတ်ပြုကြသည်။
ပလက်ဝမြို့ | |
---|---|
မြို့ | |
ပလက်ဝမြို့ တည်နေရာ | |
ကိုဩဒိနိတ်: 21°18′N 92°51′E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ချင်းပြည်နယ် |
ခရိုင် | မတူပီခရိုင် |
မြို့နယ် | ပလက်ဝမြို့နယ် |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၆၄,၉၇၁[1] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
မြန်မာ့ပြည်တွင်းစစ်ကာလ၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ရက္ခိုင့်တပ်တော်က ပလက်ဝမြို့အား တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။[2]