ပလက်ဝမြို့နယ်
From Wikipedia, the free encyclopedia
ပလက်ဝမြို့နယ် သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ပလက်ဝခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံ၏ အနောက်ဘက်အကျဆုံး မြို့နယ်များအနက် တစ်ခုဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ၁၈ ကီလိုမီတာအကွာတွင် တည်ရှိသည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ပလက်ဝမြို့ ဖြစ်သည်။ ဗြိတိသျှများ အုပ်ချုပ်စဉ်အခါနှင့် ဦးနုလက်ထက်က ပလက်ဝမြို့နယ်သည် နယ်နိမိတ်အရ ရခိုင်တောင်တန်းနဲ့အတူအုပ်ချုပ် ခဲ့သော်လည်း ဦးနေဝင်းလက်ထက်တွင်ပလက်ဝပြည်သူဆန္ဒအရ ချင်းပြည်နယ်တွင်ပြန်လည် ပါဝင်ခဲ့သည်။
အချက်တိုများ ပလက်ဝမြို့နယ်, နိုင်ငံ ...
ပလက်ဝမြို့နယ် | |
---|---|
ချင်းပြည်နယ်အတွင်းရှိ မြို့နယ် | |
ပလက်ဝခရိုင်အတွင်းတည်နေရာ | |
ပလက်ဝခရိုင်အတွင်းတည်နေရာ | |
ကိုဩဒိနိတ်: 21°18′N 92°51′E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ချင်း |
ခရိုင် | ပလက်ဝ |
အုပ်ချုပ်ရေးရုံးစိုက်ရာမြို့ | ပလက်ဝမြို့ |
လူဦးရေ (၂၀၁၄) | |
• ချင်းပြည်နယ်အတွင်းရှိ မြို့နယ် | ၆၄,၉၇၁[1] |
• မြို့ပေါ် | ၆,၃၇၄ |
• ကျေးလက် | ၅၈,၅၉၇ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
ပိတ်ရန်