From Wikipedia, the free encyclopedia
မြောက်အိုင်ယာလန် (အိုင်းရစ်: Tuaisceart Éireann တမ်းပလိတ်:IPA-ga;[8] တမ်းပလိတ်:Lang-sco; အင်္ဂလိပ်: Northern Ireland) သည် ယူနိုက်တက်ကင်းဒမ်း၏ အစိတ်အပိုင်းတစ်ခုဖြစ်၍ နိုင်ငံ၊ နယ်မြေ၊ ပြည်နယ်၊ ဒေသအဖြစ် အမျိုးမျိုး ဖော်ပြကြသည်။[9][10][11][12][13] အိုင်ယာလန်ကျွန်း၏ အရှေ့မြောက်ဘက်တွင်တည်ရှိသော မြောက်အိုင်ယာလန်သည် တောင်ဘက်နှင့် အနောက်ဘက်တို့တွင် အိုင်ယာလန်သမ္မတနိုင်ငံနှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည်။ ၂၀၁၁ ၌ လူဦးရေသည် ၁.၈ သန်းကျော်ရှိ၍[4] ထိုအရေအတွက်သည် အိုင်ယာလန်ကျွန်း၏ ၃၀% နှင့် ယူကေလူဦးရေ၏ ၃ % တို့ အသီးသီးဖြစ်ကြသည်။ မြောက်အိုင်ယာလန်၏ ဥပဒေပြုလွှတ်တော် ကို အရပ်စကားဖြင့် "Stormont" ဟုခေါ်ပြီး ၁၉၉၈ မြောက်အိုင်ယာလန်အက်ဥပဒေက အတည်ပြုပြဋ္ဌာန်း ဖွဲ့စည်းစေခဲ့ကာ ထိုလွှတ်တော်သည် နိုင်ငံရေးရာများကို ဗဟိုမှ ခွဲဝေထားသောအာဏာကို ကိုင်စွဲ၍ စီမံဆောင်ရွက်သည်။ အခြားနယ်ပယ်များကိုမူ ဗြိတိသျှအစိုးရအဖွဲ့က တာဝန်ယူဆောင်ရွက်သည်။ မြောက်အိုင်ယာလန်သည် အိုင်ယာလန်သမ္မတနိုင်ငံနှင့် အချို့သော နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုများရှိ၏ ။[14]
မြောက်အိုင်ယာလန်နိုင်ငံ
| |
---|---|
နိုင်ငံတော် သီချင်း: များစွာ | |
လက်ရှိအခြေအနေ | ယူနိုက်တက်ကင်းဒမ်းရှိ နိုင်ငံ ပါဝင်ဖွဲ့စည်းသည့်နယ်မြေ(တစ်ခု) |
မြို့တော် | ဘဲလ်ဖာ့စ် 54°36′N 5°55′W |
အကြီးဆုံးမြို့ | ဘဲလ်ဖာ့စ် |
ဘာသာစကားများ[b] | အင်္ဂလိပ် |
ဒေသဆိုင်ရာဘာသာစကားများ |
|
လူမျိုးစု (၂၀၁၁) |
|
|
|
အစိုးရ | တပေါင်းတစည်း စည်းမျဉ်းခံဘုရင်စနစ်အတွင်း ပေါင်းစည်းမျှတခြင်းဆိုင်ရာ အာဏာခွဲဝေစနစ်ဖြင့် ဥပဒေပြုခြင်း |
• ဘုရင်/မ | ချားလ်စ် ဝေလမင်းသား |
• ဝန်ကြီးချုပ် | Paul Givan |
• ဒုတိယဝန်ကြီးချုပ် | Michelle O'Neill |
ယူနိုက်တက်ကင်းဒမ်း ပါလီမန် | |
• အတွင်းဝန် | Brandon Lewis |
• ယူနိုက်တက်ကင်းဒမ်း အောက်လွှတ်တော် | ၁၈ MPs (of 650) |
ဥပဒေပြုလွှတ်တော် | မြောက်အိုင်ယာလန်လွှတ်တော် |
ဗဟိုမှ အာဏာခွဲဝေခြင်း | |
၁၉၂၁ မေ ၃ | |
၁၉၇၃ ဇူလိုင် ၁၈ | |
၁၉၇၄ ဇူလိုင် ၁၇ | |
၁၉၉၈ နိုဝင်ဘာ ၁၉ | |
ဧရိယာ | |
• Total | ၁၄,၁၃၀ km2 (၅,၄၆၀ sq mi)[2] |
လူဦးရေ | |
• 2019 ခန့်မှန်း | 1,893,700[3] |
• 2011 သန်းခေါင်စာရင်း | 1,810,863[4] |
• သိပ်သည်းမှု | ၁၃၃/km2 (၃၄၄.၅/sq mi) |
GVA | 2018 estimate |
• Total | £49 billion[5][စာမျက်နှာ လိုအပ်] |
• Per capita | £26,000 |
HDI (2019) | 0.899[6] အလွန်မြင့် |
ငွေကြေး | ပေါင်စတာလင် (GBP; £) |
အချိန်ဇုန် | ဂရင်းနစ် စံတော်ချိန် (UTC ) |
• နွေရာသီ (DST) | ဗြိတိသျှ နွေရာသီစံတော်ချိန် (UTC+1) |
ရက်စွဲပုံစံ | dd/mm/yyyy (အေဒီ) |
ယာဉ်ကြောစနစ် | left |
တယ်လီဖုန်းကုဒ် | +44[c] |
|
၁၉၂၀ အိုင်ယာလန်အစိုးရ အက်ဥပဒေအရ အိုင်ယာလန်ကို ခွဲဝေပိုင်းခြားခြင်းဖြစ်စဉ်ပြီးနောက် ၁၉၂၁ တွင် မြောက်အိုင်ယာလန်နိုင်ငံကို တည်ထောင်ခဲ့ကာ မြောက်အိုင်ယာလန်နယ်မြေရှိ ကောင်တီခြောက်နယ်ကို တာဝန်ယူအုပ်ချုပ်ရန် လက်အောက်ခံအစိုးရကို ဖွဲ့စည်းခဲ့ကြလေသည်။ မြောက်အိုင်ယာလန်နယ်မြေရှိ အများစုသည် ၎င်းတို့နယ်မြေကို ယူကေအတွင်းဆက်လက်တည်ရှိစေလိုသူများဖြစ်ခဲ့ကြသည်။[15] ယေဘုယျအားဖြင့်ဆိုရသော် ၎င်းတို့သည် ဂရိတ်ဗြိတိန်မှ သွားရောက် အခြေချသူများ၊ ပရိုတက်စတင့်ဂိုဏ်းဝင်များဖြစ်ကြ၏ ။ ထိုစဉ်အတွင်း တောင်အိုင်ယာလန်ဖက်က လူအများစုနှင့် မြောက်အိုင်ယာလန်မှ လူအနည်းစုတို့သည် အိုင်းရစ်အမျိုးသားရေးဝါဒီများ၊ အိုင်းရစ် ကတ်သလစ်ဂိုဏ်းဝင်များ ဖြစ်ကြရာ စုစည်းလွတ်လပ်သော အိုင်ယာလန်နိုင်ငံကို အလိုရှိတောင့်တခဲ့ကြလေသည်။[16][17][18][19] ယနေ့ခေတ်တွင် ထိုသို့ဆက်လက်တည်ရှိနေလိုခဲ့သူများသည် မိမိကိုယ်ကို ဗြိတိသျှလူမျိုးဟု ယူဆကြ၍ ကျန်သူများသည် ၎င်းတို့ကိုယ်၎င်းတို့ အိုင်းရစ်လူမျိုးဟု မှတ်ယူကြသည်။ သို့သော် နောက်ခံအမျိုးမျိုးမှ လူနည်းစုဝင် အများစုက ၎င်းတို့သည် မြောက်အိုင်ယာလန်သား (သို့) အာလ်စတာသား (Ulster) အဖြစ် အခိုင်အမာဆိုကြလေသည်။[20]
မြောက်အိုင်ယာလန်ဖွဲ့စည်းခြင်း/တည်ထောင်ခြင်းသည် ခွဲဝေပိုင်းခြားခြင်း ဥပဒေများကို ဆန့်ကျင်တော်လှန်၍ အကြမ်းဖက်မှုများလည်း ပေါ်ပေါက်ခဲ့ကြသည်။ ၁၉၂၀-၂၂ အတွင်း မြို့တော်ဘဲလ်ဖာ့စ်တွင် အုပ်စုလိုက် အကြမ်းဖက်မှုများ ပေါက်ပေါက်ခဲ့ကြကာ အထူးသဖြင့် ပရိုတက်စတင့်နှင့် ကတ်သလစ်ဂိုဏ်းဝင်များကြား ဖြစ်သည်။[21] လူပေါင်း ၅၀၀ ကျော် သေကြေပျက်စီးခဲ့ရကာ[22] ၁၀,၀၀၀ ကျော်သည် ဒုက္ခသည်များဖြစ်လာခဲ့ကြ၍ အများစုသည် ကတ်သလစ်ဂိုဏ်းဝင်များပင်ဖြစ်သည်။[23] နောက်လာသည့် ဆယ်စုနှစ်များတွင် မြောက်အိုင်ယာလန်၌ ယူနီယံနစ်ပါတီအစိုးရများက စီမံဆောင်ရွက်ခဲ့ကြသည်။[24] နှစ်ဖက်အုပ်စုကြား အချင်းချင်း ခွဲခြားဆက်ဆံမှုများလည်း အရပ်သဘောအနေဖြင့်ရှိကြကာ[25] ယူနီယံနစ်ပါတီအစိုးရများကို အိုင်းရစ်အမျိုးသားရေးဝါဒီများ၊ ကတ်သလစ်ဝင်လူနည်းစုများကို ခွဲခြားဆက်ဆံပါသည်ဟု စွပ်စွဲမှုများရှိခဲ့ကြလေရာ[26] မြောက်အိုင်ယာလန်ဝန်ကြီးချုပ် (First Minister) ဒေးဗစ် ထရင်ဘဲလ်က (David Trimble) "ကတ်သလစ်ဂိုဏ်းဝင်များအတွက် အနွေးဓာတ်ကင်းမဲ့အိမ်" ဟုပင် ခေါ်ဝေါ်ခဲ့ဖူးသည်။[27] ၁၉၆၀ နှောင်းပိုင်းကာလများတွင် အမျိုးသားရေးဝါဒီများနှင့် ကတ်သလစ်ဘာသာဝင်များအပေါ် ခွဲခြားဆက်ဆံမှုအဆုံးသတ်ရေးလှုပ်ရှားမှုတစ်ခုအား အာလ်စတာဝါဒီများက သမ္မတနိုင်ငံ(အသစ်)၏ရှေ့ပြေးအဖြစ်ရှုမြင်ခဲ့ကြ၍ ဆန့်ကျင်ခဲ့ကြပြန်သည်။[28] ထိုသို့ သမ္မတစနစ်လိုလားသူများနှင့် ဆက်လက်တည်စေလိုသူများကြား ပဋိပက္ခသည် သုံးဆယ့်နှစ်နှစ်ကြာ စစ်မက်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၃,၅၀၀ ကျော်သေဆုံးခဲ့ကာ ၅၀,၀၀၀ ကျော် ဒဏ်ရာအနာတရ ရရှိခဲ့ကြပေသည်။[29][30] ၁၉၉၈ တွင် သောကြာနေ့ကောင်းသဘောတူစာချုပ် (Good Friday Agreement) သည် ထိုဒေသ၏ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အဓိကခြေလှမ်းတစ်ခုဖြစ်လာခဲ့လေသည်။ သို့ရာ၌ ဂိုဏ်ကွဲမှု၊ ခွဲခြားဆက်ဆံမှု၊ လူမှုရေးပြဿနာများ၊ (ပြတ်တောင်းအနေထားဖြင့်) အကြမ်းဖက်မှုများသည် ဆက်လက်ရှိနေခဲ့ပေသည်။[31]
မြောက်အိုင်ယာလန်၏ စီးပွားရေးအခြေအနေသည် အိုင်ယာလန်ကျွန်း ခွဲဝေပိုင်းခြားခြင်းကာလ၌ ကျွန်း၏ စက်မှုလုပ်ငန်း အများစုတည်ရှိခဲ့ရာ ဖြစ်သော်လည်း နိုင်ငံရေး၊ လူမှုရေးမတည်ငြိမ်မှုများကြောင့် စီးပွားရေးကျဆင်းခဲ့ရသည်။[32] ၁၉၉၀ နှောင်းပိုင်းနှစ်များ၌ စီးပွားရေး သိသိသာသာ ပြန်လည်ဦးမော့လာခဲ့သည်။[33] similar to the UK figure of 6.2%.[34] မြောက်အိုင်ယာလန်၊ ကျန်အိုင်ယာလန်အပိုင်းများနှင့် ယူကေတို့ကြားရှိ ယဉ်ကျေးမှုဆက်ဆံချိတ်ဆက်မှုများတည်ရှိ၍ အားကစားနယ်ပယ်၌ အိုင်ယာလန်တစ်ကျွန်းလုံးသည် တစ်သင်းတည်းအဖြစ် ပါဝင်ကစားကြသည်။ ခြွင်းချက်အနေဖြင့် မြောက်အိုင်ယာလန် အမျိုးသား ဘောလုံးအသင်းသည် မြောက်အိုင်ယာလန်ကိုသာ ကိုယ်စားပြုသောအသင်းဖြစ်၏ ။ ဓနသဟာယအားကစားပွဲများ၌ မြောက်အိုင်ယာလန်သည် သီးသန့်ပါဝင်ကစား၍ အိုလံပစ်ပွဲများ၌မူ မြောက်အိုင်ယာလန်ရှိသူများသည် ဂရိတ်ဗြိတိန်ကိုယ်စားပြု ယှဉ်ပြိုင်နိုင်သကဲ့သို့ အိုင်ယာလန်(နိုင်ငံ)ကို ကိုယ်စားပြုပါဝင်ပေးနိုင်သည်လည်း ရှိကြသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.