အပင်မျိုးစိတ်များ From Wikipedia, the free encyclopedia
သစ်တို ၏ ရုက္ခဗေဒ အမည်မှာ Sandoricum koetjape ဖြစ်သည်။ ကြီးမားခန့်ညား၍ မြင့်မားပြီးလျှင် အရိပ်အာဝါသကောင်းမွန်သောသစ်တိုပင်ကြီးများသည် စိုစွတ်ထိုင်းမှိုင်းသော အရပ်ဒေသများတွင် မြေပြင် အမြင့် ပေ ၃ဝဝ အထက် ပေါက်ရောက်နိုင် သည်ကို တွေ့ရသည်။ အိန္ဒိယနိုင်ငံ၊ မလ္လာယုကျွန်းဆွယ်တို့တွင် ပေါက်ရောက်သည့်ပြင် မြန်မာနိုင်ငံ အောက်ပိုင်း အမြဲစိမ်း သစ်တောကြီးများတွင် သစ်တိုပင်ကြီးများကို တွေ့ရလေသည်။ ရန်ကုန်မြို့တွင် အတွေ့ အမြင်ရများသော သစ်ပင်များအနက် သစ်တိုပင်များလည်းပါဝင်သည်။
Sandoricum koetjape | |
---|---|
Illustration of a santol, from Flora de Filipinas (1877-1883) by Francisco Manuel Blanco | |
Foliage of a mature santol tree in the Philippines | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Rosids |
မျိုးစဉ်: | Sapindales |
မျိုးရင်း: | Meliaceae |
မျိုးရင်းသေး: | Melioideae |
မျိုးစု: | Sandoricum |
မျိုးစိတ်: | S. koetjape |
ဒွိနာမ | |
Sandoricum koetjape | |
Native range of santol in Malesia | |
Synonyms[2][3] | |
|
သစ်တိုပင်သည် ၁၂ ရာသီ စိမ်းလန်းသော အပင်ကြီးမျိုးဖြစ်၍ မီလီယေစီအီး(Meliaceae) မျိုးရင်းဝင် ဖြစ်သည်။ ရုက္ခဗေဒအမည်အားဖြင့် ဆန်ဒေါရီကန် အင်ဒီကမ်(Sandoricum indicum; ယခုအခါတွ Sandoricum koetjape[4][5])ဟု ခေါ်သည်။ ထိုအပင်ကြီးများသည် ပေ ၈ဝ မှ ၉ဝအထိ မြင့်မားကြပြီးလျှင် လုံးပတ် ခုနစ်ပေမှ ရှစ်ပေအထိ ရှိနိုင်သည်။ အရွက်များသည် ရွက်မွှာကြီးသုံခုပါသော ရွက်ပေါင်းဖြစ်သည်။ အနားညီအရွက်များဖြစ်၍ ဘေးရွက်နှစ်ရွက်သည် ညှာတံ တိုပြီးလျှင် ထိပ်ရွက်မြွာသည် ညှာတံရှည်သည်။ အရွက်များသည် ထိပ်ချွန်သော ဘဲဥဝိုင်း ပုံသဏ္ဌာန်ဖြစ်လေသသည် ။
အကိုင်းအခက် ခွကြားနေရာများမှ ပန်းခိုင်များထွက်၍ ပွင့်သည်။ ပန်းပွင့်များသည် သေးငယ်ကြ၍ ဖြူသယောင်ယောင် ဝါသယောင်ယောင်ဖြစ်သည်။ နွေရာသီကုန်လုနီးချိန်တွင် အသီးများမှည့်ဝင်းကြရာ အလုံးအနေအထားနှင့် အရောင်အသွေး သည် အဝေးမှကြည့်လျှင် လိမ္မော်သီးနှင့်ယိုးမှားဘွယ်ရာ တူလေသည်။ အသီး၏ အတွင်းသားနေပုံသည် မင်းကွတ်သီးနှင့် ဆင်ဆင်တူသည်။ ထိုကြောင့် မင်းကွတ်သီး ကို အချို့က တောမင်းကွတ်ဟု ခေါ်ကြသည်။
အစေ့ခန်းသုံးခန်းမှ ငါးခန်းအထိပါရှိတတ်ရာ တစ်ခန်း၌ တစ်စေ့စီ ပါသောအစေ့များကို ဖုံးလျက် ရှိသော အသားနှစ်သည် ဖြူဖွေးပြီးလျှင် ချိုချဉ်ချဉ် အရသာရှိသည်။ ထိုအသားနှစ်ကို အိန္ဒိယနိုင်ငံတွင် ကျောက်ကျော(ဂျယ်လီ) ပြုလုပ်ကြသော်လည်း အသီးမှည့်၏ အတွင်းသားကို အစိမ်းစားကြသည်သာ များလေသည်။ မလ္လာယုကျွန်းဆွယ်တွင် ထိုအနှစ်ကို ဆန်နှင့်ရော၍ ကစော်ဖောက်ပြီးလျှင် သေရည်တစ်မျိုး ပြုလုပ်ကြလေသည်။
မြန်မာနိုင်ငံတွင်မူ ဝါဝင်း၍ အတန်ငယ်ပျော့သော အသီးခွံကို အသုံးများကြသည်။ စင်စစ် ထိုအသီးခွံသည် ချဉ်ဖန်ဖန် အရသာရှိပြီးလျှင် အနံ့သည်လည်း တစ်မျိုးဖြစ်သည်။ သို့သော် ထိုအသီး မှည့်ခွံသည် ဝက်သားနှင့်ဆီပြန်ချက်လျှင်လည်းကောင်း၊ငါးပိချက်ချက်လျှင်လည်းကောင်း၊ အလွန်နှုတ်မြိန်သော ဟင်းမယ်များ ဖြစ်လာနိုင်ပေသည်။ အချို့အရပ်ဒေသ၌ သစ်တိုသီးကို အလုံးလိုက် ချဉ်ဖတ်ထည့်၍ လည်း စားကြသည်။ သစ်တိုသီးအခွံနှင့် အပင်၏ အခေါက်သည် အဖန်ဓာတ်ပါ၍ ချုပ်သဖြင့် ဝမ်းသက်ရောဂါ နှင့် ဝမ်းကိုက်ရောဂါများအတွက် အသုံးကြသည်။
အမြစ်သည်လည်း ဝမ်းသက်ခြင်းအတွက်ဆေးဖက်ဝင်သည်ဟု ဆိုကြလေသည်။ သစ်တိုသီးသည် ခွဲဖြတ်ပြီးစတွင် ပန်းရောင်ဖြစ်သော်လည်း အသားခြေက်သွားသည့်အခါ အရောင် ပြောင်းကာ နီညို ဖြစ်သွားသည်။ ရာသီဥတု အချိန်အခါကိုလိုက်၍ အသားပွထခြင်း၊ ကျစ်သိပ်ခြင်း ဖြစ်တတ်ပြီးလျှင် သစ်ဖောက်ပိုးကောင်များ ခိုအောင်းနိုင်သဖြင့် သစ်ကတိုးထက်ညံ့သည် ဟု ဆိုရစေကာမူ အိမ်ထောင်ပရိဘောဂများပြုလုပ်ရာတွင် သစ်ကတိုးအစား အသုံးပြုနိုင်သည်။ ထို့ပြင် လှည်းများ၊ လှေများ၊ ရေစည်များကိုလည်း သစ်တိုသားဖြင့်ပြုလုပ်ကြသည်။ အထူးသဖြင့် သစ်တိုသား ကို ခုံဖိနပ်ပြုလုပ်ရန် အသုံးချကြသည်။
တနင်္သာရီတောင်ပိုင်းတွင် တကတ်သစ်တိုဟုခေါ်သော သစ်တိုပင်တစ်မျိုး ပေါက်ရောက်သည်ကို တွေ့ရလေသည်။ သစ်တိုပင်များကို အစေ့ပျိုး၍ စိုက်နိုင်လေသည်။[6]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.