အနောက်အာဖရိကဒေသ စံတော်ချိန်
From Wikipedia, the free encyclopedia
အနောက်အာဖရိက စံတော်ချိန်သည် ဗဟိုနှင့် အနောက်အာဖရိကဒေသတွင် အသုံးပြုသော အချိန်ဇုန်ဖြစ်သည်။[1] အနောက်အာဖရိက စံတော်ချိန်သည် Coordinated Universal Time (UTC+01:00) ထက် ၁ နာရီရှေ့ရောက်နေပြီး ဗဟိုဥရောပ စံတော်ချိန်(CET)(ဆောင်းရာသီ) သို့မဟုတ် အနောက်ဥရောပ စံတော်ချိန်/ဗြိတိသျှ နွေရာသီစံတော်ချိန်(နွေရာသီ)နှင့်အတူတူပင် ဖြစ်သည်။
ကိတ်ဗာဒီ စံတော်ချိန် | |
ဂရင်းနစ်စံတော်ချိန် | |
| |
အရှေ့အာဖရိကဒေသ စံတော်ချိန် | |
မောရစ်ရှနှင့် ဆေးရှဲတို့သည် မဒါဂတ်စကား၏ အရှေ့နှင့် အရှေ့မြောက်တွင် အသီးသီးတည်ရှိသည်။
အပူပိုင်းဇုန်ဒေသမှ အချိန်ဇုန်အများစုကဲ့သို့ပင် တစ်နှစ်ပတ်လုံးတွင် တနေ့တာအလျားသည် အနည်းငယ်သာ ပြောင်းလဲသည်ဖြစ်ရာ နေ့အလင်းရောင်ထိန်းသိမ်းသောအချိန်ကို အသုံးပြုခြင်းမရှိပေ။
အနောက်အာဖရိကစံတော်ချိန်ကို အောက်ဖော်ပြပါနိုင်ငံများတွင် အသုံးပြုသည်-
- အယ်လ်ဂျီးရီးယား
- အင်ဂိုလာ
- ဘီနင်
- ကင်မရွန်း
- ဗဟိုအာဖရိကသမ္မတနိုင်ငံ
- ချဒ်
- ကွန်ဂိုဒီမိုကရက်တစ်သမ္မတ (western side only)
- အီကွေတာဂီနီ
- ဂါဘွန်
- မော်ရိုကို
- နိုင်ဂျာ
- နိုင်ဂျီးရီးယား
- ကွန်ဂို
- တူနီးရှား
- အနောက်ဆဟာရ
ဘီနင်နိုင်ငံ၏အနောက်ဘက်နိုင်ငံများ(မော်ရိုကိုနိုင်ငံနှင့် အနောက်ဆာဟာရမှလွဲ၍)သည် UTC±0 အချိန်ဇုန်အား အသုံးပြုကြသည်။