ဗဟိုအာဖရိကဒေသ စံတော်ချိန်
From Wikipedia, the free encyclopedia
ဗဟိုအာဖရိက စံတော်ချိန်(အင်္ဂလိပ်: Central Africa Time)(CAT)သည် ဗဟိုနှင့် တောင်အာဖရိကဒေသတွင် အသုံးပြုသော အချိန်ဇုန်ဖြစ်သည်။ ဗဟိုအာဖရိကစံတော်ချိန်သည် Coordinated Universal Timeထက် နှစ်နာရီရှေ့ရောက်သောအချိန်(UTC+02:00)ကို အသုံးပြုပြီး တောင်အာဖရိက စံတော်ချိန်၊ အီဂျစ် စံတော်ချိန်၊ အရှေ့ဥရောပဒေသ စံတော်ချိန်၊ ကာလင်နင်ဂရတ်ဒေသ စံတော်ချိန်နှင့် ဗဟိုဥရောပဒေသ နွေရာသီစံတော်ချိန်တို့နှင့် အတူတူပင်ဖြစ်သည်။
ကိတ်ဗာဒီ စံတော်ချိန် | |
ဂရင်းနစ်စံတော်ချိန် | |
| |
အရှေ့အာဖရိကဒေသ စံတော်ချိန် | |
မောရစ်ရှနှင့် ဆေးရှဲတို့သည် မဒါဂတ်စကား၏ အရှေ့နှင့် အရှေ့မြောက်တွင် အသီးသီးတည်ရှိသည်။
အီကွေတာနှင့် အပူပိုင်းဇုန်ဒေသများရှိ အချိန်ဇုန်များကဲ့သို့ပင် တစ်နှစ်ပတ်လုံးတွင် တနေ့တာအလျားသည် အနည်းငယ်များသာ ပြောင်းလဲမှုရှိသောကြောင့် နေ့အလင်းရောင်ထိန်းသိမ်းသောအချိန်ကို အသုံးပြုခြင်းမရှိပါ။
ဗဟိုအာဖရိက စံတော်ချိန်ကို အောက်ဖော်ပြပါနိုင်ငံများတွင် အသုံးပြုသည်။
- ဘော့ဆွာနာ
- ဘူရွန်ဒီ
- ကွန်ဂိုဒီမိုကရက်တစ်သမ္မတ (eastern side only)
- မာလဝီ
- မိုဇမ်ဘစ်
- နမီးဘီးယား
- ရဝမ်ဒါ
- ဆူဒန်
- တောင်ဆူဒန်
- ဇမ်ဘီယာ
- ဇင်ဘာဘွေ
အာဖရိကတိုက်ရှိ ဖော်ပြပါနိုင်ငံများတွင်လည်း တစ်နှစ်ပတ်လုံး UTC+02:00 ကို အသုံးပြုသည်။
- အီဂျစ် (အီဂျစ်စံတော်ချိန်ကို အသုံးပြုသည်)
- လီဆိုသို (တောင်အာဖရိကစံတော်ချိန်ကို အသုံးပြုသည်)
- လစ်ဗျား (အရှေ့ဥရောပစံတော်ချိန်ကို အသုံးပြုသည်)
- တောင်အာဖရိက (တောင်အာဖရိကစံတော်ချိန်ကို အသုံးပြုသည်)
- အဲ့စ်ဝါတီးနီ (တောင်အာဖရိကစံတော်ချိန်ကို အသုံးပြုသည်)