တောင်ကိုရီးယား ဘေ့သမားနှင့် သရုပ်ဆောင် From Wikipedia, the free encyclopedia
အီဂျောင်းရှင်း (ကိုရီးယား: 이정신, ၁၉၉၁ စက် ၁၅ ဖွား) သည် တောင်ကိုရီးယား ဂီတသမား၊ အဆိုတော်၊ ရက်ပါနှင့် သရုပ်ဆောင် ဖြစ်သည်။ တောင်ကိုရီးယား ရော့ခ်အဖွဲ့ CNBLUE ၏ ဘေ့စ်တီးသူ ဖြစ်ကာ၊ ၂၀၁၀ ဇန်နဝါရီတွင် ပွဲဦးထွက်သည်။ မြန်မာသို့ ပရဟိတ လာရောက်ဖူးသည်။
အီဂျောင်းရှင်း Lee Jung-shin | |||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|
၂၀၂၀ | |||||||||||||
မွေးဖွား | အီဆန်၊ တောင်ကိုရီးယား | စက်တင်ဘာ ၁၅၊ ၁၉၉၁||||||||||||
အလုပ်အကိုင် |
| ||||||||||||
တက်ကြွလှုပ်ရှားနှစ်များ | ၂၀၀၉-ယနေ့ထိ | ||||||||||||
ဂီတခရီးလမ်း | |||||||||||||
ဂီတဟန် |
| ||||||||||||
တူရိယာ | ဘေ့စ်ဂီတာ | ||||||||||||
တေးသံသွင်း ကုမ္ပဏီ | FNC Entertainment | ||||||||||||
ပူးတွဲ ပါဝင်မှု | CNBLUE | ||||||||||||
ဝက်ဘ်ဆိုက် | fncent.com | ||||||||||||
|
အီဂျောင်းရှင်းကို ၁၉၉၁ စက်တင်ဘာ ၁၅ တွင် ဆိုးလ်၌ မွေးသည်။[1] မိဘများနှင့် အစ်ကို တစ်ယောက် ရှိသည်။ မိသားစုသည် အီဆန်မှာ နေထိုင်ပြီး၊ သူသည် အထက်တန်းကို အီဆန်မှာ ရှိသော ဂျောင်းဘလ် အထက်တန်းကျောင်းမှ အောင်မြင်သည်။
၂၀၀၉ မှာ FNC Entertainment အောက်တွင် သင်တန်းဆင်းပြီး၊ ထိုနှစ် စက်တင်ဘာတွင် CNBLUE အဖွဲ့၌ ပွဲဦးထွက်ပြီး မကြာခင် နုတ်ထွက်သွားသော ကွန်းဂွမ်းဂျင်း နေရာ၌ အစားထိုး ဘေ့စ်တီးသူ အဖြစ် ဝင်ရောက်သည်။ ဘေ့စ်အပြင် ရက်ပါနှင့် နောက်ခံ အဆိုသမားလည်း ဖြစ်သည်။
သရုပ်ဆောင်အဖြစ် ၂၀၁၂ တွင် ဆောယောင်း ငါ့သမီးလေး မိသားစုဇာတ်လမ်းတွင် ပါဝင် ပွဲဦးထွက်သည်။[2] ကြည့်ရှုနှုန်း ၄၇.၆% ဖြင့် ထိပ်ဆုံးရပ်တည်ရာ၊ ၂၀၁၃ ကိုရီးယားဒရာမာထဲ အမြင့်ဆုံး ဇာတ်လမ်းတွဲအဖြစ် မှတ်တမ်းတင်သည်။[3] သရုပ်ဆောင် ကောင်းမွန်သည်ဟု ချီးမွမ်းခံရပြီး၊ ဒေသဆုပေးပွဲများတွင် အကောင်းဆုံး သရုပ်ဆောင်သစ်ဆုအတွက် လျာထားခံရသည်။[4][5]
၂၀၁၃ တွင် The Blade and Petal ၌၊ ၂၀၁၄ တွင် Tempation ၌ ဇာတ်ပို့အဖြစ် ဆက်တိုက် ပါဝင်သည်။[6][7] နောက်တခုကြောင့်၊ တတိယကြိမ် DramaFever ,ဆုပေးပွဲတွင် အကောင်းဆုံး မျက်နှာသစ်စတားဆုကို ရရှိရာ၊ ပထဆုံးရရှိသော သရုပ်ဆောင်ဆု ဖြစ်သည်။
၂၀၁၅ တွင် ကျေးဇူးပါ ငါ့သား ဇာတ်လမ်းတွဲ၌ ခေါင်းဆောင်မင်းသား ဖြစ်လာသည်။[8][9] ထိုနှစ်မှာပင် ရှင်းနီးအဖွဲ့မှ ကီးနှင့် တွဲဖက်၍ M ကောင့်ဒေါင်း အစီအစဉ်၌ ပင်တိုင်တင်ဆက်သူ ဖြစ်လာသည်။[10] ၂၀၁၆ တွင် ရှိုးမှ ထွက်သည်။
၂၀၁၆ တွင် ဂျောင်အီဝူ၊ ပတ်ဆိုဒမ်းနှင့် တွဲ၍ စင်ဒရဲလားနှင့် သူရဲကောင်း လေးဦး၌ ပါဝင်သည်။[11] ယင်းဒရာမာအတွက် သူ ပထမဆုံး ဆိုလိုဆင်ဂယ် Confession သီချင်းကို ဖြန့်ချိသည်။
၂၀၁၇ တွင် My Sassy Girl ၌ သရုပ်ဆောင်သည်။[12] တစ်နှစ်တည်း၊ တမ်းတနှလုံးသား(Longing Heart)၌ ပါဝင်ရိုက်ကူးသည်။[13]
နိုင်ငံတကာ လမ်းဘေးစာရွက်များ ကွန်ရက် (International Network of Street Papers) က ၂၀၁၉ ဇွန် ၇ တွင် ကျင်းပမည့် INSP အကောင်းဆုံးဓာတ်ပုံ ဆုပေးပွဲတွက် ဆန်ကာတင် ထိပ် ၅ ဦးတွင် အီ၏ ဓာတ်ပုံ ပါဝင်နေသည်ဟု ကြေညာသည်။ ထိုဓာတ်ပုံများကို ၂၀၁၈ ဖေဖော်ဝါရီတွင် LOVE FNC ဖောင်ဒေရှင်းက မြန်မာပြည်တွင် ပရဟိတ လုပ်အားပေး ဆောင်ရွက်စဉ် အီ ရိုက်ယူခဲ့ခြင်း ဖြစ်ပြီး၊ The Big Issue Korea သို့ အခမဲ့ ဖြန့်ဝေခဲ့သည်။ ဆုရရှိသူကို ဇွန် ၁၉ တွင် ဂျာမနီ၊ ဟန်နိုဗာမြို့၌ ဂလိုဘယ် လမ်းဘေးစာရွက်များထိပ်သီး၏ တစိတ်တဒေသအဖြစ် ကျင်းပသော INSP ဆုပေးပွဲအခမ်းအနား၌ ကြေညာသည်။[14]
၂၀၁၉ ဇူလိုင် ၂၂ တွင် ကြက်သွန်နီပြာဟု အမည်ပေးထားသော ဂျပန် ဆင်ဂယ်ကို ဖြန့်ချိသည်။[15] စက်တင်ဘာ ၂၅ တွင် ထိုသီချင်း အပါအဝင် နောက်ထပ် ဂျပန်လိုဆို သီချင်း လေးပုဒ် ထပ်ထည့်ကာ အယ်လ်ဘမ် ထုတ်ဝေသည်။[16]
၂၀၁၈ ဇွန် ၁ မှ ၁၀ ထိ ဆိုးလ်၊ ဂန်နမ် ကင်နွန် အိမ်ရာ B1/F ၈၂၉ ဆောလူးလမ်းရှိ ကင်နွန်ပြခန်း၌ အစ်ကို အီယုံရှင်းနှင့် ပူးပေါင်း၍ အလှူခံ ဓာတ်ပုံပြပွဲ ကို ပြုလုပ်ခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီက မြန်မာနိုင်ငံ ရန်ကုန်ရှိ YWAM နေ့ကလေးထိန်းစင်တာနှင့် ကလောရှိ လေးကျောင်းမြောက် LOVE FNC ကျောင်းသို့ ပရဟိတလှုပ်ရှားမှုအဖြစ် အလည်အပတ် သွားရောက်စဉ် မှတ်တမ်းတင် ရိုက်ကူးခဲ့သော ဓာတ်ပုံများ ဖြစ်ပြီး၊ ဒုဓလီပန်းမှုန်များကို ဒို့ လေမှုတ်ပစ်ခဲ့တယ်ဟု ခေါင်းစီး တပ်ခဲ့သည်။ LOVE FNC ဖောင်ဒေရှင်းက ကမကထ လုပ်သော ပရောဂျက် တစ်ခုအတွက် ကင်ဆောဟွန်းနှင့် အတူ ရှိခဲ့သည်။ ဘောင်ကွပ်ဓာတ်ပုံများ၊ ပို့စကတ်များနှင့် ပိုစတာများသည် ရောင်းရန် ဖြစ်သည်။ ရောင်းရငွေများသည် မြန်မာရှိ စကောလားရှစ် အစီအစဉ်အတွက် ရန်ပုံငွေ အဖြစ် ထည့်ဝင်လှူဒါန်းရန် ဖြစ်သည်။[17][18]
၂၀၁၉ ဧပြီ ၇ တွင် ဂန်ဝန်ခရိုင် တောမီးဘေး ဒုက္ခသည်များအတွက် ဝမ် ၁၀ သန်းကို အီ လှူဒါန်းသည်ဟု မျှော်လင့်တံတား နိုင်ငံ့ဘေးအန္တရာယ် ကာကွယ်ရေးအသင်းက တင်ပြသည်။[19]
အီသည် ၂၀၁၈ ဇူလိုင် ၃၁ တွင် စစ်မှုထမ်းဆောင်ရန် စာရင်းသွင်းသည်။[20][21]
စက်တင်ဘာ ၅ တွင် သူ့အခြေခံ စစ်သင်တန်း ပြီးဆုံးကြောင်းကို ကိုယ်ပိုင် အင်စတာဂရမ်အကောင့်၌ ဓာတ်ပုံများ တင်လိုက်ခြင်းဖြင့် သိရသည်။[22]
၂၀၁၈ အောက်တိုဘာတွင် တပ်မတော်ပွဲတော်အတွက် ပင်တိုင်တင်ဆက်သူ လုပ်သည်။ ပွဲကို အောက်တိုဘာ ၅ မှ ၉ ထိ ကျင်းပသည်။ ၂၀၁၈ အောက်တိုဘာ ၁၀ ၌ ကျရောက်သော စစ်သားတည်ဆောက်ရေး အနှစ် ၇၀ ကြိမ်မြောက် နှစ်ပတ်လည် တပ်တွင်း ဂီတဖျော်ဖြေပွဲအတွက်လည်း သဘာပတိ လုပ်သည်။[23]
၂၀၂၀ မတ် ၁၉ တွင် ခွင့်ယူထားစဉ်အတွင်း စစ်မှုထမ်းသက်တမ်း ပြည့်ရာ၊ နိုင်ငံကာကွယ်ရေးမူဝါဒ ဝန်ကြီးဌာန အရ စခန်းသို့ ပြန်မလာရဘဲ တရားဝင် ပြီးဆုံးခွင့် ပြုသည်။[24]
နှစ် | အယ်လ်ဘမ် | အနုပညာရှင် | သီချင်း | လေဘယ် | စာသား | တေးဂီတ | ||
---|---|---|---|---|---|---|---|---|
Credited | With | Credited | With | |||||
2015 | Colors | CNBLUE | "Daisy" | FNC Entertainment | Yes | — | Yes | Jung Yong-hwa |
2gether | "Control" | Yes | — | No | — |
နှစ် | ခေါင်းစဉ် | နက်ဝပ် | ဇာတ်ကောင် | မှတ်ချက် | Ref. |
---|---|---|---|---|---|
၂၀၁၂ | ငါ့ယောက်ျားမှာ မိသားစုနဲ့ | KBS2 | ကိုယ်တိုင် | ဧည့် | |
ဆောယောင်း၊ ငါ့သမီးလေး | ကန်ဆောင်းဂျယ် | ||||
၂၀၁၃ | The Blade and Petal | ရှီဝူ | |||
၂၀၁၄ | Temptation | SBS | နာဟုန်းဂယူ | ||
၂၀၁၅ | Drama Special ကျေးဇူးပါ ငါ့သား | KBS2 | ဂျန်ရှီဝူ | ||
အနံ့မြင်သူမလေး | SBS | ကိုယ်တိုင် | ဧည့် (episode 6) | ||
၂၀၁၆ | စင်ဒရဲလားနှင့် သူရဲကောင်း လေးဦး | TvN | ကန်ဆောဝူ | ||
၂၀၁၇ | My Sassy Girl | SBS | ကန်ဂျွန်ယောင်း | ||
၂၀၁၈ | ငါ့အချစ်ဦး | OCN | ကန်ရှင်းဝူ | ||
အသံ | အီဂျယ်အီ | ဧည့် (season 2, episode 8) | |||
၂၀၂၁ | Summer Guys | KT Seezn | ဆွန်း | [26][27] | |
နှစ် | ခေါင်းစဉ် | နက်ဝပ် | မှတ်ချက် |
---|---|---|---|
၂၀၁၅ | Shaolin Clenched Fist[28] | SBS | မိန်းအဖွဲ့သား |
ဖက်ရှင်ကင်း ကိုရီးယား | SBS | ||
၂၀၁၅-၁၆ | M ကောင့်ဒေါင်း | Mnet | ပင်တိုင် |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.