၂၀၀၆ အာရှ အားကစားပြိုင်ပွဲ
၁၅ ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ / From Wikipedia, the free encyclopedia
၂၀၀၆ အာရှ အားကစားပြိုင်ပွဲ (အာရပ်: دورة الألعاب الآسيوية ٢٠٠٦, Dawrat al-ʼAl‘ab al-Asīawīah 2006) သည် ကာတာနိုင်ငံ ဒိုဟာမြို့တွင် ၂၀၁၀ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့မှ ၁၅ရက်နေ့အထိ ကျင်းပခဲ့သော ၁၅ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ အားကစားနည်းပေါင်း ၃၉မျိုးတွင် ပြိုင်ပွဲပေါင်း ၄၂၄ပွဲ ကျင်းပခဲ့သည်။ ဒိုဟာမြို့မှာ ကာတာနိုင်ငံအတွင်း အာရှ အားကစားပြိုင်ပွဲကို လက်ခံကျင်းပသည့် ပထမဆုံးမြို့ဖြစ်ပြီး ၁၉၇၄ တီဟီရန်ပွဲတော်ကို လက်ခံကျင်းပခဲ့သည့် တီဟီရန်မြို့ပြီးလျှင် အနောက်အာရှ၏ ဒုတိယမြောက် အိမ်ရှင်မြို့ဖြစ်သည်။
ကျင်းပရာမြို့ | ဒိုဟာမြို့ | ||
---|---|---|---|
ပါဝင်သော နိုင်ငံများ | ၄၅ | ||
ပါဝင်ဆင်နွဲသော အားကစားသမားများ | ၉၅၂၀[1] | ||
ကစားပွဲအမျိုးအစား | ၄၂၄ (၃၉နည်း) | ||
ဖွင့်ပွဲအခမ်းအနား | ၁ ဒီဇင်ဘာ | ||
ပိတ်ပွဲအခမ်းအနား | ၁၅ ဒီဇင်ဘာ | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | Hamad bin Khalifa Al Thani Emir of Qatar | ||
တရားဝင်ပိတ်သိမ်းပေးခဲ့သူ | Ahmad Al-Fahad Al-Sabah အာရှ အိုလံပစ်ကောင်စီ၏ ဥက္ကဋ္ဌ | ||
Athlete's Oath | Mubarak Eid Bilal | ||
Torch Lighter | Mohammed Bin Hamad Al-Thani | ||
အဓိကအားကစားကွင်း | ခါလီဖာ နိုင်ငံတကာ အားကစားကွင်း | ||
|
ပထမဆုံးအကြိမ်အဖြစ် အာရှ အိုလံပစ်ကောင်စီ အဖွဲ့ဝင် ၄၅နိုင်ငံလုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။Eurosportမှ ပြိုင်ပွဲများကို ထုတ်လွှင့်ခဲ့၍ အာရှနိုင်ငံများ၏ ယှဉ်ပြိုင်နေမှုများကို ဥရောပမှ ပြည်သူများ ကြည့်ရှုနိုင်ခဲ့သည်။[2]
တရုတ်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံများက နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။ အိမ်ရှင် ကာတာနိုင်ငံအနေဖြင့် နဝမနေရာတွင် ရပ်တည်ခဲ့သည်။ ကမ္ဘာ့စံချိန်နှင့် အာရှ စံချိန် တော်တော်များများ ကျိုးခဲ့ကြသည်။ သို့သော် ပြိုင်ပွဲအတွင်း အငြင်းပွားစရာများစွာ ရှိခဲ့သည်။ တောင်ကိုရီးယား မြင်းစီးသမား ကင်ဟွန်းချီသည် မလွှဲသာသော ပွဲတွင်းမတော်တဆမှုကြောင့် သေဆုံးခဲ့ရသည်။ အားကစားပြိုင်ပွဲများမှာ ယေဘူယျအားဖြင့် အောင်မြင်သည်ဟု ယူဆနိုင်ပြီး အာရှ အားကစားလောကကို မြင့်မားလာစေခဲ့သည်။ ရွှေတံဆိပ် ၃ခု အပါအဝင် ဆုတံဆိပ် ၇ခု ရရှိခဲ့သော တောင်ကိုရီးယား ရေကူး အားကစားသမား ပတ်တေးဝန်သည် အကောင်းဆုံးကစားသမား (MVP)အဖြစ် ကြေညာခံခဲ့ရသည်။