ကာတာနိုင်ငံ
အနောက်အာရှနိုင်ငံ / From Wikipedia, the free encyclopedia
ကာတာ နိုင်ငံ သည် အနောက် အာရှတွင် တည်ရှိသော နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ အာရေဗျကျွန်းဆွယ်၏ အရှေ့ မြောက်ဘက်တွင် ရှိသော ကာတာ ကျွန်းဆွယ်လေး ပေါ်တွင် တည်ရှိသည်။ ကုန်းတွင်းနယ်နိမိတ်အားဖြင့် ဆော်ဒီအာရေဗျနိုင်ငံ နှင့် တောင်ဘက်တွင် ထိစပ်လျက် ရှိပြီး ကျန်ရှိသော နယ်နိမိတ်များမှာ ပါရှန်းပင်လယ်ကွေ့က ဝန်းရံလျက် ရှိသည်။ အနီးအနားရှိ ကျွန်းနိုင်ငံ ဖြစ်သော ဘာရိန်းနိုင်ငံ နှင့် ပါရှန်းပင်လယ်ကွေ့ ရေလက်ကြားက ပိုင်းခြားထားသည်။
ကာတာနိုင်ငံတော် | |
---|---|
နိုင်ငံတော် သီချင်း: السلام الأميري As-Salām al-ʾAmīrī "Peace to the Amir" | |
အာရေဗျကျွန်းဆွယ်ပေါ်ရှိ အစွန်းထွက်နေသည့် ကာတာနိုင်ငံ၏ တည်နေရာ | |
မြို့တော် နှင့် အကြီးဆုံးမြို့ | ဒိုဟာမြို့ 25°18′N 51°31′E |
ရုံးသုံး ဘာသာစကားများ | အာရပ်ဘာသာစကား[1] |
လူမျိုးစု (၂၀၁၅) | |
ကိုးကွယ်မှု | |
Demonym | Qatari |
အစိုးရ | တစ်ပြည်ထောင် အစ္စလာမ်ဘာသာစိုးမိုး တစိတ်တပိုင်း စည်းမျဉ်းခံဘုရင်စနစ် |
• စော်ဘွား | တာမင် ဘင် ဟာမက် အယ်လ်သာနီ |
• ဝန်ကြီးချုပ် | ခါလစ်ဒ် ဘင် ခါလီဖာ |
ဥပဒေပြုလွှတ်တော် | အတိုင်ပင်ခံလွှတ်တော် |
တည်ထောင်ခဲ့ | |
• ကာတာအမျိုးသားနေ့ | ၁၈၇၈ ခုနှစ် ဒီဇင်ဘာ ၁၈ ရက် |
• လွတ်လပ်ရေးကြေညာခဲ့ | ၁၉၇၁ ခုနှစ် စက်တင်ဘာ ၁ |
• ယူနိုက်တက် ကင်းဒမ်းမှ လွတ်လပ်ရေးရ | ၁၉၇၁ ခုနှစ် စက်တင်ဘာ ၃ |
ဧရိယာ | |
• စုစုပေါင်း | ၁၁,၅၈၁ km2 (၄,၄၇၁ sq mi) (အဆင့်: ၁၅၈) |
• ရေထု (%) | ၀.၈ |
လူဦးရေ | |
• ၂၀၂၀ ခန့်မှန်း | ၂,၇၉၅,၄၈၄[2] (အဆင့် - ၁၃၉) |
• ၂၀၁၀ သန်းခေါင်စာရင်း | ၁,၆၉၉,၄၃၅[3] |
• သိပ်သည်းမှု | ၁၇၆/km2 (၄၅၅.၈/sq mi) (အဆင့် - ၇၆) |
GDP (PPP) | ၂၀၂၀ ခန့်မှန်း |
• စုစုပေါင်း | $၃၅၇.၃၃၈ ဘီလီယံ[4] (အဆင့် - ၅၁) |
• Per capita | $၁၃၈,၉၁၀[4] (အဆင့် - ၄) |
GDP (nominal) | ၂၀၁၈ ခန့်မှန်း |
• စုစုပေါင်း | $၁၈၃.၈၀၇ ဘီလီယံ[4] (အဆင့် - ၅၆) |
• Per capita | $၆၆,၂၀၂[4] (အဆင့် - ၆) |
Gini (၂၀၀၇) | ၄၁.၁[5] အလယ် |
HDI (၂၀၁၉) | ၀.၈၄၈[6] အလွန်မြင့် · ၄၅ |
ငွေကြေး | ကာတာ ရီယယ် (QAR) |
အချိန်ဇုန် | AST (UTC+3) |
ယာဉ်ကြောစနစ် | ညာ[7] |
တယ်လီဖုန်းကုဒ် | +၉၇၄ |
Internet TLD |
|
အော့တမန်အင်ပိုင်ယာ၏ အုပ်ချုပ်မှုအောက်တွင် ရှိခဲ့ပြီးနောက် ၂၀ရာစု အစောပိုင်းတွင် ကာတာတို့သည် ဗြိတိသျှတို့၏ အစောင့်အရှောက်ခံနယ်မြေအဖြစ် ရှိခဲ့သည်မှာ ၁၉၇၁ ခုနှစ် လွတ်လပ်ရေး ရသည် အထိပင် ဖြစ်သည်။ ကာတာနိုင်ငံအား သာနီမိသားစုမှ အုပ်ချုပ်ခဲ့သည်မှာ ၁၉ ရာစု အစောပိုင်းမှပင် စခဲ့သည်။ ရှိတ်စော်ဘွား ဂျာဆင်ဘင်မိုဟာမက်အယ်လ်သာနီသည် ကာတာနိုင်ငံကို ထူထောင်ခဲ့သူ ဖြစ်သည်။ ကာတာသည် ဆွေစဉ်မျိုးဆက် ဆက်ခံရသော ဘုရင်စနစ်ကို ကျင့်သုံးပြီး နိုင်ငံ၏ အကြီးအကဲမှာ ရှိတ်စော်ဘွား တာမင် ဘင် ဟာမက်အယ်လ်သာနီ ဖြစ်သည်။ နိုင်ငံ၏ ဘုရင်စနစ်မှာ စည်းမျဉ်းခံ ဘုရင်စနစ် ကျင့်သုံးသည် ဆိုသော အယူအဆ နှင့် [8][9] သက်ဦးဆံပိုင် ဘုရင်စနစ် ကျင့်သုံးသည် ဟူသော အယူအဆ [10][11][12][13] ကွဲပြားလျက် ရှိကြသည်။ ၂၀၀၃ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လူထုဆန္ဒခံယူပွဲ ဖြင့် အတည်ပြုနိုင်ခဲ့ပြီး ၉၈% အထိ ထောက်ခံခဲ့ကြသည်။ [14][15] ၂၀၁၇ ခုနှစ် အစောပိုင်းတွင် ကာတာနိုင်ငံ၏ လူဦးရေမှာ ၂၀၁၇ ခုနှစ် အစောပိုင်းတွင် ၂.၆ သန်းမျှ ရှိပြီး ကာတာနိုင်ငံသား ၃၁၃,၀၀၀ ဦးနှင့် နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင် ၂.၃ သန်း ဖြစ်သည်။[16]
ကာတာနိုင်ငံသည် ကမ္ဘာပေါ်တွင် တတိယ အကြီးမားဆုံးသော သဘာဝ ဓာတ်ငွေ့ အရင်းအမြစ် နှင့် ရေနံ အရင်းအမြစ်ရှိသောကြောင့် ဝင်ငွေ မြင့်မားသော နိုင်ငံ ဖြစ်သည်။[17] ကမ္ဘာပေါ်တွင် လူတစ်ဦးချင်း ဝင်ငွေ အမြင့်မားဆုံးသော နိုင်ငံ ဖြစ်သည်။ ကာတာနိုင်ငံသည် ကုလသမဂ္ဂ၏ သတ်မှတ်ချက်အရ လူထုဖွံ့ဖြိုးရေး ညွှန်းကိန်း အလွန်မြင့်သော နိုင်ငံများထဲတွင် ပါဝင်ပြီး လူထုဖွံဖြိုးရေး အတွက် အာရပ်နိုင်ငံများထဲတွင် အမြင့်မားဆုံး ဖြစ်သည်။ [18] ကာတာနိုင်ငံသည် အာရပ်ကမ္ဘာတွင် ထိရောက်သော ဩဇာဏာရှိပြီး အာရပ်နွေဦး တော်လှန်ရေး ကာလအတွင်း သူပုန်အဖွဲ့အချို့ကို ထောက်ပံ့ခဲ့ကာ အချို့ကို ငွေကြေးအရ ထောက်ပံ့ခဲ့ပြီး အချို့အား တကမ္ဘာလုံးသို့ ဖြန့်ကျက်နေသော ၎င်း၏ သတင်းဌာန အဲလ် ဂျာဇီးယား မီဒီယာကွန်ယက်မှ တဆင့် ထောက်ပံ့ခဲ့သည်။[19][20][21] ကာတာနိုင်ငံသည် ၎င်း၏ အရွယ်အစားနှင့် မမျှသော ဩဇာအာဏာ ရှိသဖြင့် အင်အား အသင့်အတင့်ရှိသော နိုင်ငံတစ်နိုင်ငံ အဖြစ် သတ်မှတ်ကြသည်။ [22][23] ကာတာသည် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ဖလား ဘောလုံးပွဲကို အိမ်ရှင် အဖြစ် လက်ခံကျင်းပမည် ဖြစ်ပြီး အာရပ်နိုင်ငံများထဲတွင် ကမ္ဘာ့ဖလား၏ ပထမဆုံးသော အိမ်ရှင်နိုင်ငံ ဖြစ်သည်။ [24]
၂၀၁၇ ခုနှစ်တွင် ပင်လယ်ကွေ့ နိုင်ငံများထဲမှ ဆော်ဒီအာရေဗျ၊ ဘာရိန်း၊ အာရပ်စော်ဘွားများ ပြည်ထောင်စု နိုင်ငံ နှင့် အီဂျစ်တို့မှ အာရပ်နှင့် သံတမန် ရေးရာ အဆက်အသွယ် ဖြတ်တောက်ခဲ့ပြီး အကြမ်းဖက်သမားများကို ထောက်ခံသူနှင့် အိမ်နီးချင်းနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သူ အဖြစ် စွပ်စွဲခဲ့ကြကာ ၂၀၁၇ ကာတာ သံတမန် အကြပ်အတည်းကို ဖြစ်ပေါ်စေခဲ့သည်။