From Wikipedia, the free encyclopedia
Adobe Acrobatသည် Adobe Inc မှ ထုတ်လုပ်ဖြန့်ချိသည့် အသုံးချဆော့ဝဲနှင့် ဝဘ်ဝန်ဆောင်မှုများအစု ဖြစ်သည်။ ၎င်းသည် PDF ဖိုင်များကို ကြည့်ရှုခြင်း၊ ဖန်တီးခြင်း၊ ပြင်ဆင်ခြင်း၊ ပရင့်ထုတ်ခြင်းနှင့် ဖိုင်များကို ထိန်းချုပ်ခြင်း စသည်များကို လုပ်ဆောင်ပေးသည်။[4]
Adobe Acrobat Pro DC running on Windows 10. Other editions of Acrobat DC (Standard and Reader) feature a similar interface. | |
ဆော့ဖ်ဝဲလ်ရေးသူ(များ) | Adobe Inc. |
---|---|
ပထမဆုံး ဖြန့်ချိခြင်း | ဇွန် ၁၅၊ ၁၉၉၃ |
ကွန်ပျူတာ စက်လည်ပတ်ရေး စနစ် | Windows, macOS, Linux,[1] Android, iOS, BlackBerry Tablet OS, BlackBerry 10, Windows Phone |
ဆိုဒ် | |
ဆော့ဖ်ဝဲလ် အမျိုးအစား | Desktop publishing |
လိုင်စင် | Proprietary
|
ဝက်ဘ်ဆိုဒ် |
ဤဆော့ဝဲအစုတွင် Acrobat Reader (ယခင် Reader), Acrobat (ယခင် Exchange) and Acrobat.com တို့ ပါဝင်ကြသည်။ Acrobat Reader သည် စားပွဲတင်ကွန်ပျူတာများနှင့် မိုဘိုင်းပလက်ဖောင်းများစွာတို့တွင် Freeware အနေဖြင့် ရရှိနိုင်သည်။ Acrobat Reader သည် PDF ဖိုင်များကို ကြည့်ရှုခြင်း၊ ပရင့်ထုတ်ခြင်း၊ မှတ်ချက်များထည့်သွင်းခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။[5] ထို့အပြင် ပရီမီယံ ဝန်ဆောင်မှုများကိုလည်း အသုံးပြုသူသည် အခပေးဆောင်ကာ အသုံးပြုနိုင်သည်။ စီးပွားဖြစ်ထုတ်ဝေထားသည့် Acrobat ဆော့ဝဲကို မိုက်ခရိုဆော့ဝင်းဒိုး၊ macOS တို့တွင် ရရှိနိုင်ပြီး ၎င်းသည် PDF ဖိုင်များကို ဖန်တီးခြင်း၊ တည်းဖြတ်ခြင်း၊ ပြောင်းလဲခြင်း၊ ဒီဂျစ်တယ်နည်းဖြင့် လက်မှတ်ရေးထိုးခြင်း၊ encrypt ပြုလုပ်ပေးခြင်း၊ export ပြုလုပ်ခြင်းနှင့် ထုတ်ဝေခြင်းများကို ပြုလုပ်ပေးသည်။ Acrobat.com သည် ဖိုင်များကို သိမ်းဆည်းရယူနိုင်သည့် ဝန်ဆောင်မှု (file hosting services)နှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာထိန်းသိမ်းမှု စသည့်ဝန်ဆောင်မှုများကိုလည်း ထောက်ပံ့ပေးထားသည်။
Adobe Acrobat ၏ အဓိကလုပ်ဆောင်ချက်များမှာ PDF စာရွက်စာတမ်းများအား ဖန်တီးခြင်း၊ ကြည့်ရှုခြင်းနှင့် တည်းဖြတ်ခြင်း တို့ ဖြစ်သည်။ ၎င်းသည် လူသုံးများသည့် စာရွက်စာတမ်းများနှင့် ရုပ်ပုံများကိုလည်း ထည့်သွင်းကာ PDF ဖိုငအဖြစ် ပြောင်းလဲသိမ်းဆည်းပေးနိုင်သည်။ ထိုသို့ ထည့်သွင်းမှုများသည် စကန်ဖတ်ကာ ရရှိလာသည့်ဖိုင်များ၊ ဝဘ်ဆိုက် သို့မဟုတ် ဝင်းဒိုးကလစ်ဘုတ်မှ ရရှိလာသည့် အကြောင်းအရာများ စသည်တို့ ပါဝင်နိုင်သည်။
PDF ၏ သဘောသဘာဝအရ တစ်ကြိမ်ဖန်တီးပြီးဖြစ်ပါက ၎င်း၏ ဖွဲ့စည်းတည်ဆောက်မှုနှင့် အလုပ်လုပ်ဆောင်ပုံကို အပြည့်အဝ ပြင်ဆင်တည်းဖြတ်နိုင်ရန် မဖြစ်နိုင်ပေ။ တစ်နည်းဆိုပါက Adobe Acrobat သည် စာပိုဒ်ပါ အကြောင်းအရာများနှင့် ရုပ်ပုံများကို ပြင်ဆင်မှုများ လုပ်ဆောင်နိုင်သော်လည်း စာရွက်စာတမ်းတစ်ခုလုံး၏ စာမျက်နှာများကို ပြန်လည်နေရာချခြင်းတို့ကို လုပ်ဆောင်ပေးနိုင်မည် မဟုတ်ပေ။ Acrobat သည် PDF စာမျက်နှာများကို လှီးဖြတ်ခြင်း (Cropping), စာမျက်များကို အစီအစဉ်ကို ပြောင်းခြင်း၊ ဟိုက်ပါလင့်များကို ပြင်ဆင်ခြင်း၊ ဒီဂျစ်တယ်နည်းအရ လက်မှတ်ထိုးခြင်း၊ မှတ်ချက်များ ထည့်သွင်းခြင်း၊ PDF ဖိုင်၏ သတ်မှတ်ထားသည့် စာမျက်နှာများကို ပြင်ဆင်တည်းဖြတ်ခြင်း၊ PDF/A စံသတ်မှတ်ဖြစ်အောင် လုပ်ဆောင်ခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။
Adobe Acrobat သည် ၁၉၉၃ ခုနှစ်တွင် ဖြစ်လာခဲ့သည်။ အခြားသော ထုတ်ကုန်များနှင့်အတူ ဒီဂျစ်တယ်စာရွက်စာတမ်းများကို ဖန်တီးနိုင်ရန် ရည်ရွယ်ခဲ့သည်။
Adobe သည် Acrobat ထုတ်ကုန်များကို အမည်ပြောင်းလဲမှု အကြိမ်များစွာ ပြုလုပ်ခဲ့သည်။ ထို့အပြင် ထိုထုတ်ကုန်များကို ပေါင်းစပ်ခြင်း၊ ခွဲထုတ်ခြင်းနှင့် ဆက်လက်လုပ်ဆောင်မှု ရပ်တန့်ခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့သည်။ အစကနဦးတွင် Acrobat Reader, Acrobat Exchange and Acrobat Distiller စသည့် ထုတ်ကုန်များကို ထုတ်လုပ်ခဲ့သည်။ Acrobat Exchange သည် မကြာမီ Acrobat ဖြစ်လာခဲ့သည်။ အချိန်ကြာလာသည့်အခါ "Acrobat Reader" သည် "Reader" ဖြစ်လာခဲ့သည်။ ဗားရှင်း ၃ နှင့် ၅ အကြားတွင် Acrobat ကို ပြင်ဆင်မှုများစွာ မရှိခဲ့ပေ။ ၁၉၉၉ ခုနှစ်တွင် Acrobat.com ဝန်ဆောင်မှုသည် "Acrobat" ဟူသည့် အမည်ဖြင့် စတင်ကာ ဝဘ်ဝန်ဆောင်မှုများစွာကို စတင်ခဲ့သည်။ အဆုံးတွင် "Acrobat.com" သည် ဝန်ဆောင်မှုမိသားစုများ၏ အမည်များမှ ဝန်ဆောင်မှုတစ်ခုအဖြစ်မှ အဆင့်လျော့ကျလာခဲ့သည်။
၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် Acrobat မိသားစုတွင် အောက်ပါတို့ ပါဝင်သည်။ [9]
Adobe Creative Suite မိသာစုဆော့ဝဲများကဲ့သို့ သော အခြားသော Adobe ထုတ်ကုန်များနှင့် မတူညီသည်မှာ Acrobat တွင် အိုင်ကွန် (Icon) မရှိပဲ အရောင်တောက်ပသည့် တြိဂံပုံစံစာသားနှစ်ခုသာ ပါဝင်သည်။
The table below contains some of the supported file formats that can be opened or accessed in Adobe Acrobat.[10]
File format | Extension |
---|---|
Acrobat Data File | ACRODATA |
Acrobat Forms Data Format | FDF |
Adobe Illustrator File | AI |
Acrobat Index File | PDX |
Acrobat Job Definition File | JDF |
Acrobat Language Plug-in | LNG |
Acrobat MIME Encoded Job
Definition File |
MJD |
Acrobat Plug-in | ACROPLUGIN |
Acrobat Plug-in | API |
Acrobat Security Settings File | ACROBATSECURITYSETTINGS |
Acrobat Sequence File | SEQU |
Acrobat XFDF File | XFDF |
Adobe Color Separations Table | AST |
Adobe Dictionary Data File | ENV |
Adobe Joboptions File | JOBOPTIONS |
Adobe Linguistic Library Data File | LEX |
Adobe MARS File | MARS |
Adobe Portable Document Format
File |
PDP |
Adobe Profile File | APF |
Apple QuickTime Movie | MOV |
Design Web Format File | DWF |
Drawing Exchange Format File | DXF |
Encapsulated PostScript Format File | EPSF |
Flash MP4 Video File | F4V |
Flash Video File | FLV |
Hypetext Markup Language | HTM, HTML |
iTunes Video File | M4V |
Plain Text File | TXT |
PostScript File | PS |
PostScript Image Data File | PSID |
Product Representation Compact
File |
PRC |
Shockwave Flash Movie | SWF |
Universal 3D File | U3D |
XML Data Package | XDP |
XML Paper Specification File | XPS |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.