From Wikipedia, the free encyclopedia
Wham! သည် အင်္ဂလိပ် ပေါ့ဂီတအဖွဲ့တစ်ခုဖြစ်ခဲ့၍ အဆိုတော်နှစ်ဦးဖြင့် ဖွဲ့စည်းထားသည်။ ၎င်းတို့မှာ ဂျော့ မိုက်ကယ် နှင့် အန်ဒရူး ရစ်ချ်လေ တို့ဖြစ်ကာ ၁၉၈၁တွင် အင်္ဂလန်နိုင်ငံ ဘွတ်ရှီမြို့၌ ဖွဲ့စည်းခဲ့သည်။[1][2] ၁၉၈၀ပြည့်နှစ်များ၌ ပေါ့ဂီတဆိုင်ရာ စီးပွားရေးအရ အောင်မြင်သော အဖွဲ့တစ်ဖွဲ့ဖြစ်လာခဲ့သည်။ ၁၉၈၂ မှ ၁၉၈၆အထိ ကမ္ဘာအနှံ့ အချပ်ရေ (တရားဝင်စာရင်းရှိ) ရောင်းအား သန်း (၃၀)ကျော်ရောင်းချခဲ့ရသည်။[3] ဖန့်ခ် နှင့် ဆိုးလ်ဂီတလွှမ်းမိုးမှုရှိကာ ၎င်းတို့ကိုယ်၎င်းတို့ မတင်းတိမ်ဘဝင်မကျသော လူငယ်များဟုဖော်ပြ၍ Wham! အဖွဲ့၏ ၁၉၈၃ ပွဲဦးထွက်အခွေ "အလွန်တရာကောင်းမွန်သော" (Fantastic) သည် ယူနိုက်တက်ကင်းဒမ်း၏ အလုပ်လက်မဲ့ပြဿနာ၊ လူလားမြောက် အရွယ်ရောက်ခြင်းအပေါ် စိတ်ပျက်မှုများကို ရည်ညွှန်းခဲ့သည်။[4]
Wham! | |
---|---|
ဂျော့ မိုက်ကယ် (ဘယ်) and အန်ဒရူး ရစ်ချ်လေ (ညာ), ၁၉၈၄-၁၉၈၅ | |
ကိုယ်ရေး အချက်အလက်များ | |
မူလတိုင်းပြည် | ဘွတ်ရှီမြို့, ဟာ့တ်ဖရှီးယား, အင်္ဂလန် |
ဂီတဟန် | ပေါ့ဂီတ |
တက်ကြွသည့်နှစ်များ | ၁၉၈၁–၁၉၈၆ (ပြန်လည်ပေါင်းစည်းသည့်နှစ်: ၁၉၈၈ နှင့် ၁၉၉၁) |
တေးသံသွင်း ကုမ္ပဏီ |
|
ပူးတွဲ ပါဝင်မှု |
|
ဝက်ဘ်ဆိုက် | georgemichael.com |
အဖွဲ့ဝင်ဟောင်းများ |
|
ဒုတိယအခွေ "ကြီးကျယ်စေမယ်" (Make It Big) သည် ၁၉၈၄တွင် ထွက်ရှိလာကာ ကမ္ဘာအနှံ့အပြားတွင် အောင်မြင်သော ပေါ့အခွေတစ်ခွေဖြစ်ခဲ့၍ ယူကေနှင့် ယူအက်စ်တွင် နံပါတ်တစ်ချိတ်ခဲ့သည်။ အမေရိကတွင် MTV ရုပ်သံကြောင့် ဗြိတိသျှဂီတဝိုင်းများ ထိုးဖောက်အောင်မြင်လာခြင်းနှင့် ဆက်စပ်၍ ၎င်းတို့၏ တစ်ကိုယ်တော်သီချင်းများဖြစ်သည့် "မင်းထွက်...ထွက်ခွာမသွားခင် တို့ကိုနှိုးလှည့်ပါဦး" (Wake Me Up Before You Go-Go) ၊ "သူမလိုချင်သမျှ" (Everything She Wants) ၊ "ပေါ့ဆတီးတိုးသံ" (Careless Whisper) တို့သည် ယူအက်စ် ဘီလ်ဘော့ဒ် ရေပန်းစားသီချင်း (၁၀၀)တွင် ထိပ်၌ရပ်တည်ခဲ့သည်။ ၁၉၈၅တွင် Wham! အဖွဲ့သည် ပထမဆုံးအနောက်နိုင်ငံပေါ့ဂီတအဖွဲ့အနေဖြင့် တရုတ်နိုင်ငံ သို့ဆယ်ရက်ကြာ ခရီးစဉ်ထွက်မည်ဟု လူသိရှင်ကြားကြေညာခဲ့သည်။[5] ထိုပွဲသည် တရုတ်နှင့် အနောက်အုပ်စုတို့ အပြန်အလှန် ချစ်ကြည်မှု ဆက်ဆံရေးကို တိုးမြှင့်ရာ၌ အဓိကအရေးပါသော အချိန်တစ်ခုအဖြစ် မြင်နိုင်သည်။[6]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.