ကက်စပီယံပင်လယ်

From Wikipedia, the free encyclopedia

ကက်စပီယံပင်လယ်
Remove ads

ကက်စပီယံပင်လယ် သည် ကမ္ဘာပေါ်ရှိ သမုဒ္ဒရာနှင့် ဆက်စပ်မနေဘဲ တသီးတခြားရှိနေသော ပင်လယ်များတွင် အကြီးဆုံး ပင်လယ် ဖြစ်သည်။ သမုဒ္ဒရာနှင့် ဆက်စပ်မနေသည့် အတွက် အချို့က ကန် ဟု သတ်မှတ်လေ့ ရှိကြပြီး အချို့ကမူ ပင်လယ်ဟု အပြည့်အဝသတ်မှတ် ခေါ်ဆိုလေ့ ရှိကြသည်။ ကက်စပီယံ ပင်လယ်တွင် မျက်နှာပြင် ဧရိယာ ၁၄၃,၂၀၀ စတုရန်းမိုင် (၃၇၁,၀၀၀ စတုရန်းကီလိုမီတာ) မျှ ရှိပြီး ရေထုထည်အားဖြင့် ၁၈,၈၀၀ ကုဗမိုင် (၇၈,၂၀၀ ကုဗ ကီလိုမီတာ) မျှ ရှိသည်။ ၎င်းသည် ပြင်ပသို့ စီးထွက်ခြင်း မရှိသော ပင်လယ် ဖြစ်ပြီး မြောက်ဘက်တွင် ရုရှားနိုင်ငံ၊ တောင်ဘက်တွင် အီရန်နိုင်ငံ၊ အနောက်ဘက်တွင် အဇာဘိုင်ဂျန်နိုင်ငံ၊ အရှေ့ဘက်တွင် ကာဇက်စတန်နိုင်ငံ နှင့် တာ့ခ်မင်နစ္စတန်နိုင်ငံ တို့က ဝန်းရံ ထားကြသည်။

Thumb
ကက်စပီယံပင်လယ်ကို အာကာသမှ မြင်ရပုံ
Thumb
Stenka Razin (Vasily Surikov)

ရှေးခေတ်အခါက ကက်စပီယံ ပင်လယ်၏ အနီးအနားတွင် နေထိုင်ကြသူများသည် ကက်စပီယံ ပင်လယ်အား သမုဒ္ဒရာဟု ထင်မှတ်မှားခဲ့ကြသည်။ အကြောင်းမှာ ရေငန်များ ရှိခြင်းကြောင့်နှင့် အဆုံးအစမရှိဟု ထင်မှတ် စရာ ရှိသောကြောင့်ပင် ဖြစ်သည်။ ဆားငန်ရေပါဝင်မှုသည် ၁.၂ ရာခိုင်နှုန်း မျှသာ ရှိပြီး ပင်လယ်အများစု ဆားပါဝင်မှု၏ ၃ ပုံ ၁ပုံမျှ သာ ရှိသည်။ ကက်စပီယံပင်လယ်ကို ရှေးခေတ် မြေပုံများတွင် ဂီလန် ဟု ခေါ်ဆိုလေ့ ရှိကြသည်။ အီရန်နိုင်ငံတွင်မူ "မဇန်ဒရန်၏ ပင်လယ်" ဟု အဓိပ္ပာယ်ရသော ပါရှန်းဘာသာစကားဖြင့် ခေါ်ဆိုလေ့ ရှိကြသည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads