မြေပုံ

From Wikipedia, the free encyclopedia

မြေပုံ
Remove ads

မြေပုံ ဆိုသည်မှာ ကမ္ဘာမြေ သို့မဟုတ် ၎င်း၏ အစိတ်အပိုင်းတခု၏ ဒေသဆိုင်ရာ သွင်ပြင်၊ အခြေအနေများကို သင်္ကေတများဖြင့် အမှန်တကယ် တည်ရှိနေသော အရွယ်အစား နှင့် အကွာအဝေးများအား အချိုးကျစနစ်ပုံ အဖြစ် သရုပ်ပြ ရေးဆွဲ ဖော်ပြထားခြင်းဖြစ်သည်။ မြေပုံများတွင် ဖော်ပြချက်များသည် အမှန်တကယ်တည်ရှိနေသော သွင်ပြင်များ အား သင်္ကေတများဖြင့် ဖော်ပြထားခြင်းကြောင့် ဓာတ်ပုံများကဲ့သို့ ဖော်ပြနိုင်သည်ကား မဟုတ်ပေ။ မြေပုံ များအား ရှေးအခါက ကုန်သွယ်မှုခရီးစဉ်များနှင့် စစ်ပွဲများအတွက်သာ အသုံးပြုခဲ့ကြရာမှ လူမှု၊ စီးပွားရေး၊ ပညာရေး နှင့် သုတေသန နယ်ပယ်များအထိ တိုးချဲ့အသုံးပြုလာခဲ့ကြသည်။ မြေပုံ များအား မြေမျက်နှာသွင်ပြင်ပြ မြေပုံများ မှ ရာသီဥတုပြမြေပုံများ၊ လူဦးရေထူထပ်မှု ပြမြေပုံများ၊ စီးပွားရေး နှင့် လမ်းပမ်းဆက်သွယ်ရေးပြ မြေပုံများ စသည်ဖြင့် မြေပုံများကို ပထဝီဝင်နှင့် ဘူမိဗေဒ နယ်ပယ်မှသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး မှအစ ဆေးသိပ္ပံပညာရပ်များအထိအကြောင်းအရာ အမျိုးမျိုးပေါ် မူတည်ကာ ချဲ့ထွင် ရေးဆွဲ လာကြသည်။ စက္ကူ များပေါ်တွင်သာ နှစ်ဖက်မြင် (အလျား နှင့် အနံသာရှိသော) မြေပုံများ၊ သုံးဖက်မြင် (အလျား၊ အနံ၊ အမြင့် ပါရှိသော) ရုပ်လုံးကြွမြေပုံများ မှ မြင့်မားလာသော နည်းပညာများ နှင့် အတူ မြေပုံရေးဆွဲခြင်း အတတ်ပညာများ သည်လည်း မြင့်မားလာခဲ့သည်။

Thumb
ကမ္ဘာ့မြေပုံ
Remove ads

ဆင့်ပွားအနက်အဓိပ္ပာယ်များ

မြေပုံ ဟူသော ဝေါဟာရသည် ကမ္ဘာမြေ ၏ ပထဝီဝင်နှင့် ဘူမိဗေဒ နယ်ပယ်များမှ အခြေအနေ သွင်ပြင်များကိုသာ ဖော်ပြသော အဓိပ္ပာယ်မှ အခြားအသော နယ်ပယ်များသို့ ချဲ့ထွင်သုံးစွဲလာသည်။ နက္ခတ်တာရာများပြ မြေပုံ၊ နှင့် ဂြိုဟ်များ ၏ မြေမျက်နှာသွင်ပြင် နှင့် မြေအောက်အနေအထားပြ မြေပုံများ၊ ဦးနှောက်သွင်ပြင်ပြမြေပုံ ကဲ့သို့သော လူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ ၏ တည်နေရာပြ သရုပ်ပြပုံများ စသည်တို့သည် ပထဝီဝင် နှင့် ဘူမိဗေဒ နယ်ပယ်များမှ လွန်မြောက်သွားသော မြေပုံများဖြစ်သည်။ ထို့အပြင် စီမံချက်များ၏ လုပ်ငန်းအဆင့်ဆင့် ဖော်ပြမှုများကိုပါ သုံးနှုန်းဖော်ပြမှုများ တွင်ပါ နယ်ပယ်ချဲ့ထွင် သုံးစွဲလာခဲ့သည်။ (ဥပမာအားဖြင့် နိုင်ငံရေးလမ်းပြမြေပုံ)

Remove ads

မှီငြမ်းကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads