ကင်ရှာဆာမြို့

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ မြို့တော် From Wikipedia, the free encyclopedia

ကင်ရှာဆာမြို့
Remove ads

ကင်ရှာဆာမြို့ (အင်္ဂလိပ်: Kinshasa) သည် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမြို့တော်နှင့် အကြီးဆုံးမြို့ ဖြစ်ပြီး ကွန်ဂိုမြစ်ကမ်းပေါ်တွင် တည်ရှိသည်။

Thumb
ကွန်ဂိုမြစ်နောက်ခံဖြင့် မြင်ရသော ကင်ရှာဆာမြို့

ယခင်က ငါးဖမ်းရွာကလေး တစ်ရွာသာ ဖြစ်ခဲ့သော်လည်း ယခုအခါတွင် ကင်ရှာဆာမြို့သည် မြို့ပြဧရိယာ တစ်ခု အဖြစ် တည်ရှိပြီး နေထိုင်သူပေါင်း ၁၀သန်းခန့် ရှိသည်။ အိမ်နီးချင်းနိုင်ငံဖြစ်သော ကွန်ဂိုသမ္မတနိုင်ငံ၏ မြို့တော် ဘရာဇာဗီးလ်မြို့နှင့် မျက်နှာချင်းဆိုင် တည်ရှိပြီး ကျယ်ဝန်းသော ကွန်ဂိုမြစ်ကို ဖြတ်၍ လှမ်းမြင်ရသော အနေအထားတွင် ရှိသည်။ မြို့တော်၏ အုပ်ချုပ်ရေး ဒေသမှာ အလွန်ကျယ်ဝန်းလှသဖြင့် မြို့တော်မြေနေရာ၏ ၆၀ ရာခိုင်နှုန်းကျော်မှာ ကျေးလက် အနေအထားဖြင့် တည်ရှိသည်။ မြို့ပြဒေသမှာ ခရိုင်၏ အနောက်ဘက် အစွန်ဆုံး အစိတ်အပိုင်း သေးသေးကလေး တွင်သာ ရှိသည်။


Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads