ကွန်ဂိုသမ္မတနိုင်ငံကို ကွန်ဂို(ဘရာဇာဗီးလ်) (Congo-Brazzaville) ဟုလည်းကောင်း၊ လစ်တဲလ်ကွန်ဂို ဟုလည်းကောင်း၊ ကွန်ဂိုနိုင်ငံ ဟုလည်းကောင်း ခေါ်ဆိုကြပြီး အာဖရိကအလယ်ပိုင်းရှိ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု ဖြစ်သည်။ ဂါဘွန်နိုင်ငံ၊ ကင်မရွန်းနိုင်ငံ၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အင်ဂိုလာနိုင်ငံ၏ ကဗင်ဒါပြည်နယ်၊ ဂီနီပင်လယ်ကွေ့ တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိနေသည်။
အချက်တိုများ မြို့တော် နှင့် အကြီးဆုံးမြို့, ရုံးသုံး ဘာသာစကားများ ...
ကွန်ဂို သမ္မတနိုင်ငံ
République du Congo (ပြင်သစ်)Repubilika ya Kôngo (Kituba)Republíki ya Kongó (Lingala) |
---|
|
ဆောင်ပုဒ်: "Unité, Travail, Progrès" (ပြင်သစ်)( အင်္ဂလိပ်: "Unity, Work, Progress") |
နိုင်ငံတော် သီချင်း: La Congolaise (ပြင်သစ်)Besi Kôngo (Kongo)( အင်္ဂလိပ်: "The Congolese") |
ကမ္ဘာလုံးအနေဖြင့်ပြရန် အာဖရိကတိုက်မြေပုံတွင်ပြရန် |
မြို့တော် နှင့် အကြီးဆုံးမြို့ | ဘရာဇာဗီးလ်မြို့ 4°16′S 15°17′E |
---|
ရုံးသုံး ဘာသာစကားများ | ပြင်သစ် |
---|
အသိအမှတ်ပြု နိုင်ငံတော် ဘာသာစကားများ | [၁] |
---|
လူမျိုးစု | |
---|
ကိုးကွယ်မှု | |
---|
လူမျိုး | Congolese |
---|
အစိုးရ | ပြည်ထောင်စု ကြီးစိုးပါတီ တစိတ်တပိုင်းသမ္မတ သမ္မတနိုင်ငံစနစ် |
---|
• သမ္မတ | ဒဲနစ် ဆာဆို အန်ဂဲဆို |
---|
• ဝန်ကြီးချုပ် | အန်နာတို ကောလီနက် မကာဆို |
---|
ဥပဒေပြုလွှတ်တော် | ပါလီမန် |
---|
| ဆီးနိတ်လွှတ်တော် |
---|
| အမျိုးသားလွှတ်တော် |
---|
လွတ်လပ်ရေးရရှိခြင်း |
---|
• သမ္မတနိုင်ငံတည်ထောင်ခြင်း | ၁၉၅၈ ခုနှစ် နိုဝင်ဘာ ၂၈ ရက် |
---|
| ၁၉၆၀ ခုနှစ် ဩဂုတ်လ ၁၅ ရက် |
---|
ဧရိယာ |
---|
• စုစုပေါင်း | ၃၄၂,၀၀၀ km2 (၁၃၂,၀၀၀ sq mi) (အဆင့်: ၆၄) |
---|
• ရေထု (%) | ၃.၃ |
---|
လူဦးရေ |
---|
• ၂၀၁၆ ခန့်မှန်း | ၅,၁၂၅,၈၂၁[၂] (အဆင့် - ၁၁၇) |
---|
• သိပ်သည်းမှု | ၁၂.၈/km2 (၃၃.၂/sq mi) (အဆင့် - ၂၀၄) |
---|
GDP (PPP) | ၂၀၁၉ ခန့်မှန်း |
---|
• စုစုပေါင်း | $၃၂.၅၁၆ ဘီလီယံ |
---|
• Per capita | $၇,၁၁၉[၃] |
---|
GDP (nominal) | ၂၀၁၉ ခန့်မှန်း |
---|
• စုစုပေါင်း | $၁၁.၁၆၂ ဘီလီယံ |
---|
• Per capita | $၂,၄၄၄[၃] |
---|
Gini (၂၀၁၁) | ၄၀.၂[၄] အလယ် |
---|
HDI (၂၀၁၉) | ၀.၅၇၄[၅] အလယ် · ၁၄၉ |
---|
ငွေကြေး | ဗဟိုအာဖရိကဖရန့် (XAF) |
---|
အချိန်ဇုန် | WAT (UTC+1) |
---|
ယာဉ်ကြောစနစ် | ညာ |
---|
တယ်လီဖုန်းကုဒ် | +၂၄၂ |
---|
Internet TLD | .cg |
---|
ပိတ်ရန်
ကွန်ဂိုမြစ်ဝကျွန်းပေါ်ဒေသနှင့် ကုန်ကူးသန်းရောင်းဝယ်ရေး လုပ်ကိုင်ကြသော ဘန်တူလူမျိုးစုများက အများစုဖြစ်သည်။ ယခင်က ပြင်သစ်ကိုလိုနီဖြစ်ခဲ့သည်။ [၆] ၁၉၆၀တွင် လွတ်လပ်ရေးလာပြီးနောက် ကွန်ဂိုသမ္မတနိုင်ငံဖြစ်လာသည်။ ယင်းနောက် ၁၉၇၀မှ ၁၉၉၁အထိ မာ့ခ်စ်-လီနင်ဝါဒီ တစ်ပါတီစနစ်ဖြင့် ကွန်ဂိုပြည်သူ့သမ္မတနိုင်ငံ ဖြစ်လာသည်။ ၁၉၉၂မှစပြီး ပါတီစုံ ဒီမိုကရေစီစနစ်ဖြင့် ရွေးကောက်ပွဲများကျင်းပခဲ့သည်။ ၁၉၉၇တွင် ပြည်တွင်းစစ် ဖြစ်ပွားပြီး ဒီမိုကရေစီအစိုးရအဖွဲ့မှာ အာဏာသိမ်းခြင်းခံရသေးသည်။