ဂျက်ကလင်း ကနေဒီ အိုနာဆစ်

အမေရိကန်ပြည်ထောင်စု၏သမ္မတကတော် From Wikipedia, the free encyclopedia

ဂျက်ကလင်း ကနေဒီ အိုနာဆစ်
Remove ads

ကွယ်လွန်သူ အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ၏ဇနီးဖြစ်ခဲ့ပြီး နောင်အခါတွင် ဂရိသင်္ဘောလုပ်ငန်းရှင် သူဌေးကြီး အိုနာဆစ်နှင့် လက်ဆက်ခဲ့ပြီးနောက် မုဆိုးမနှစ်ကြိမ်ဖြစ်ခဲ့သူ ဂျက်ကလင်းကနေဒီအိုနာဆစ်ကို အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် လောင်းအိုင်းလင်း၊ ဆောက်သမ္ပတန်မြို့တွင် ၁၉၂၉ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့တွင် မွေးဖွားခဲ့ သည်။ ငယ်မည်မှာ ဂျက်ကလင်းဘိုဗီးယားဖြစ်ပြီး မိဘနှစ်ပါးမှာဂျွန်ဘိုဗီးယား နှင့်ဂျက်နက်ဘိုဗီးယားတို့ ဖြစ်ကြသည်။ ငယ်စဉ်က ဂျော့ဝါရှင်တန်တက္ကသိုလ် ဗာဆာကောလိပ်နှင့် ပြင်သစ်နိုင်ငံ ပဲရစ်တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့ သည်။ ၁၉၅၂ ခုနှစ်တွင် ဝါရှင်တန် တိုင်းမ်စ်ဟာရဲလ်ဒ် သတင်းစာတိုက်တွင် ဓာတ်ပုံသတင်းထောက်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

အချက်တိုများ ဂျက်ကလင်း ကနေဒီ အိုနာဆစ် ...

ဂျက်ကလင်းဘိုဗီးယားသည် ၁၉၅၃ ခုနှစ်တွင် မက်ဆာချူးဆက်ပြည်နယ်မှ ဆီးနိတ်လွှတ်တော် အမတ်ဂျွန်အက်ဖ်ကနေဒီ နှင့် လက်ထပ်ခဲ့သည်။ ဂျွန်အက်ဖ်ကနေဒီသည် ၁၉၆၁ ခုနှစ်တွင် အမေရိကန်ပြည် ထောင်စု၏ ၃၅ ဦးမြောက်သမ္မတဖြစ်လာခဲ့သည်။ ဂျက်ကလင်းသည် ဂျွန်အက်ဖ်ကနေဒီနှင့် သားနှစ်ယောက် သမီးတစ်ယောက် ထွန်းကားခဲ့ရာ သားတစ်ယောက်မှာ ကွယ်လွန်ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ခင်ပွန်းဖြစ်သူ သမ္မတဂျွန်အက်ဖ်ကနေဒီ လုပ်ကြံခံလိုက်ရသောအခါ ဂျက်ကလင်းကနေဒီသည် မုဆိုးမဘဝသို့ အသက် ၃၄ နှစ်အရွယ်၌ ရောက်ခဲ့ရသည်။

ခင်ပွန်းသည်ရှိစဉ်ကာလအတွင်း သမ္မတအိမ်ဖြူတော်၏ သမိုင်းဝင်ပြန်လည်ပြုပြင် တည်ဆောက်ရေး လုပ်ငန်းများ၌ ရှေ့ဆောင်ရှေ့ရွက်ပြု၍ ကြီးကြပ်ဆောင်ရွက်ခဲ့သည်။ ၁၉၆၂ခုနှစ်တွင် သမ္မတ၏တာဝန်ပေး ချက်အရ သမ္မတ၏အထူး ကိုယ်စားလှယ်အဖြစ် အိန္ဒိယနိုင်ငံသို့ အလည်အပတ်ခရီးသွားရောက်ခဲ့သည်။

၁၉၆၈ ခုနှစ်တွင် ဂျက်ကလင်းကနေဒီသည် ဂရိသင်္ဘောလုပ်ငန်းရှင်သူဌေးကြီး အရစ္စတိုတယ်လ် အိုနာဆစ်နှင့် လက်ထပ် ခဲ့သည်။ သူဌေးကြီးအိုနာဆစ်သည် ၁၉၇၅ ခုနှစ်တွင် ကွယ်လွန်ခဲ့သောအခါ ဂျက်က လင်းကနေဒီ အိုနာဆစ်သည် ဒုတိယအကြိမ်မုဆိုးမဖြစ်ခဲ့ရပြန်သည်။ ထို့နောက်ပိုင်းတွင် ဂျက်ကလင်းသည် လူထင်ပေါ်သောလုပ်ငန်းများကို ရှောင်ရှားရင်း ဘဝကို အလုပ်ထဲ၌သာ နစ်မြုပ်ခဲ့သည်။

၁၉၇၅ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ ဗိုက်ကင်းစာအုပ် ထုတ်ဝေရေးလုပ်ငန်းတွင် အတိုင်ပင်ခံအဖြစ် လည်းကောင်း၊ ဒဗ်ဘယ်လ်ဒေးနှင့် ကုမ္ပဏီတွင် တွဲဖက်အယ်ဒီတာအဖြစ် ၁၉၇၈ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ နှင့် ၁၉၈၂ ခုနှစ်တွင် အယ်ဒီတာအဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။

ဂျက်ကလင်းကနေဒီအိုနာဆစ်သည် ကင်ဆာရောဂါဖြင့် ဆေးရုံတက်ကုသနေရာမှ ဆရာဝန်များက လက်လျှော့လိုက်သဖြင့် နယူးယောက်မြို့ နေအိမ်သို့ ပြန်ခေါ်ခဲ့ပြီးနောက် တစ်နေ့ ဖြစ်သော ၁၉၉၄ ခုနှစ်၊ မေလ ၁၉ ရက်နေ့ ကြာသပတေးနေ့ည ၁ဝ နာရီ ၁၅ မိနစ်တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် သားဂျွန်အက်ဖ်ကနေဒီ ဂျူနီယာနှင့် သမီးကာရိုလင်း ကနေဒီ ရှလောစ်ဘတ်တို့ ကျန်ရစ်ခဲ့ကြသည်။

[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads