ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့
အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်း From Wikipedia, the free encyclopedia
Remove ads
ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (အင်္ဂလိပ်: World Wide Fund for Nature; အတိုကောက် WWF) သည် ၁၉၆၁ ခုနှစ် ဧပြီလ ၂၉ ရက်တွင် စတင် တည်ထောင်ပြီး ဇီဝမျိုးကွဲများ ထိန်းသိမ်းရေးနှင့် လူသားတို့၏ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်စေနေမှုများအား လျှော့ချရေး ဆိုင်ရာ နယ်ပယ်များတွင် လုပ်ကိုင်ဆောင်ရွက်နေသည့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ ကမ္ဘာ့သားငှက်တိရစ္ဆာန်ရန်ပုံငွေအဖွဲ့ ဟုယခင်က ခေါ်တွင်ခဲ့ပြီး ကနေဒါနှင့် အမေရိကန် နိုင်ငံများတွင် ယင်းအမည်ကို ယနေ့ထက်တိုင် အသုံးပြုနေဆဲ ဖြစ်သည်။
ယင်းသည် ကမ္ဘာ့အကြီးဆုံးပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ဖြစ်ပြီး ကမ္ဘာအဝှမ်း ထောက်ခံပံ့ပိုးသူပေါင်း ၅ သန်းကျော် ရှိကာ နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး စီမံကိန်းပေါင်း ၁၃၀၀ ခန့် [၃] ကို ပံ့ပိုးပေးနေပါသည်။ WWF သည် ၂၀၁၄ ခုနှစ်အတွင်း လူပုဂ္ဂိုလ်များနှင့် သေတမ်းစာဖြင့် ချန်ထားခဲ့သည်များမှ ရန်ပုံငွေ ၅၅%၊ (ကမ္ဘာ့ဘဏ်၊ DFID၊ USAID တို့ကဲ့သို့သော) အစိုးရ အရင်းအမြစ်များထံမှ ၁၉% နှင့် စီးပွားရေး ကော်ပိုရေးရှင်းကြီးများထံမှ ၈% ရရှိသော ဖောင်ဒေးရှင်း[၄] တစ်ခု ဖြစ်သည်။[၁]
အဖွဲ့၏ ရပ်တည်ချက်သည် "ဂြိုဟ်ကမ္ဘာ၏ သဘာဝပတ်ဝန်းကျင် ယုတ်လျော့ပျက်ယွင်းလာနေမှုကို တားဆီးရန်နှင့် လူသားများနှင့် သဘာဝ သဟာဇာတ ဖြစ်စွာ နေထိုင်ကြသည့် အနာဂတ်တစ်ခု တည်ဆောက်ရန်" ဖြစ်သည်။[၅] လက်ရှိအချိန်တွင် ကမ္ဘာ့ ဇီဝမျိုးစုံမျိုးကွဲများ အဓိက နေထိုင် ကျက်စားကြရာ အစိတ်အပိုင်းကြီး ၃ ခုဖြစ်သည့် သမုဒ္ဒရာနှင့် ကမ်းရိုးတမ်းဒေသများ၊ သစ်တောများနှင့် ရေချိုဒေသများ၏ ဂေဟစနစ်များအား ထိန်းသိမ်းခြင်းကို အဓိက အာရုံစိုက်ထားသည်။
Remove ads
သမိုင်းကြောင်း
WWF ဆိုသည့် အဖွဲ့ကြီးသည် ၁၉၆၁ ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် မော့ဂ်ကြေညာစာတမ်းဟုခေါ်သည့် ခံယူချက် ပြင်းပြကြသည့် လူပုဂ္ဂိုလ် အစုအဖွဲ့ငယ်လေး တစ်ခုက ထုတ်ပြန်လိုက်သည့် ကြေညာချက်တစ်ခုနှင့် အတူ ကမ္ဘာပေါ်၌ စတင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ယင်း၏ ပထမဆုံးသော ရုံးကို ဆွစ်ဇာလန်နိုင်ငံ မော့ဂ်မြို့တွင် ၁၉၆၁ ခုနှစ် စက်တင်ဘာလ၌ ဖွင့်လှစ်ခဲ့သည်။ စတင်ဖွဲ့စည်းစဉ်က "ကမ္ဘာ့သားငှက်တိရစ္ဆာန်ရန်ပုံငွေအဖွဲ့ (World Wildlife Fund)" ဟု မှည့်ခေါ်ခဲ့သည်။ သို့ပေမယ့် ၁၉၈၆ ခုနှစ်တွင် ဤအမည်သည် အဖွဲ့အစည်း၏ လုပ်ငန်းအားလုံးကို ခြုံငုံကိုယ်စားပြုနိုင်ခြင်း မရှိတော့ဟု ယူဆခဲ့သဖြင့် "ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (World Wide Fund for Nature)" ဟု အမည်ပြောင်းလဲခဲ့သည်။ သို့သော်လည်း အမေရိကန်နှင့် ကနေဒါ နိုင်ငံများရှိ အဖွဲ့ခွဲများက အမည်ဟောင်းကိုသာ ဆက်လက် သုံးစွဲခဲ့ကြသည်။ ထိုသို့ အမည်နာမ ရှုပ်ထွေးမှုက အဖွဲ့ခွဲများ တည်ရှိရာ နိုင်ငံများ၏ ဘာသာစကားပေါင်း ၁၅ မျိုးကျော်သို့ ဘာသာပြန်သည့်အခါ အခက်အခဲများ ဖြစ်ပေါ်စေခဲ့သောကြောင့် ၁၉၆၁ ခုနှစ် စတင် တည်ထောင်စဉ်ကတည်းက လူအများ သိရှိအကျွမ်းဝင်ခဲ့ကြပြီး ဖြစ်သည့် အတိုကောက်စကားလုံး ဖြစ်သော WWF ကိုသာ တစ်ကမ္ဘာလုံး ဘုံအဖြစ် အသုံးပြုကြရန် ၂၀၀၁ ခုနှစ်တွင် အဖွဲ့ခွဲများအကြား သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။
Remove ads
ပန်ဒါ အမှတ်တံဆိပ်၏ နောက်ခံအကြောင်းအရင်း
၁၉၆၁ ခုနှစ်တွင် လန်ဒန်တိရစ္ဆာန်ရုံသို့ ရောက်ရှိလာခဲ့သည့် ပန်ဒါမလေး ချီချီ၏ လွှမ်းမိုးမှုမှတဆင့် WWF က ဖန်တီးယူခဲ့ခြင်း ဖြစ်သည်။
ဘာသာစကားဆိုင်ရာ အတားအဆီး အားလုံးကို ကျော်လွှားနိုင်လောက်မည့် ခိုင်မာပြီး သိရှိမှတ်မိလွယ်သော အမှတ်တံဆိပ် တစ်ခု ဖြစ်ရန်လိုသောကြောင့် အမွှေးပွပွ ခန္ဓာကိုယ်ကြီးရှိပြီး အနက်ရောင် အကွင်းအဝိုင်းလေးနဲ့ မျက်ဝန်းတွေက အလွန်ကောင်းသည့် အမှတ်တံဆိပ် ဖြစ်လိမ့်မည်ဟု WWF ၏ တည်ထောင်သူများက ရှုမြင်ခဲ့ကြသည်။ ပထမဆုံး ပန်ဒါအမှတ်တံဆိပ် ပုံကြမ်းကို ဗြိတိသျှလူမျိုး ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားနှင့် အနုပညာရှင် ဂျရယ် ဝက်တာဆန် (Gerald Watterson) က ရေးဆွဲပေးခဲ့သည်။ ယင်းပုံကြမ်းအပေါ် အခြေခံ၍ အဖွဲ့တည်ထောင်သူ တစ်ဦးဖြစ်သည့် ဆာ ပီတာစကော့ (Sir Peter Scott) က ပထမဆုံး အမှတ်တံဆိပ်ကို ရေးဆွဲခဲ့ပြီး "ကျွန်တော်တို့ရဲ့ အမှတ်တံဆိပ်က ရှားပါးပြီး လှပလို့ လူအများက ချစ်ကြတဲ့ တိရစ္ဆာန်တစ်မျိုး ဖြစ်ဖို့လိုပြီး ပုံနှိပ်တဲ့အခါ ကုန်ကျစရိတ်ကို ချွေတာနိုင်စေမယ့် အဖြူနဲ့ အနက်ရောင်ပဲ ပါတဲ့ အကောင်မျိုးကို ပို သဘောကျပါတယ်။" ဟု ပြောခဲ့သည်။
ထိုအချိန်မှစ၍ ပန်ဒါအမှတ်တံဆိပ်သည် ကမ္ဘာအဝှမ်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေရဲ့ ပြယုဂ်တစ်ခု ဖြစ်လာခဲ့သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads