ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်
ကုလသမဂ္ဂ၏ စားနပ်ရိက္ခာထောက်ပံ့ရေး ကဏ္ဍခွဲ From Wikipedia, the free encyclopedia
Remove ads
ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (အင်္ဂလိပ်: World Food Programme; အတိုကောက် WFP) သည် ကုလသမဂ္ဂ၏ စားရေရိက္ခာနှင့်ပတ်သတ်သော အကူအညီများအတွက် ဌာနခွဲတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် အကြီးဆုံး လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အေဂျင်စီတစ်ခုဖြစ်သည်။ ဒဗလျူအက်ဖ်ပီသည် ပျမ်းမျှအားဖြင့် ကမ္ဘာပေါ်ရှိ ကလေးငယ် ၅၈ သန်းအပါအဝင် လူ သန်းပေါင်း ၉၀ ကို နှစ်စဉ် စားနပ်ရိက္ခာထောက်ပံနေသည်။ [၁] သူ၏ဌာနချုပ်ရှိရာ ရောမမြို့ နှင့် ကမ္ဘာပေါ်ရှိ နိုင်ငံအလိုက် အခြားရုံးခွဲ ၈၀ ကျော်မှနေ၍ ဒဗလျူအက်ဖ်ပီသည် မိမိနှင့် မိမိ၏ မိသားစုအတွက် အစားအသောက်အလုံအလောက် မထုတ်လုပ်နိုင် သို့ မစိုက်ပျိုးနိုင်သော သောသူတို့ကို ကူညီနိုင်ရန် လုပ်ဆောင်ပေးနေသည်။

Remove ads
ကျမ်းကိုးစာရင်း
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads