ကမ္ဘာ့ဆရာများနေ့

ဆရာများအားလေးစားသောအားဖြင့် ဂုဏ်ပြုသတ်မှတ်ထားသောနေ့ From Wikipedia, the free encyclopedia

ကမ္ဘာ့ဆရာများနေ့
Remove ads

ကုလသမဂ္ဂယူနက်စကိုအဖွဲ့ကြီးမှ ကြီးမှူးကာ ၁၉၉၄ ခုနှစ်မှစတင်၍ နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့ အဖြစ် သတ်မှတ်ပြီး ကမ္ဘာတစ်ဝန်းကျင်းပလာခဲ့သည် ဤနေ့တွင် ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၀၀၌ "ကမ္ဘာ့ဆရာများနေ့" ကို ကျင်းပလေ့ရှိသည်။

Thumb
ကမ္ဘာ့ဆရာများနေ့

"ပူဇာစ ပူဇ နေယျာနံ" ပူဇော်ထိုက်သောသူကို ပူဇော်ရခြင်းသည် မြတ်သောမင်္ဂလာပင်ဖြစ်ကြောင်း (၃၈) ဖြာ မင်္ဂလာတရားတော်၌ ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့ပေသည်။ ထိုပူဇော်ထိုက်သော အနန္တောအနန္တဂိုဏ်းဝင်များတွင် ဘုရားတရားသံဃာမိဘနှင့်အတူ အာစရိယဆရာသည်လည်း တစ်ပါးအပါအဝင် ဖြစ်သည်။

ဆရာ ဆရာမများသည် ပညာကို သင်ကြားတတ်မြောက်စေရန်မကဘဲ ဘဝအတွက် "လမ်းပြကြယ်များဖြစ်သည်။ တစ်နည်းအားဖြင့် တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်ပေးနိုင်သော အနာဂတ်မျိုးဆက်သစ် လူငယ်များကို မွေးထုတ်ပေးနေကြသူများ ဖြစ်သည်။

ဆရာဆရာမများ၏ ဂုဏ်ကျေးဇူးကို မမေ့အပ်ပေသည်။ ဆရာဆရာမများအား ကျေးဇူးဆပ်ခြင်း၊ ကျေးဇူးသိခြင်း၊ ကျေးဇူးကိုအောက်မေ့သတိရခြင်းတို့ဖြင့် ဆရာနှင့်တပည့် အပြန်အလှန်ကျေးဇူးသိတတ်ခြင်း၊ တန်ဖိုးထားလေးစားခြင်းတို့ဖြင့် လောကကောင်းကျိုးတရားများ ရှင်သန်တိုးပွားစေမည်ဖြစ်ပါကြောင်းေရသားခဲ့သည်။[]

Remove ads

Logo Design ဖြစ်ပေါ်လာပုံ

အ.ထ.က(၂)လသာ မှ ကျောင်းသူ ၂ ဦး မချိုဇော်အောင်နှင့် မဇင်ဇော်အောင် တို့ ရေးဆွဲခဲ့သည့် ကမ္ဘာ့ဆရာ

နေ့ အထိမ်းအမှတ် Logo Design ကို ပညာရေးဝန်ကြီးမှ ရွေးချယ်ခဲ့သည်။[][]

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads