ကယန်းအမျိုးသားများ စည်းလုံးညီညွတ်ရေး ဒီမိုကရေစီအဖွဲ့
From Wikipedia, the free encyclopedia
Remove ads
ကယန်းအမျိုးသားများ စည်းလုံးညီညွတ်ရေး ဒီမိုကရေစီအဖွဲ့ (အင်္ဂလိပ်: Democratic Organisation for Kayan National Unity; DOKNU) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီဟောင်းတစ်ခု ဖြစ်သည်။
သမိုင်းကြောင်း
၈၈၈၈ အရေးအခင်းပြီးနောက် ၁၉၉၀ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် သုံးနေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။[၁] မဲအရေအတွက်၏ ၀.၁၂% ရရှိခဲ့ပြီး ဖယ်ခုံမြို့နယ်တွင် ဦးခွန်မာကိုဘန်းနှင့် သံတောင်မြို့နယ်တွင် ဦးအာပီသောင်း တို့ အနိုင်ရရှိခဲ့သည်။[၂]
၁၉၉၂ ခုနှစ်တွင် စစ်အစိုးရက ပါတီအား ပိတ်ပင်ခဲ့သည်။[၂] ပါတီဝင်များက နောက်ပိုင်းတွင် ကယန်း အမျိုးသားပါတီ ကို တည်ထောင်ခဲ့သည်။[၃]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads