သံတောင်မြို့
From Wikipedia, the free encyclopedia
Remove ads
သံတောင်မြို့ သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ပါဝင်သည့် တောင်ပေါ်အပန်းဖြေ မြို့ငယ်တစ်ခု ဖြစ်သည်။ ယခင်က ကယားပြည်နယ်တွင်ပါဝင်သော သံတောင်မြို့သည် ရှေးယခင်က တောင်ငူခရိုင်တွင်တစ်ခုတည်းသော တောင်စခန်းမြို့ဖြစ်၍ တောင်ငူမြို့မှအရှေ့မြောက်ဘက် ၂၂ မိုင်ခန့်ဝေး သည့် နေရာတွင်တည်ရှိ၏။
စခန်းတည်ရာမှာ ပင်လယ်ရေမျက်နှာပြင်ထက်ပေ ၄၂ဝဝမြင့်၍ တောင်စွယ်တခု၏ အစွန်းတွင်ရှိ၏။ ပတ်ဝန်းကျင်တွင် တောတောင်ဥယျာဉ်တို့ဖြင့် တန်ဆာဆင်အပ်သော သဘာဝအလှကိုတွေ့ရ၏။ ရာသီဥတုမှာ အလွန်ပူသောအချိန်များ၌ပင် အပူချိန်ဖာရင်ဟိုက် ရဝဒီဂရီထက်မပိုချေ။ မိုးအခါများ၌ မိုးသည်းထန်စွာရွာသွန်း၏။ ကော်ဖီမှုန့်၊ လက်ဖက်ခြောက်၊ပန်းနှင့် သစ်သီးများ ထွက်၏။
တောင်ငူမှ သံတောင်သို့ ၂၈ မိုင်ရှည်လျားသော မော်တော်ကားလမ်းရှိသည်။ ပသီချောင်းအထိ ပထမ ၁၃မိုင်သည် မော်ချီးမြို့သို့သွားသော မော်တော်ကားလမ်းအတိုင်း ဖြစ်၍ ကတ္တရာလမ်းဖြစ်၏။ ပသီချောင်းမှလမ်းသည် တစ်ဖန် ဝဲဘက်သို့ သံတောင်အထိရောက်လေသည်။ ယာဘက်လမ်းသည် မော်ချီးသို့သွားသောလမ်းဖြစ်သည်။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads