ကယားပြည်နယ် တရားလွှတ်တော်

From Wikipedia, the free encyclopedia

Remove ads

ကယားပြည်နယ်တရားလွှတ်တော် သည် ကယားပြည်နယ်တွင် အမြင့်ဆုံးတရားရုံးဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံးအဆင့်ရှိ တရားရုံးဖြစ်ကာ ခရိုင်တရားရုံး (၂)ရုံး၊ မြို့နယ်တရားရုံး (၇)ရုံးရှိသည်။

အချက်တိုများ ကယားပြည်နယ်တရားလွှတ်တော် High Court of the Kayah State, နိုင်ငံ ...
Remove ads

သမိုင်းကြောင်း

၂၀၁၁ခုနှစ် မတ်လ ၃၀ရက်နေ့မှစ၍ ၂၀၀၈ အခြေခံဥပဒေအရ ယခင် ကယားပြည်နယ်တရားရုံးကို ကယားပြည်နယ်တရားလွှတ်တော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထိုစဉ်က တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး(၂)ဦး စုစုပေါင်း (၃)ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

တည်နေရာ

ကယားပြည်နယ်တရားလွှတ်တော်သည် လွိုင်ကော်မြို့ မင်းစုရပ်ကွက်၊ လွိုင်ကော်-ရှားတောလမ်းနှင့် သမိန်ထောလမ်းထောင့်တွင် တည်ရှိသည်။

တရားလွှတ်တော်တရားသူကြီးချုပ်များ(၂၀၁၁ မှ လက်ရှိ)

  • ဦးတင်ဝင်း(၃၀-၃-၂၀၁၁ မှ ၂၈-၂-၂၀၁၂ )
  • ဦးကျော်လင်းမောင်(၂၉ -၂-၂၀၁၂ မှ ၁၄-၇-၂၀၂၁)
  • ဒေါ် သန်းသန်းအေး(၁၄-၇-၂၀၂၁ မှ ၁၂-၃-၂၀၂၃)
  • ဦးထွန်းထွန်းဦး(၁၂-၃-၂၀၂၃ မှ လက်ရှိ)

ဖွဲ့စည်းပုံ

ကယားပြည်နယ်တရားလွှတ်တော်ကို ခရိုင်တရားရုံး (၂)ရုံး၊ မြို့နယ်တရားရုံး (၇)ရုံးဖြင့် ဖွဲ့စည်းထားသည်။[]

ခရိုင်တရားရုံးများ

  • လွိုင်ကော်ခရိုင်တရားရုံး
  • ဘောလခဲခရိုင်တရားရုံး

မြို့နယ်တရားရုံးများ

  • လွိုင်ကော်မြို့နယ်တရားရုံး
  • ဒီးမော့ဆိုမြို့နယ်တရားရုံး
  • ဖရူဆိုမြို့နယ်တရားရုံး
  • ရှား​​တောမြို့နယ်တရားရုံး
  • ဘောလခဲမြို့နယ်တရားရုံး
  • ဖား​ဆောင်းမြို့နယ်တရားရုံး
  • မယ်စဲ့မြို့နယ်တရားရုံး

တရားသူကြီးများ

၂၀၂၀ပြည့်နှစ်တွင် ပြည်နယ်တရားလွှတ်တော်၌ တရားသူကြီးချုပ်အပါအဝင် (၃)ဦးရှိသည်။ ပြည်နယ်တရားလွှတ်တော်အောက်တွင် တရားသူကြီးချုပ်ရုံးနှင့် ပြည်နယ်တရားရေးဦးစီးမှူးရုံးတို့ရှိသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads