ထွန်းထွန်းဦး (တရားသူကြီး)

From Wikipedia, the free encyclopedia

Remove ads

ဦးထွန်းထွန်းဦး (တရားသူကြီး) (၁၉၆၃ ဖွား) သည် လက်ရှိ ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဖြစ်သည်။[]

အချက်တိုများ ထွန်းထွန်းဦး, ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ...
Remove ads

ဝန်ထမ်းဘဝ

၁၉၈၄ ခုနှစ် တွင် LL.B ဥပဒေဘွဲ့ရပြီးနောက် ၃နှစ်အကြာ ဦးထွန်းထွန်းဦး သည် တရားရေးဌာန သို့ စတင်ဝင်ရောက်ခဲ့သည်။စတင်ဝင်ရောက်ချိန်သူသည် တရားရေးအရာရှိ အဆင့်(၄) ဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး တရားစီရင်ရေးကဏ္ဍအသီးသီးတွင် တရားသူကြီးအဖြစ် ၃၄ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့သည့် ရာထူးမှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ညွှန်ကြားရေးမှူး ဖြစ်သည်။ []

တရားလွှတ်တော်တရားသူကြီးဘဝ

ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီး အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဦးထွန်းထွန်းဦးကို ၂၀၂၁ ခုနှစ် ဇူလိုင်လ တွင်ခန့်အပ်သည်။[] ပြည်နယ်တရားသူကြီးချုပ် ဒေါ် သန်းသန်းအေး ပင်စင် ယူသွား၍ ထိုနေရာသို့ အစားထိုးဝင်ရောက်သည်။ ၂၀၂၃ မတ်လ ၁၃ရက်တွင် ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် တရားဝင် တာဝန်ထမ်းဆောင်သည်။

မိသားစုဘဝ

သူသည် အိမ်ထောင်သည် တစ်ဦး ဖြစ်သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads