ကရီယန်ဆတ်ချိုမာနန်၊ ဗိုလ်ချုပ်ကြီး
From Wikipedia, the free encyclopedia
Remove ads
ထိုင်းနိုင်ငံ ဝန်ကြီးချုပ်အဖြစ် ၁၉၇၉ ခုနှစ် ပိုင်းအထိ တာဝန် ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီး ကရီယန်ဆတ်ချိုမာနန် (ထိုင်း: เกรียงศักดิ์ ชมะนันทน์) သည် ၁၉၁၇ ခုနှစ်တွင် မွေးဖွားသည်။ ထိုင်း စစ်တက္ကသိုလ် ကျောင်းတော်နှင့် အမေရိကန်ပြည်ထောင်စု စစ်ဦးစီးတက္ကသိုလ် များတွင် ပညာဆည်းပူးခဲ့သည်။

ဒုတိယကမ္ဘာစစ်ကြီးနှင့် ကိုးရီးယားစစ်ပွဲတွင် ပါဝင်အမှု ထမ်းဆောင်ခဲ့သည်။ ၁၉၇၄ ခုနှစ်အထိထိုင်း နိုင်ငံ စစ်ဌာနချုပ်တွင် ဒုတိယစစ်ဦးစီးချုပ်အဖြစ် အမှုထမ်းဆောင်ခဲ့ပြီး ၁၉၇၄-၇၆ ခုနှစ်တွင် စစ်ဦးစီးချုပ်ရာထူးတွင် အမှုထမ်းဆောင်ခဲ့သည်။ ၁၉၇၆-၇၇ ခုနှစ်တွင် ဘုရင့်တပ်မတော်၌ ဒုတိယ စစ်သေနာပတိချုပ် အဖြစ် တာဝန်ထမ်းဆောင်ပြီး ၁၉၇၇ ခုနှစ်တွင် စစ်သေနာပတိချုပ် ဖြစ်လာသည်။ ၁၉၇၆ ခုနှစ်နှင့် ၁၉၇၇ ခုနှစ်တွင် ထိုင်းနိုင်ငံတွင် တပ်မတော်က အာဏာသိမ်းရာတွင် ပါဝင်ခဲ့သူဖြစ် သည်။ ထို့နောက် ၁၉၇၆ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ အမျိုးသား အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေး ကောင်စီတွင် အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင် ခဲ့လေသည်။
၁၉၇၆ ခုနှစ် အောက်တိုဘာလမှ ၁၉၇၇ ခုနှစ် အောက်တိုဘာလ အထိ ဝန်ကြီးချုပ်အတိုင်ပင်ခံအဖွဲ့တွင် ဒုတိယ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ၁၉၇၇ ခုနှစ် အောက်တိုဘာလမှနိုဝင်ဘာ လအထိ တော်လှန်ရေးကောင်စီ အထွေထွေအတွင်းရေးမှူးအဖြစ် လည်းကောင်း၊ အမျိုးသားငြိမ်းချမ်းရေးအဖွဲ့ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ တိုင်းပြည်တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၇၇ ခုနှစ် နိုဝင်ဘာလတွင် ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်သည်။
ထို့နောက် ၁၉၇၉ ခုနှစ်တွင် ထိုင်းနိုင်ငံ ဘုရင့်အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခွင့်ရပြီး ဗီယက်နမ်၊ ကမ်ပူးချား၊ အရှေ့တောင်အာရှ အသင်းစသည် နိုင်ငံတကာ အရေးအခင်းများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည်။ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့သူ ကရီယန်ဆတ် ချိုမာနန်သည် အမျိုးသားစည်း လုံးညီညွတ်ရေး ကိစ္စများကို အလေးထားဆောင်ရွက်ရင်း စည်းမျဉ်းခံဘုရင်စနစ်ကို ကာကွယ်ကာ အိမ်နီးချင်း နိုင်ငံများနှင့်ပါ ရင်းနှီးချစ်ကြည်စွာဆက်ဆံခဲ့သူဖြစ်သည်။
ထိုင်းအစိုးရက ကုန်ဈေးနှုန်းများကို အများအပြား မြှင့်တင်လိုက်သောအခါ ကရီယန်ဆတ်ဆန့်ကျင် ရေးလှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့ပြီး ဗိုလ်ချုပ်ကြီးကရီယန်ဆတ်အား ရာထူးမှဖယ်ရှား ပေးရန် အတိုက်အခံနိုင်ငံ ရေးသမားများနှင့် ကျောင်းသားများက တောင်းဆိုခဲ့ကြလေသည်။ [၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads