ကလျာဏီသိမ်တော်ကြီး

From Wikipedia, the free encyclopedia

ကလျာဏီသိမ်တော်ကြီးmap
Remove ads

ကလျာဏီ သိမ်တော်ကြီးသည် ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ သိမ်တော်ကြီးဖြစ်ပြီး ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီးတွင် တည်ရှိသည်။ ကလျာဏီသိမ်သည် ဘုရားဖူးများ သွားလာမှုများရာ နေရာတစ်ခု[]ဖြစ်ပြီး ပါဠိမွန်ဘာသာတို့ဖြင့် ခရစ်နှစ် ၁၄၈၀ ခုနှစ်လောက်တွင် ရေးထိုးခဲ့သော ကလျာဏီကျောက်စာများ တည်ရှိရာနေရာဒေသလည်း ဖြစ်သည်။[][] ယင်းကျောက်စာများတွင် မဇ္ဈိမဒေသ သာသနာဝင်၊ ပုဂံ သာသနာဝင်၊ ဟံသာဝတီ သာသနာဝင်၊ ကလျာဏီသိမ် သမုတ်ခြင်း အကြောင်း၊ ရာမညတိုင်း စေတီသမိုင်း၊ ရွှေမော်ဓောစေတီသမိုင်း စသည်တို့ကို အကျယ်တဝင့် အသေးစိတ် ရေးထိုးဖော်ပြထားသဖြင့် သာသနာဝင်နှင့် သမိုင်းအဖို့ များစွာ အထောက်အပံ့ရသော ကျောက်စာများဖြစ်သည်။ []

အချက်တိုများ ကလျာဏီသိမ်တော်ကြီး, အချက်အလက်များ ...
Remove ads

သမိုင်းကြောင်း

ကလျာဏီသိမ်တော်ကို ဟံသာဝတီပြည့်ရှင် ဓမ္မစေတီမင်းက ခရစ်နှစ် ၁၄၇၆ ခုနှစ်တွင် သိက္ခာသစ်တင်နိုင်ရန် ဆောက်လုပ်လှူဒါန်းခြင်းဖြစ်ပြီး များလှစွာသော ဂိုဏ်းဂဏများကွဲပြားနေသော သံဃာထုအား သန့်စင်စေရန်အလိုငှာ ဖြစ်သည်။[] ဓမ္မစေတီမင်းသည် ဟံသာဝတီသား မထေရ်ကြီးများကို တောင်းပန်၍ သက္ကရာဇ် ၈၃၇ ခုနှစ် တပို့တွဲလတွင် ၂၂ ပါးသော မထေရ်ကြီးများကို သီဟိုဠ်ကျွန်းသို့ စေလွှတ်ကာ သိက္ခာသစ် တင်စေသည်။[] သံဃာတော် ၂၂ ပါးတွင် အမတ် ရာဇတမန် ဦးစီးလျက် ၂၁ ဇန်နဝါရီ ၁၄၇၆ တွင် ၁၁ ပါး၊ နောက်တနေ့တွင် အမတ် စိတြတမန် ဦးစီးလျက် ၁၁ ပါး၊ နှစ်စုခွဲ၍ သီဟိုဠ်သို့ ကြွရောက်သည်။ စိတြတမန်တို့ ရွက်သင်္ဘောက တလနီးပါအကြာ ၁၆ ဖေဖော်ဝါရီ ၁၄၇၆ တွင် သီဟိုဠ် ရောက်ပြီး၊ ရာဇတမန်တို့ကမူ မုန်တိုင်းမိပြီး၊ ၃ မတ် ၁၄၇၆ တွင် အစွန်အဖျား ဝလ္လီရွာသို့ ရောက်သည်။[]

မထေရ်ကြီးများသည် ကောဇာသက္ကရာဇ် ၈၃၈ ခုနှစ် ဒုတိယ ဝါဆိုလတွင် မြတ်စွာဘုရား ရေသုံးသပ်တော်မူခဲ့သော ကလျာဏီမြစ်၌ မဟာဝိဟာရဝါသီဂိုဏ်းမြတ်၏ အဆက်အနွယ်ဖြစ်သော ရဟန်းသံဃာတော်များထံမှ ရဟန်းအဖြစ် သိမ်ဝင် ထပ်မံခံယူလျက် နတ်တော်လဆန်း ၈ ရက် တနင်္ဂနွေနေ့တွင် ဟံသာဝတီသို့ ပြန်ကြွရာ သုံးပါးမှာ လမ်းတွင် ပျံလွန်တော်မူသည်။ ဓမ္မစေတီမင်းက နှစ်ထောင်းအားရ ဖြစ်ကာ ဆောက်လုပ်လှူဒါန်းသော ကလျာဏီသိမ်ကို သမုတ်ကြသည်။ သိမ်အနီး၌ မှတ်တမ်းကျောက်စာကိုလည်း ရေးထိုးသည်။[][] သိမ်တော်သည် အကြိမ်များစွာ ပျက်စီးခြင်းသို့ ရောက်ခဲ့ရသည်။ ပေါ်တူဂီနယ်မြေရှာဖွေသူများ၏ မီးရှို့ဖျက်ဆီးခြင်းကို ၁၅၉၉ ခုနှစ်က ခံခဲ့ရပြီး အလောင်းဘုရား ပဲခူးအား တိုက်ခိုက်သိမ်းပိုက်စဉ် ၁၇၅၇ ခုနှစ်ကလည်း သိမ်တော်ပျက်စီးခဲ့သည်။[][] ထိုမျှမကသေး ၁၉၃၀ ခုနှစ် ပဲခူးငလျင်ကြောင့်လည်း သိမ်တော်ပြိုကျခဲ့ရသေးသည်။[] ထိုကြောင့် ၁၉၅၄ ခုနှစ်တွင် မပျက်စီးပဲ ကျန်ခဲ့သည်တို့ဖြင့် သိမ်တော်အား ပြန်လည်တည်ဆောက်ခဲ့သည်။ []

သထုံကလျာဏီသိမ်၏ နိမိတ်သိမ်တိုင်များတွင် ဇာတ်ကြီးဆယ်ဘွဲ့သရုပ်ဖော်ရုပ်ကြွများထွင်းထားပြီးသိမ်တိုင်တစ်ခု၏ (စနေထောင့်)တွင်မွန်ဘာသာဖြင့် ကျောက်စာတစ်ချပ် ရှိသည်။ ယင်းကျောက်စာအရ သမိုင်းပညာရှင်ဂျီအိတ်ခ်ျလုစ် က အေဒီ၁၁ရာစု အစောပိုင်းမှတ်တမ်းရှိသည့် မြန်မာနိုင်ငံ၏ အစောဆုံးသိမ်အဖြစ် သတ်မှတ်ခဲ့သည်။ ပဲခူးကလျာဏီသိမ်၏ သိမ်သမုတ် ကျောက်စာတွင် သထုံကလျာဏီသိမ်နှင့်ပတ်သက်၍ "ဂဝံပတိ သု ဓုမ်သိမ် "ဟူသည့် စကားလုံးများကိုသုံးနှုန်းရေးသားထားသည်ကို တွေ့ရသည် ။ ထိုအသုံးအနှုန်းများအရ"ဂဝံပတိ သုဓုမ်" စသော စကားလုံးများသည် သထုံကလျာဏီသိမ် မဖြစ်ခင် မူလသိမ်ဟောင်း၏ အမည်ဟု ယူဆနိုင်သည်။ ယခုတွေ့နေရသည့် သိမ်နိမိတ်တိုင် ၊ ကျောက်ဆစ်ရုပ်များ(ဇာတ်တော်)၊ ကျောက်စာတိုင်အားလုံးသည် သထုံ (သုဝဏ္ဏဘူမိ) မပျက်ခင်ရှေးဟောင်းလက်ရာများပင်ဖြစ်ပေသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads