ကျော်ဆန်း၊ ကာတွန်း (က.ဆ)

From Wikipedia, the free encyclopedia

ကျော်ဆန်း၊ ကာတွန်း (က.ဆ)
Remove ads

ကာတွန်းဆရာ ကျော်ဆန်း(က.ဆ)ကို ၁၉၂၅ခုနှစ်၊ မေလ၁၂ရက်(၁၂၈၇ခုနှစ်၊ ကဆုန်လဆုပ် ၆ရက်) နေ့တွင် မွေးဖွားသည်။ အဖ မီးပုံးပျံ ဦးကျော်ရင်၊ အမိ ဒေါ်မမတို့၏ သား ဖြစ်သည်။ ကာတွန်းပညာကို ကာတွန်းဦးဘဂျမ်းထံတွင် လေ့လာသင်ယူခဲ့သည်။ ၁၉၄၅ခုနှစ်၊ စစ်ပြီးခေတ် ရန်ကုန်တက္ကသိုလ်တွင် ကျောင်းတက်ရင်း ဗမာ့ခေတ်သတင်းစာတွင် ကာတွန်းများ စတင်ရေးဆွဲသည်။ ဦးကျော်ဆန်း(က-ဆ) မှာ လွတ်လပ်ရေး ခေတ်ဦးက နိုင်ငံပြုပြင်ရေး ကာတွန်းများဆွဲခဲ့၍ စာဖတ်သူများ နှစ်သက်ကြသည်။ နိုင်ငံရေးသမား၊ အရာရှိအရာခံ၊ ကုန်သည် စသည်တို့ကို သရော်ခဲ့သည်။ ကာတွန်းရေးဆွဲ ခြင်းအပြင် ဗမာ့ခေတ်သတင်းစာ အယ်ဒီတာ၊ မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ၊ လမ်းစဉ်သတင်းဂျာနယ် တာဝန်ခံအယ်ဒီတာအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ သူရိန်အပါတ်စဉ်နှင့် ရွှေကြာလစဉ်ကာတွန်းစာစောင်များ ကိုယ်ပိုင်ထုတ်ဝေခဲ့သည်။ ထားဝယ်ကျော်မင်းနှင့် ကာတွန်းဆရာမ ဒေါ်သိန်းရှင် တို့သည် မောင်နှမများ ဖြစ်ကြသည်။ (၁၉၈၈)ခုနှစ်၊ မတ်လ ၈ရက်နေ့တွင် ကွယ်လွန်သည်။

Thumb
က.ဆ ကျော်ဆန်း
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads