ရွှေမင်းသား (ကာတွန်း)

From Wikipedia, the free encyclopedia

ရွှေမင်းသား (ကာတွန်း)
Remove ads

မြန်မာကာတွန်းဆရာကြီး ဦးရွှေမင်းသားကို ၁၉၄၂ခုနှစ်၊ ဩဂုတ်လ၂၇ရက်နေ့ တွင် မွေးဖွားခဲ့သည်။ အဖ ဦးလူရင်၊ အမိ ဒေါ်အေးတင် ဖြစ်သည်။ ဆင်ဖြူကျွန်း ဇာတိ ဖြစ်သည်။ ကာတွန်းပညာကို ကာတွန်းဦးဖေသိန်းကာတွန်းဦးအောင်ရှိန်တို့ထံတွင် လေ့ လာသင်ယူခဲ့သည်။ ၁၉၅၈ခုနှစ်၊ ကာတွန်းပဒေသာစာစောင်တွင် ကာတွန်း စတင်ရေးဆွဲခဲ့သည်။ အစပိုင်းတွင် ရုပ်ပြကာတွန်းဇာတ်လမ်းများ ရေးဆွဲခဲ့သော်လည်း နောက်ပိုင်းတွင် စာနယ်ဇင်းကာတွန်းကိုသာ အစဉ်တစိုက် ရေးဆွဲခဲ့သူ ဖြစ်သည်။ ထင်ရှားသော ကာတွန်းဇာတ်ကောင်များမှာ ဘကြီးကဲနှင့် ဂြိုဟ်သားကလေး မစ်ကီဝေးတို့ ဖြစ်သည်။ ယနေ့အချိန်ထိ စာနယ်ဇင်းများတွင် ကာတွန်းများ၊ သရုပ်ဖော်ကာတွန်းများကို ရေးဆွဲလျက် ရှိသည်။ အကန်တော့ခံ ကာတွန်းဆရာကြီးတစ်ဦး ဖြစ်သည်။

Thumb
ကာတွန်းရွှေမင်းသား
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads