ဖေသိန်း (ကာတွန်း)

From Wikipedia, the free encyclopedia

ဖေသိန်း (ကာတွန်း)
Remove ads

ကာတွန်းဆရာကြီး ဦးဖေသိန်း (၃၁ ဇန်နဝါရီ ၁၉၂၄ - ၁၉ ဇွန် ၂၀၀၉) ကို အဖ ရွှေပြည်တော် ဦးဘတင်၊ အမိ ဒေါ်ကျော့စိန် တို့မှ ၁၉၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ပန်းတနော်မြို့၌ ဖွားမြင်ခဲ့ကာ မောင်နှမ ၆ ယောက်တွင် ဒုတိယမြောက်ဖြစ်၍ အမည်ရင်း ဘိုနီဖြစ်သည်။၊

Thumb
ကာတွန်း ဆရာကြီး ဦးဖေသိန်း ၏ မထုတ်ဝေ ရသေးသော ကာတွန်းလက်ရာ တခု
Thumb
နိုင်ငံကျော် ကာတွန်းဆရာကြီး ဦးဖေသိန်း

ပညာရေး

၁၉၃၃တွင် ကန်ကြီးမြို့ (ပုသိမ်ခရိုင်) တွင် အမျိုးသားကျောင်း စတင်တည်ထောင်သောအခါ၌ စတင်၍ ကျောင်းနေခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် အထက်တန်း ပညာအဆင့် အောင်မြင်ခဲ့သည်။

၁၉၄၆ တွင် ရန်ကုန်တက္ကသိုလ်ရောက်ရှိပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ထုတ်ဝေသော အိုးဝေမဂ္ဂဇင်းတွင် အမူဆောင်လုပ်ရင်း ပန်းချီ ကာတွန်းများ ရေးဆွဲခဲ့သည်။

၁၉၄၅ ခုနှစ်မှ စတင်ကာ ဒီးဒုတ်ဂျာနယ်တွင် ကလေးများကဏ္ဍ၌ သရုပ်ဖော်ပုံများ ရေးဆွဲခဲ့ပြီး၊ ၁၉၄၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်၍ ပညာသင်ကြားခဲ့သည်။ ကျောင်းသားသမဂ္ဂမှ ထုတ်ဝေသည့် အိုးဝေ မဂ္ဂဇင်း၌လည်း ကာတွန်းနှင့် ပန်းချီတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ရာမှ၊ ၁၉၄၇ ခုနှစ်တွင်မူ ဆရာကြီး ကာတွန်း ဦးဘဂျမ်း၏ မြေတောင်မြှောက်ပေးမှုကြောင့် အိုးဝေတွင် သတင်းစာ ကာတွန်းများ စတင်ရေးဆွဲခဲ့သည်။

Remove ads

ရရှိသောဆုများ

Thumb
ကာတွန်းဆရာကြီး ဦးဖေသိန်း၊
ဓာတ်ပုံ ထိန်လင်း
Thumb
ကာတွန်း ဦးဖေသိန်း ၏ နာမည်ကျော် ၈၈၈၈ ဆုတောင်း

၁၉၄၈ တွင် ရန်ကုန်တက္ကသိုလ် မြန်မာစာအသင်းကြီးနှင့် မြန်မာနိုင်ငံလူငယ်များ အစည်းအရုံးမှ ကျင်းပသော မြန်မာလွတ်လပ်ရေး အထိမ်းအမှတ် ကာတွန်းပြိုင်ပွဲတွင် ပထမဆု၊

၁၉၅၁ တွင် ဗိုလ်ချူပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် ကာတွန်းပြိင်ပွဲတွင် ပထမဆု၊

ရွှေတိဂုံ အနောက်မုဒ် စက်မူလက်မှု ကာတွန်းပြိုင်ပွဲတွင် ပထမဆု၊

သောင်းကျန်းမှုနှိမ်နင်းရေးကာတွန်းပြိုင်ပွဲတွင် ပထမဆု၊ လာဘ်ပေး လာဘ်ယူ ဒို့ရန်သူ ကာတွန်းပြိုင်ပွဲတွင် တတိယဆုများရရှိခဲ့သည်။

Remove ads

အတွေ့အကြုံ

၁၉၅၇ ခုနှစ်တွင် ဆရာကြီး ရွှေပြည်တော်ဦးဘတင် ပါဝင်သည့် ကမ္ဘာ့စာရိတ္တ မြှင့်တင်ရေးအဖွဲ့မှ ဖိတ်ကြားသဖြင့် အမေရိကန်နိုင်ငံသို့ ၂ လကြာ သွားရောက်ခဲ့ပြီး ပန်းချီ၊ ကာတွန်းများကို လေ့လာခွင့် ရရှိခဲ့သေးသည်။

၁၉၅၇ တွင် မြန်မာကာတွန်းဆရာများအသင်းကို ဖွဲ့စည်းခဲ့သည်။ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ကာတွန်းဆရာအသင်း၏ ဖွဲ့စည်းပုံ စည်းမျဉ်းများ၊ အဖွဲ့တံဆိပ်များကို ကိုယ်တိုင် ရေးခဲ့သည်။

“ဘဂျမ်း ဂျာနယ်ပြောင်” ကို အယ်ဒီတာလုပ်၍ ထုတ်ဝေခဲ့သည်။ ကြေးမုံ သတင်းစာ ပေါ်ပေါက်လာသောအခါ လခစားကာတွန်းဆရာဘဝသို့ ရောက်ရှိခဲ့သည်။ ဦးဖေသိန်းသည် ကြေးမုံသတင်းစာ ပြည်သူပိုင်ဖြစ်လာသည်အထိ လခစားလုပ်ခဲ့သည်။ “ကြေးမုံ” ဟူသော ခေါင်းစည်းစာလုံးကို ဦးဖေသိန်း ရေးဆွဲခြင်းဖြစ်သည်။

၁၉၆၀၊ ၁၉၇၀ နှင့် ၁၉၈၀ ခုနှစ်များတွင် အိုးဝေသတင်းစာဟံသာဝတီသတင်းစာမြန်မာ့အလင်းရန်ကုန်သတင်းစာဗမာ့ခေတ်ကြေးမုံလုပ်သား သတင်းစာများတွင် သတင်းစာ ကာတွန်းများ ပင်တိုင်ရေးဆွဲခဲ့သလို၊ အင်္ဂလိပ်လို ထုတ်ဝေသည့် The Burman နှင့် The Nation ၌လည်း သတင်းစာ ကာတွန်းများကိုပင် ရေးဆွဲခဲ့သည်။

ထင်ရှားသည့် ကာတွန်းများအနက် အိုးဝေ၌ ဦးပယ်တရံ၊ ဟံသာဝတီ၌ ပြည်သူ့ကြေးမုံနဲ့ မြင်ကွင်းကျယ်၊ မြန်မာ့ခေတ်၌ လောကပီတိနှင့် လောကနီတိ၊ ကြေးမုံသတင်းစာ၌ ကြေးမုံနီတိ ဟူသည့် လက်ရာများဖြစ်သည်။

မျက်မှောက်ခေတ်တွင်လည်း ရှုမဝမြဝတီငွေတာရီချယ်ရီပန်မြန်မာ့ဓနပေဖူးလွှာမဟေသီ အစရှိသည့် မဂ္ဂဇင်းများ၌ သရုပ်ဖော် ကာတွန်းများ ရေးဆွဲခဲ့ရာ ဆရာကြီး၏ လက်ရာများသည် မြန်မာပြည်သူများ၏ ရင်ထဲ၌ စွဲမြဲကျန်ရစ်ခဲ့သည်။

နိုင်ငံရေးကာတွန်း

ကာတွန်းဦးဖေသိန်းသည် ဖဆပလခေတ်တွင် မြန်မာ့အလင်းသတင်းစာ၌ပြောင်မြောက်သော နိုင်ငံရေးကာတွန်းဆွဲခဲ့ခြင်းကြောင့် ဖဆပလအစိုးရအဖွဲ့မှ ဝန်ကြီးတစ်ဦးဖြစ်သူ ဆမားဒူးဝါး ဆင်ဝါးနောင် (ကချင်မျိုးသားခေါင်းဆောင်) က ၎င်းနိုင်ငံရေးကာတွန်းကို နှစ်သက် သဘောကျခြင်းကြောင့် ကာတွန်းဦးဖေသိန်းအား ကျပ်ငွေ တရာ ဆုချခဲ့သည်။ ၃-၁၁-၅၂ နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ၎င်းကာတွန်း ဖော်ပြခဲ့သည်။

အိုးဝေ သတင်းစာ၊ ဟံသာဝတီ သတင်းစာ၊ ဗမာ့ခေတ် သတင်းစာ၊မြန်မာ့အလင်း သတင်းစာနှင့် ကြေးမုံ၊ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော Burman Nation သတင်းစာများတွင် လတ်တလောဖြစ်ပေါ်နေသော သတင်း၊ Current News များကို ရေးသားခဲ့သည်။ ဘောလုံး အားကစားသတင်းများကိုလည်း ကြိုတင်၍ အနိုင်၊အရှုံးဟူ၍ ကာတွန်း၂မျိုးကို ရေးဆွဲထားကာ၊ နိုင်လျှင် သည်ပုံ၊ ရှုံးလျှင် သည်ကာတွန်း စသည်ဖြင့် စီစဉ်ကြိုလုပ်ထားရသည်ဟု ဆိုသည်။

ဆုရကာတွန်းစာမှာ နိုင်ငံရေးခေါင်းဆောင်တဦးသည် ဘိလပ်ဖြစ် ညဝတ်အင်္ကျီကြီးကို ဝတ်၍ အိပ်ရာမှအထတွင် အမေရိကန်ဖြစ်သွားပွတ်တံ သွားတိုက်ဆေးတို့ကို သုံးကာ၊ ပြင်သစ်ကော်ဖီ၊ ဩစတြေလျ ထောပတ်နှင့် အင်္ဂလိပ် ဘီစကွပ်မုန့်တို့ကို စားသောက်ပြီးလျှင်၊ ယိုးဒယား ဗန်ကောက် လုံချည်၊ ဂျပန် ပိုးအင်္ကျီနှင့် အင်္ဂလိပ် ရှူးဖိနပ်တို့ကို ဝတ်ဆင်၍ ဘိလပ် စီးကရက်ကို ဂျာမန် ဓာတ်မီးခြစ်နှင့် ခြစ်သောက်ပြီးသော် အမေရိကန်ကားကြီးကို စီးပြီးသကာလ ဗမာ့စီးပွားရေး ထူထောင်ရေး အစည်းအဝေးကြီးတွင် အမေရိကန်အသံချဲ့စက်ဖြင့် တရားဟောလေသတည်း … ဟု ပါရှိပြီး၊ တရားဟောရာ၌ ဗမာ့စီးပွားရေးနာလံထူဖို့ ပြည်တွင်း ဗမာဖြစ်ကိုသာ ဝယ်ယူ အားပေးကြပါဟု ဆိုနေပုံ ဖြစ်သည်။

၁၉၆၃ ခုနှစ်တွင် ပန်းချီပန်းပု ကောင်စီ၌ ဒုတိယဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သလို၊ မြန်မာနိုင်ငံ၏ မော်ကွန်းဝင် ဒုတိယ အဆင့်လည်း ရရှိခဲ့သူ ဖြစ်သည်။

Remove ads

ဆရာကြီးရေးဆွဲခဲ့သောကာတွန်းအမျိုးအစားများ

- Comic Cartoon - ကလေးများအတွက် ကာတွန်း

- Satire Cartoon - အထေ့အငါ့ကာတွန်း

- ပညာပေး၊ သတိပေး၊ ယာဉ်အန္တရာယ်၊ မီးအန္တရာယ် ကာတွန်း

- တကွက် ကာတွန်း၊ လိုရင်းတိုရှင်း ထိထိမိမိ ကာတွန်း

- စာမဲ့ ကာတွန်း၊ လူမျိုးမရွေး နားလည်သော ကာတွန်း

- ကာတွန်းရုပ်ရှင်၊ ပွင့်ကောင်း ငါးပိ ငံပြာရည် ကြောငြာ(မပြီးပြတ်ခဲ့ ၁၉၆၂)

- Current News Cartoon - လတ်တလော ဖြစ်ပေါ်နေသော သတင်း ကာတွန်း

- ကြော်ငြာကာတွန်းများဖြစ်သည်။

ဘဝနောက်ဆုံးအချိန်များ

အသက် ၂၀ နှစ် ဝန်းကျင်မှ စတင်ကာ သတင်းစာများနှင့် မဂ္ဂဇင်းများ၌ ကာတွန်းများ တောက်လျှောက် ရေးဆွဲလာသည့် ဆရာကြီး (၈၆ နှစ်) သည် နိုင်ငံကျော် ကာတွန်းဆရာကြီး ဦးဖေသိန်းသည် ရန်ကုန်ရှိ သူ၏ နေအိမ်၌ (၁၉.ဝ၆.၂ဝဝ၉) နံနက် ၄ နာရီခန့်တွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။“ ဆရာက လေဖြတ်တာက ၁၀ နှစ်လောက်ရှိပြီး သူ့မိသားစုက ပြုစုတာကောင်းလို့ ဒီလောက်အထိ အသက် ရှည်တာဖြစ်တယ်” ဟု ကာတွန်းဆရာ အော်ပီကျယ်က ဆိုသည်။ ကွယ်လွန်ချိန်၌ ဇနီးနှင့် သားသမီး ၆ ဦး ကျန်ရစ်သည်။

Remove ads

ကိုးကား

မိုးမခ 4 February 2009 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads