သန်းကြွယ် (ကာတွန်း)

From Wikipedia, the free encyclopedia

သန်းကြွယ် (ကာတွန်း)
Remove ads

ဦးသန်းကြွယ်သည် မြန်မာကာတွန်း ပညာရှင် တစ်ဦးဖြစ်သည်။ ဦးသန်းကြွယ်ကို လှည်းကူးမြို့တွင် အဖ ဦးဘိုးကြား (ဦးဖိုးကျား) နှင့် အမိဒေါ်ဒေါ်ရှင်တို့မှ ၁၉၂၃-ခုနှစ်၊ ဇန်နဝါရီလ(၁၉)ရက် (သောကြာနေ့)တွင် မွေးဖွားသည်။ မွေးချင်း ခုနှစ်ယောက်အနက် တတိယမြောက် သားဖြစ်သည်။

Thumb
ကာတွန်း သန်းကြွယ်

ငယ်ဘဝ

ကာတွန်းသန်းကြွယ်သည် သန်လျင်မြို့၊ မက်သဒစ် အထက်တန်းကျောင်းတွင် နဝမတန်းအထိ ပညာသင်ကြားခဲ့သည်။[]ဦးသန်းကြွယ်တွင် သင်ဆရာဟူ၍ မရှိဘဲ၊ မြင်ဆရာများသာ ရှိခဲ့သည်။ ပန်းချီပညာဘက်တွင် ဦးဘဉာဏ်ဦးဘလုံကြီးဦးငွေကိုင်နှင့် ဦးလှမောင်ကြီးတို့ ဖြစ်ပြီး၊ ကာတွန်းပညာဘက်တွင် ဦးဘဂျမ်း၊ အမေရိကန်မှ ဝေါ့လ်ဒစ္စနီ(Walt Disney)နှင့် ဂျင်မီဟက်လို (Jimmy Hatlo)တို့၏ ရေးဟန်များကို အတုယူ ရေးဆွဲခဲ့သည်။ အကိုကြီး သန်လျင်မြဦးရေးသော အနုပညာဆောင်းပါးများအတွက် သရုပ်ဖော်ပုံများ ရေးဆွဲခဲ့သည်။ ကာတွန်းဦးဘဂျမ်း၏ ကာတွန်းများကို ကူးယူရေးဆွဲလေ့ကျင့်ခြင်းဖြင့် ကာတွန်းဆွဲတက်လာသည်။ ဦးသန်းကြွယ်၏ အစောပိုင်းကာတွန်းလက်ရာများသည် ဦးဘဂျမ်း၏ ဩဇာလွှမ်းမိုးခဲ့သော်လည်း နောင်တွင် ဦးသန်းကြွယ်၏ ကိုယ်ပိုင်ဟန် ထွက်ပေါ်လာသည်။


Remove ads

ကာတွန်းဆရာဘဝ

၁၉၅၃-ခုနှစ်တွင် ရွေးကောက်ပွဲကို သရော်သည့် ကာတွန်းများဖြင့် ဟံသာဝတီ သတင်းစာတွင် ပထမဆုံး စတင်ရေးဆွဲခဲ့ပြီး မြန်မာ့အလင်း၊ ဗမာ့ခေတ်၊ ပြည်တော်စိုး၊ ပြည်ထောင်စု၊ နှစ်ဘက်ချွန်၊ ဒီးဒုတ် သတင်းစာများတွင် နိုင်ငံရေးကာတွန်းများ ဆက်လက်ရေးဆွဲခဲ့သည်။ ထို့ပြင် သွေးသောက်၊ မြဝတီ၊ ငွေတာရီ စသော မဂ္ဂဇင်းများတွင် စာမဲ့ကာတွန်း၊ ကလေးဂျာနယ်တွင် ရယ်ရွှင်ဖွယ် ပညာပေးကာတွန်းများလည်း ရေးဆွဲခဲ့သည်။

မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် ပတ်သက်သည့် အရုပ်များကို အဓိကထား၍ ရွေးချယ်ဖန်တီးခဲ့သည်။ လူငယ်များအတွက် မျိုးချစ်စိတ်၊ အမှန်တရားကို မြတ်နိုးသောစိတ်၊ အများအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသော စိတ်တို့ ဖြစ်ပေါ်လာရန် ရုပ်ပြကာတွန်းများကို ဖန်တီးရေးဆွဲခဲ့သည်။ ကာတွန်းများသည် ဒီမိုကရေစီခေတ်၏ ပွင့်လင်းမြင်သာစေသော ပြယုဂ်အဖြစ် ထင်ရှားစေခဲ့သည်။

ဦးတာတီး၊ အင်္ဂါဂြိုဟ်၊ ပေါတာ၊ ဂွစာ၊ ကျော်စွာ၊ ငွေစောနှင့် ဖိုးဝ အပါအဝင် ကာတွန်းဇာတ်ကောင် (၃၀)ခန့် ဖန်တီးခဲ့သည်။ ဖိုးဝ ဇာတ်ကောင်သည် အထင်ရှားဆုံး ဖြစ်သည်။ ၁၉၆၆-ခုနှစ်တွင် ဖိုးဝကာတွန်းရုပ်ရှင်ကားကို ဖန်တီးခဲ့သေးသည်။

ထို့ပြင် မကွယ်လွန်မီ "ပန်းချီဆရာမဟုတ်သော ကမ္ဘာကျော် ပန်းချီဆရာကြီး" ဟူသည့် ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့သည်။ []

Remove ads

ဘဝနိဂုံး

၁၉၈၄-ခုနှစ် ဇူလိုင်လ(၁၁)ရက်နေ့တွင် သန်လျင်မြို့ နေအိမ်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် (၆၁)ရှိပြီ ဖြစ်သည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads