ဂျင်မီ ဟက်လို

From Wikipedia, the free encyclopedia

ဂျင်မီ ဟက်လို
Remove ads

ဂျိမ်းစ် စီစေး ဟက်လို (James Cecil Hatlo) ကို ဂျင်မီဟက်လို ဟု လူသိများသည်။ ထင်ရှားသော အမေရိကန် ကာတွန်းဆရာတစ်ဦး ဖြစ်ပြီး နာမည်ကျော် ကောမစ် စထရစ်ကာတွန်းများကို ရေးဆွဲခဲ့သူလည်း ဖြစ်သည်။ ၎င်း ဖန်တီးခဲ့သော They'll Do It Every Time အမည်ရှိ ကောမစ်စထရစ် ကာတွန်းကို ၁၉၂၉ခုနှစ်တွင် စတင်ဖန်တီးခဲ့ရာ ကွယ်လွန်ခဲ့သည့် ၁၉၆၃ခုနှစ်အထိ ဆက်လက်ရေးဆွဲခဲ့သည်။ သူ၏ အခြားသော ကောမစ်စထရစ်ကာတွန်းတစ်ခု ဖြစ်သော Little Iodine သည် ၁၉၄၆ခုနှစ်တွင် ရုပ်ရှင်အဖြစ် ပြောင်းလဲခဲ့သည်။

Thumb
They'll Do It Every Time စာအုပ်၏ မျက်နှာဖုံး


Remove ads

ဘဝဇာတ်ကြောင်း

ဟက်လိုကို ၁၈၉၇ခုနှစ်၊ စက်တင်ဘာလ ၁ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုရုဒ်အိုင်းလန်းပြည်နယ်၊ အရှေ့ပရိုဗီးဒန့်တွင် မွေးဖွားသည်။ သူ၏ ဖခင်မှာ စကော့တလန်နိုင်ငံ၊ အော့ကနီးကျွန်းမှ ပြောင်းရွှေ့အခြေချသူ ဖြစ်သည်။ ဟက်လို ငယ်စဉ်မှာပင် သူ၏မိသားစုသည် လော့စ်အိန်ဂျယ်လီးစ်မြို့သို့ ပြောင်းရွှေ့သည်။ ပထမကမ္ဘာစစ် ဖြစ်ပွားသောအခါ ဟက်လိုသည် အမြင်အာရုံ သိပ်မကောင်းသော်လည်း လေယာဉ်မောင်း ဖြစ်ချင်သဖြင့် ကယ်လီဖီးလ် (Kelly Field) သို့ ပြောင်းရွှေ့လာခဲ့သည်။ သို့သော် စပိန်တုပ်ကွေးရောဂါ ဖြစ်သဖြင့် သူ စစ်နှင့်လုံးဝလွဲချော်သွားခဲ့သည်။

ပထမကမ္ဘာစစ်အပြီးတွင် ဟက်လိုသည် ဆန်ဖရန်စစ္စကိုမြို့သို့ ပြောင်းရွှေ့သွားပြီး သတင်းစာနှစ်စောင်တွင် အလုပ်လုပ် ကိုင်လေသည်။ နောက်ပိုင်းတွင် ယင်းသတင်းစာနှစ်စောင်သည် တစ်စောင်တည်းအဖြစ် ပြောင်းလဲသွားသည်။ သူသည် မော်တော်ကားကြော်ငြာတစ်ခုအတွက် သရုပ်ဖော်ပုံများ ရေးဆွဲပေးခဲ့သည်။ နောက်ပိုင်းတွင် အယ်ဒီတာ့အာဘော်ကာတွန်းများ၊ အားကစားကာတွန်းများကို ရေးဆွဲခဲ့သည်။

သတင်းစာအတွက် အခြားကာတွန်းဆရာတစ်ဦး၏ကာတွန်းများ အချိန်မီရောက်မလာသဖြင့် မပါဝင်ဖြစ်သောအခါ ယင်းနေရာတွင် ဟက်လိုက အစားထိုးကာတွန်းရေးဆွဲရသည်။ ယင်းကာတွန်းမှာ They'll Do It Every Time ကာတွန်းများ ဖြစ်သည်။

ဟက်လိုသည် ၁၉၃၉ခုနှစ်တွင် ဖီလာဒဲလ်ဖီးယားမြို့ရှိ ဒေးဗစ်မက်ကေးကုမ္ပဏီမှ သူ၏နာမည်ကျော်သတင်းစာကာတွန်းများကို စာမျက်နှာတစ်ရာပါသည့် အဖုံးပျော့စာအုပ်အဖြစ် ပထမဆုံးအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သည်။ နောက်ပိုင်းတွင် ၁၉၄၀ပြည့်နှစ်များအတွင်း အဖုံးမာဖြင့် နှစ်ကြိမ်တိုင်တိုင် ထပ်မံထုတ် ဝေခဲ့သေးသည်။ အေဗွန်ကုမ္ပဏီမှလည်း ၁၉၅၀ပြည့်နှစ်များအတွင်း ထပ်မံထုတ်ဝေခဲ့သည်။


သူ အအောင်မြင်ဆုံးအချိန်တွင် သူ၏ကာတွန်းများသည် ကမ္ဘာတစ်ဝန်းရှိ သတင်းစာလေးရာကျော်တွင် ပါဝင်ခဲ့လေသည်။ လစ်တဲလ် အိုင်အိုဒင်း အမည်ရှိ စထရစ်ကာတွန်းမှာ ကျီစယ်တတ်၊ ဆော့ကစား တတ်သော သူငယ်မလေးတစ်ဦးကို ဇာတ်ကောင်ထား ရေးဆွဲထားသည့် ကာတွန်း ဖြစ်ပြီး ဟက်လို၏ နာမည်ကြီး ကာတွန်းဇာတ်ကောင်လည်း ဖြစ် သည်။ နောက်ပိုင်းတွင် ယင်းဇာတ်ကောင် ပါဝင်လှုပ်ရှားသည့် ကောမစ်ရုပ်စုံ ကာတွန်းစာအုပ်များ ထွက်ရှိခဲ့သလို ၁၉၄၆ ခုနှစ်တွင် ရုပ်ရှင်ဇာတ်ကားအဖြစ်ပါ ဖန်တီးခြင်းခံခဲ့ရသည်။

ဂျင်မီဟက်လို၏ အအောင်မြင်ဆုံးကာလသည် ၁၉၅၀ပြည့်နှစ်များအတွင်း ဖြစ်လေသည်။ သူ၏ကာတွန်းမှ ယောက်ျားပုံများ သည် အမြဲတမ်း ဆေးပြင်းလိပ်ခဲထားတတ်သည်။

Remove ads

ဘဝနိဂုံး

၁၉၆၃ခုနှစ်၊ နိုဝင်ဘာလတွင် ကျောက်ကပ်ရောဂါဖြင့် ဆေးရုံတင်ရသည်။ ယင်းနှစ်၊ ဒီဇင်ဘာလ ၁ရက်နေ့၊ အသက် ၆၆ နှစ်အရွယ်တွင် သူ ကွယ်လွန်သည်။ ဂျင်မီဟက်လိုသည် တစ်ဘဝလုံး ဆေးလိပ်သောက်သူ ဖြစ်သည်။ သူ အကြိုက်နှစ်သက်ဆုံးဆေးလိပ်မှာ လက်ကီးစထရိုက် ဆေးလိပ် ဖြစ်သည်။ တစ်ကြိမ်တွင် သူသည် ယင်းဆေးလိပ်၏ မဂ္ဂဇင်းနှင့် သတင်းစာကြော်ငြာများတွင် ပါဝင်ဖူးလေသည်။

ရရှိသောဆုများ

ဟက်လိုသည် အမျိုးသားကာတွန်းဆရာများအဖွဲ့အစည်း၏ သတင်းစာကွက် ဆက်ကာတွန်းဆုကို ၁၉၅၇ ခုနှစ်နှင့် ၁၉၅၉ ခုနှစ်တို့တွင် ရရှိခဲ့သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads