ကာဗွန်မိုနောက်ဆိုက်

အဆိပ်ရှိသောဓာတ်ငွေ့ From Wikipedia, the free encyclopedia

ကာဗွန်မိုနောက်ဆိုက်
Remove ads

ကာဗွန်မို‌နောက်ဆိုက်သည် အရောင်ကင်း၍ အနံ့အရသာ မရှိသော ဓာတ်ငွေ့ ဖြစ်၏။ ရေတွင်အနည်းငယ်သာ ပျော်ဝင်၏။ လေလောက်ပင်လေး၍ ကိုယ်တိုင်မီးလောင်နိုင်သော်လည်း မီးလောင်မှုကို အားမပေး ချေ။ အလွန်အဆိပ်ပြင်းထန်သောကြောင့် ထိုဓာတ်ငွေ့ကို လူ၊ တိရစ္ဆာန်တို့ ရူရှိုက် မိသော် အသက်အန္တရာယ် ဖြစ်နိုင်သည်။ ကာဗွန်မွန်အောက်ဆိုက်ဓာတ်ငွေ့ကို သဘာဝတွင် အလိုအလျောက် တွေ့ရခဲ၏။ မီးတောင်ပတ်ဝန်းကျင်တွင်ရှိသော လေထဲ၌ အနည်းအကျဉ်းမျှသာ တွေ့ရ၏။ မီးထွန်းသော ဓာတ်ငွေ့များတွင် ကာဗွန်မို‌နောက်ဆိုက် ပါတတ်သောကြောင့်၊ ထိုဓာတ်ငွေ့ကို အနည်းငယ်မျှရူရှိုက်မိလျှင်ပင် ဘေးအန္တရာယ် ဖြစ်စေတတ်သည်။ မော်တော်ကား အိပ်ဇောပိုက်များမှ ထုတ်လိုက်သောအငွေ့များ တွင်လည်း ကာဗွန်မို‌ေနာက်ဆိုက် ပါလာသောကြောင့်၊ လူရှိနေခိုက် မော်တော်ကားကို စက်နှိုး၍ မော်တော်ကားရုံကို လေလုံအောင် ပိတ်မထားမိရန် အထူးသတိပြုအပ်ပေသည်။ ကာဗွန်မိုအောက်ဆိုက်နှင့် ကာဗွန်ဒိုင်အောက်ဆိုက်တို့ ခြားနားပုံမှာ ကာဗွန်မို‌နောက်ဆိုက်၏ မော်လီကျူးတစ်ခုတွင် ကာဗွန်အက်တမ်တစ်ခုနှင့် အောက်ဆီဂျင်အက်တမ်တစ်ခုသာ ပါရှိ၏။ ယင်း၏ဓာတု သင်္ကေတမှာ CO ဖြစ်၏။

အချက်တိုများ အမည်, အမှတ်အသားများ--> --> --> --> ----- templatepar ----- --> ...
Thumb
ကာဗွန်မွန်အောက်ဆိုက် ဖြစ်ပေါ်တတ်သည့် နေရာများ မီးသွေး ကျောက်မီးသွေး စသည်တို့ မီးလောင်စဉ် လေအလုံအလောက် မရလျှင် အဆိပ်ပြင်းသော ကာဗွန်မွန် ‌ေနာက်ဆိုက်ဓာတ်ငွေ့ ဖြစ်ပေါ်တတ်ရာပုံတွင် အဆိုပါအကြောင်းကြောင့် ဤဓာတ်ငွေ့ဖြစ်ပေါ်တတ်သည့်သာဓကအချို့ကို ဖော်ပြထားသည်

ကာဗွန်မို‌နောက်ဆိုက် ရရှိလိုသော် မီးသွေးကို လေအလုံ အလောက် မပေးဘဲ မီးရှို့ပါက မီးသွေးရှိ ကာဗွန်နှင့်လေ အတွင်းရှိ အောက်စီဂျင်တို့သည် ပူးပေါင်း၍ ကာဗွန်မွန် အောက်ဆိုက် ဖြစ်လာသည်။

မီးသွေး + အောက်ဆီဂျင် (မလုံမလောက်) ကာဗွန်မွန်‌ေနာက်ဆိုက် ကာဗွန်မွန်အောက်ဆိုက်ကို ကာဗွန်ဒိုင်အောက်ဆိုက် မှလည်း ရရှိနိုင်၏။ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ကို ရဲရဲတောက်နေသော မီးကျီးခဲများ အပေါ်မှ ဖြတ်သန်းသွားစေခြင်းဖြင့် ကာဗွန်မွန်အောက်ဆိုက် ဓာတ်ငွေ့ကို ရရှိနိုင်သည်။

နောက်ထပ် အချက်အလက်များ CO2, + ...

[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads