ကာဟူးဇီ ဘီယဲဂါ အမျိုးသားဥယျာဉ်
ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ အမျိုးသားဥယျာဉ် From Wikipedia, the free encyclopedia
Remove ads
ကာဟူးဇီ-ဘီယဲဂါ အမျိုးသားဥယျာဉ် သည် ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ အရှေ့ပိုင်း ဘူကာဗူးမြို့ အနီးတွင် တည်ရှိသော ထိန်းသိမ်းစောင့်ရှောက်ထားသည့် နယ်မြေဖြစ်သည်။ ကီဗူးရေကန်၏ အနောက်ဘက် ကမ်း နှင့် ရဝမ်ဒါနိုင်ငံ နယ်စပ် အနီးတွင် တည်ရှိသည်။ ၁၉၇၀ ခုနှစ်တွင် ဘယ်လ်ဂျီယမ် ဓာတ်ပုံဆရာ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား အေဒရီယန် ဒီရှရိုင်ဗာ မှ စတင်တည်ထောင်ခဲ့ပြီး ဥယျာဉ်နယ်နိမိတ် အတွင်းရှိ မီးငြိမ်းတောင် ၂ ခု ဖြစ်သော ကာဟူးဇီတောင် နှင့် ဘီယဲဂါတောင်တို့ကို အစွဲပြု၍ အမည်ပေးခဲ့ခြင်း ဖြစ်သည်။ ဧရိယာ စတုရန်း မိုင်ပေါင်း ၂,၃၀၀ (စတုရန်း ကီလိုမီတာ ၆,၀၀၀) ရှိသဖြင့် ကာဟူးဇီ-ဘီယဲဂါသည် နိုင်ငံအတွင်း အကြီးဆုံး အမျိုးသား ဥယျာဉ် ဖြစ်သည်။ တောင်ကုန်းထူထပ်သော မြေမျက်နှာသွင်ပြင် နှင့် မြေနိမ့်ပိုင်း မြေမျက်နှာသွင်ပြင် ၂ မျိုးစလုံး ရှိပြီး ကမ္ဘာပေါ်တွင် ရှားပါးသော မျိုးစိတ် တစ်ခု ဖြစ်သည့် အရှေ့ပိုင်း မြေနိမ့်ဒေသ ဂေါ်ရီးလားမျောက်ဝံ များ၏ နောက်ဆုံး နေထိုင်ရာ နေရာ ဖြစ်သည်။ ထိုမျိုးစိတ်ကို အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမဂ္ဂမှ အနီရောင်အဆင့် သတ်မှတ်ထားသော မျိုးသုဉ်းရန် စိုးရိမ်ရသည့် မျိုးစိတ် ဖြစ်သည်။ ထိုဥယျာဉ်သည် ယူနက်စကို ၏ ကမ္ဘာ့အမွေအနှစ်နေရာ ဖြစ်ပြီး ၎င်း၏ မိုးသစ်တော အတွင်း နေထိုင်သော ထူးခြားသည့် ဇီဝမျိုးကွဲများ နှင့် အရှေ့ပိုင်း မြေနိမ့်ဒေသ ဂေါ်ရီလားမျောက်ဝံများကြောင့် ၁၉၈၀ တွင် စာရင်းသွင်းခဲ့ခြင်း ဖြစ်သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads