ကားဒစ်မြို့ သည် ဂလာမော်ဂန်ရှိုင်ယာခရိုင်၏
ရုံးစိုက်ရာမြို့ဖြစ်၍ ဝေလပြည်တွင် အကြီးဆုံး မြို့ဖြစ်သည်။
ကမ္ဘာပေါ်တွင် ကျောက်မီးသွေး အများဆုံးသင်္ဘောတင် ထုတ်
ရောင်းရာ မြို့တစ်မြို့ ဖြစ်သဖြင့် ဗြိတိသျှကျွန်းစုရှိ ထိပ်တန်း
ဆိပ်ကမ်းမြို့ကြီးများတွင် အပါအဝင်ဖြစ်လေသည်။ ဝေလပြည်
တောင်ပိုင်း ဆက်ဗန်းမြစ်ဝကျယ်ပေါ်တွင် တည်ရှိ၍ ဗရစ္စတို
ရေလက်ကြားကြီးမှ ၃ မိုင်မျှကွာဝေးသည်။ ၁၇၉၄ ခုနှစ်တွင်
မာသာတစ်ဗီးမြို့သို့ တူးမြောင်း ဖေါက်လုပ်လိုက်သဖြင့်လည်းကောင်း၊
၁၈၃၉ ခုနှစ်တွင် သင်္ဘောကျင်းများ တည်ဆောက်လိုက်သဖြင့်
လည်းကောင်း၊ ကာဒစ်မြို့မှာ သိသိသာသာ တိုးတက်စည်ကားလာလေ
သည်။ မာသာတစ်ဗီးမြို့သို့ ကူးပြောင်းမဖွင့်လှစ်မီက ကာဒစ်မြို့
၏ ကျောထောက်နောက်ခံနယ်များမှာ ကျောက်မီးသွေးများကို
လားများဖြင့် ကာဒစ်မြို့ဆိပ်ကမ်းသို့ အရောက်ပို့ဆောင်ခဲ့ကြရ
သည်။ ၁၉ဝဝ ပြည့်နှစ်မှ ၁၉၁၁ ခုနှစ်အတွင်း မြို့လယ်ပိုင်းကို
ပြန်လည်ပြုပြင် ဆောက်လုပ်ခဲ့သဖြင့် ဗြိတိန်ကျွန်းရှိ စက်မှု
လုပ်ငန်း ထွန်းကားသော အခြားမြို့များထက် များစွာ သာယာ
လျက် စိတ်ချမ်းမြေ့ဖွယ်ဖြစ်သော ဥယျာဉ်တို့နှင့် သိုက်မြိုက်
ဝေဆာစွာရှိသည်။ ဥယျာဉ် အစုစုပေါင်းမှာ ဧက ၃ဝဝ ခန့်
ကျယ်ဝန်းရာ၊ ယင်းတို့အနက် ၅၂ ဧကမျှ ကျယ်သော ကသေး
ဥယျာဉ်နှင့်အနီးတဝိုက်တွင် ကားဒစ်မြို့၏ ခမ်းနားသော
အဆောက် အအုံကြီးများ ရှိလေသည်။ ပေ ၂ဝဝ မြင့်သော
နာရီစင်ရှိသည့် မြို့တော်ခန်းမ အဆောက်အအုံ၊ ယူနီဗာစီတီ
ကောလိပ်ကျောင်း၊ ဝေလအမျိုးသား ပြတိုက်ကြီး၊ စိန်ဂျွန်း
ဘုရားရှိခိုးကျောင်းစသည့်တို့မှာ ကားဒစ် မြို့၏ ကျက်သရေ
ဆောင် အဆောက်အအုံများ ဖြစ်ကြလျက် ၁၂ ရာစုနှစ်အတွင်း
၌ ဆောက်လုပ်ခဲ့သော ကားဒစ်ရဲတိုက်ကြီးမှာ မြို့၏ဗဟိုချက်မ
ဖြစ်လေသည်။ ထိုရဲတိုက် ကြီးကို ၁၉၄၇ ခုနှစ်တွင် မားကွစ်
ဘွဲ့ရ ဗျူမြို့စားကြီးသည် ကားဒစ်မြို့ ကော်ပိုရေးရှင်းအဖွဲ့သို့
လှူဒါန်းပေးအပ်လိုက်၏။
အချက်တိုများ Cardiff Caerdydd (ဝေလ), ကာဒစ်မြို့ နှင့် ခရိုင် (City and County of Cardiff) Dinas a Sir Caerdydd ...
Cardiff Caerdydd (ဝေလ ) ခရိုင်မြို့တော် နှင့် အဓိကကျသော ဒေသ ကာဒစ်မြို့ နှင့် ခရိုင် (City and County of Cardiff )Dinas a Sir Caerdydd
Clockwise from top left: The
Senedd building ,
Principality Stadium ,
Cardiff Castle ,
[ ၁] Cardiff Bay ,
Cardiff City Centre ,
City Hall clock tower ,
Welsh National War Memorial
အလံတော် တံဆိပ်အမှတ်အသား
နာမည်ပြောင်(များ): The City of Castles, City of Arcades The 'Diff ဆောင်ပုဒ်: "Y ddraig goch ddyry cychwyn" (English: 'The red dragon will lead the way') From crest on the coat of arms: "Deffro mae'n ddydd!" (English: 'Awake, it is day!') ကားဒစ်မြို့နှင့် ခရိုင် နှင့် ဝေလပြည်အတွင်း တည်နေရာ Show map of ယူနိုက်တက်ကင်းဒမ်း Location within Wales##Location within the United Kingdom##Location within Europe ကိုဩဒိနိတ်: 51°28′54″N 03°10′45″W အချုပ်အခြာအာဏာပိုင်နိုင်ငံ ယူနိုက်တက်ကင်းဒမ်း နိုင်ငံ ဝေလပြည် Ceremonial county South Glamorgan သမိုင်းဝင်ခရိုင် Glamorgan အဓိကကျသော ဒေသ ကားဒစ် ဒေသတွင်း အစိုးရ Cardiff Council City status 1905 Capital city 1955 အစိုးရ • Cardiff Council Leader Huw Thomas • Senedd
စာရင်း
Cardiff West (Lab)Cardiff South and Penarth (Lab)Cardiff North (Lab)Cardiff Central (Lab)
• UK Parliament
စာရင်း
Cardiff West (Lab)Cardiff South and Penarth (Lab)Cardiff North (Lab)Cardiff Central (Lab)
ဧရိယာ • ခရိုင်မြို့တော် နှင့် အဓိကကျသော ဒေသ၁၄၀.၃ စတုရန်းကီလိုမီတာ (၅၄.၂ စတုရန်းမိုင်) • မြို့ပေါ်၇၅.၇၂ စတုရန်းကီလိုမီတာ (၂၉.၂၄ စတုရန်းမိုင်) လူဦးရေ (2017) • ခရိုင်မြို့တော် နှင့် အဓိကကျသော ဒေသတမ်းပလိတ်:Welsh council population ([[List of Welsh principal areas by population|Ranked တမ်းပလိတ်:Welsh council population ]]) from Office for National Statistics • မြို့ပေါ်၄၇၉,၀၀၀[ ၂] • မြို့ပြကြီး၁,၀၉၇,၀၀၀ (Cardiff-Newport ) • Cardiff Capital Region ၁,၅၄၃,၂၉၃ (est) Demonym(s) Cardiffian Ethnicity (2011) [ ၃]
84.7% White
8.0% Asian
2.4% Black
2.9% Mixed Race
2.0% Other
အချိန်ဇုန် GMT (UTC0 ) • နွေရာသီ (DST )BST (UTC+1 )Post codes CF ဧရိယာကုဒ် 029 Vehicle area codes CA, CB, CC, CD, CE, CF, CG, CH, CJ, CK, CL, CM, CN, CO Police Force South Wales Fire Service South Wales Ambulance Service Welsh Motorways and trunk roads Commuter rail Valleys & Cardiff Local Routes Regional airport Cardiff Airport Heliport Cardiff Heliport GDP US$ 36.0 billion[ ၄] GDP per capita US$29,674[ ၄] ဝက်ဘ်ဆိုဒ် cardiff.gov.uk
ပိတ်ရန်
(ထိပ်မှစ၍ လက်ယာရစ်) ကားဒစ်ပင်လယ်အော်, the Senedd , ကားဒစ်တက္ကသိုလ် နှင့် ထောင်စုနှစ်ြပည့် အားကစားရုံ
ဝေလတောင်ပိုင်းရှိ ကျောက်မီးသွေးထွက်ရာ ဒေသတို့နှင့်
တူးမြောင်းများဖြင့်၎င်း၊ မီးရထားလမ်းဖြင့်၎င်း၊ ဆက်သွယ်
ထား၍ သံ၊ သံမဏိလုပ်ငန်း၊ သံဖြူလုပ်ငန်း၊ သင်္ဘောတည်
ဆောက်ပြင်ဆင်သော လုပ်ငန်းတို့တွင် အထူး ထင်ရှားသည်။
သင်္ဘောကျင်းတို့မှာ ၇-မိုင်မျှ ရှည်လျား၍ ဧက ၂ဝဝ ခန့်
ကျယ်ဝန်း၏။ ဒုတိယကမ္ဘာစစ်အတွင်း၌ ဂျာမန်တို့သည်
ထိုသင်္ဘောကျင်းတို့ကို တစ်ညအတွင်း မီးလောင်ဗုံး တစ်
သောင်းခန့် ကြဲချ၍ တိုက်ခိုက်ခဲ့ကြ၏။
ကားဒစ်မြို့သည် စတုရန်း ၂၆ မိုင်မျှ ကျယ်ဝန်း၍
လူဦးရေမှာ ၂၄၃၆၂၇ မျှ ရှိလေသည်။[ ၅]