အချိန်ဇုန်
ဥပဒေရေးရာ၊စီးပွားရေးနှင့်လူမှုရေးရာဆိုင်ရာရည်ရွယ်ချက်များအတွက်ပုံမှန်စံသတ်မှတ်ထားသောက From Wikipedia, the free encyclopedia
Remove ads
အချိန်ဇုန်ဆိုသည်မှာ စီးပွားကူးသန်းရောင်းဝယ်မှု၊ လူ့ဘောင်အသိုင်းအဝန်းအကြောင်းပြချက်များအတွက် တသမတ်တည်းဖြစ်သော စံတော်ချိန်ကို တရားဝင် သတ်မှတ်ထားသောဒေသ ဖြစ်သည်။ အချိန်ဇုန်သည် နိုင်ငံနယ်နိမိတ်မျဉ်းများနှင့် ၎င်းတို့၏ နယ်မြေခွဲများအတိုင်း ရှိလေ့ရှိသည်။ ထိုသို့သတ်မှတ်ထားခြင်းဖြင့် ထိုဧရိယာအတွင်း ကုန်သွယ်မှုလုပ်ငန်းများဖြစ်စေ၊ ဆက်သွယ်ရေးလုပ်ငန်းများတွင်ဖြစ်စေ အချိန်တစ်ခုတည်း အဆင်ပြေစွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

ကမ္ဘာပေါ်ရှိ နိုင်ငံများ၏ အချိန်ဇုန်အများစုသည် Coordinated Universal Time (UTC)မှ ကိန်းပြည့်နာရီများဖြစ်သော (UTC−12 to UTC+14)တို့ကို အသုံးပြုကြပြီး အချို့သော နိုင်ငံအချို့သာ ၃၀ နှင့် ၄၅ မိနစ်များကို အသုံးပြုကြသည်။ (ဥပမာအားဖြင့် နယူးဖောင်လန်း စံတော်ချိန် - UTC−03:30၊ နီပေါ စံတော်ချိန် - UTC+05:45၊ မြန်မာစံတော်ချိန် - UTC +06:30၊ အိန္ဒိယ စံတော်ချိန် - UTC+05:30) လတ္တီကျူမြှင့်သော နိုင်ငံများတွင် နွေရာသီတွင် အချိန်တစ်နာရီ ရှေ့သို့တိုးသော နွေရာသီချိန်ကို နှစ်တစ်နှစ်အပိုင်းအခြားအဖြစ် အသုံးပြုကြသည်။
Remove ads
သမိုင်း
ရှေးခေတ် အချိန်သတ်မှတ်ပုံ
နာရီများအား ပထမဆုံးတီထွင်နိုင်မှု မတိုင်မီ လူသားများသည် နေ့တနေ့၏အချိန်ကို နေသွားရာလမ်းကြောင်းပေါ်မူတည်၍ ဆုံးဖြတ်ခဲ့ကြရသည်။ ဥပမာအားဖြင့် နေနာရီများဖြစ်ပြီး ၎င်းတို့သည် နေရာဒေသလိုက် ကွဲပြားခြားနားကြသည်။
ကောင်းမွန်သော နာရီများ ၁၉ ရာစုတွင် ပေါ်ပေါက်လာသောအခါ[ကိုးကားချက်လိုသည်] မြို့အသီးသီးသည် ဒေသ mean solar time အချို့ကို စတင်အသုံးပြုလာကြသည်။ အမှန်တကယ်ရှိသော နေအချိန်သည် mean solar time နှင် ၁၅ မိနစ်ဝန်းကျင်လောက်ထိ ကွဲပြားသည်။(အချိန် ညီမျှခြင်း တွင် ဖော်ပြထားသည်။) ထိုကဲ့သို့ ကွဲပြားခြားနားရခြင်းမှာ ကမ္ဘာသည် နေကို စက်ဝန်းပုံမကျပဲ ဘဲဥပုံလည်ပတ်နေမှု(Eccentricity) နှင့် ကမ္ဘာကြီးသည် သူ့၏ဝန်ရိုးပေါ်တွင် တိမ်းစောင်းလည်ပတ်နေမှု (Obliquity)တို့ကြောင့် ဖြစ်သည်။ Mean solar time ရှိ နေ့များတွင် တူညီသော အချိန်အလျားရှိပြီး ပျမ်းမျှခြင်းနှစ်ခု၏ ခြားနားချက်သည် နှစ်တစ်နှစ်ပြီးဆုံးသည့်နှင့် သုညအခြအနေသို့ ရောက်သည်။
ဂရင်းနစ်စံတော်ချိန် (Greenwich Mean Time) (GMT)ကို ၁၆၇၅ ခုနှစ်တွင် တော်ဝင် နက္ခတာရာလေ့လာရေးစခန်း (ဂရင်းနစ်)မှ တည်ဆောက်ခဲ့ပြီး ရည်ရွယ်ချက်မှာ ပင်လယ်ထဲရှိ သင်္ဘောသားများ လောင်ဂျီကျူများ သတ်မှတ်ရာအကူအညီပေးနိုင်ရန်အတွက် ဖြစ်သည်။ အင်္ဂလန်၏ မြို့တိုင်းတွင် မတူညီသော ဒေသစံတော်ချိန်များ ရှိနေစဉ်တွင် ၎င်းမျဉ်းသည် ရည်ညွှန်းစံတော်ချိန်တခုပေးနိုင်ခဲ့သည်။
ရထားလမ်း အချိန်

ရထားပို့ဆောင်ရေးနှင့် ကြေးနန်းဆက်သွယ်ရေးများ တိုးတက်လာခဲ့သောအခါ ဒေသနေအချိန်များ (Local solar time) သည် အဆင်မပြေမှုများ တိုးလာခဲ့သည်။ အကြောင်းမှာ ပထဝီဆိုင်ရာ လောင်ဂျီကျူများ ကွဲပြားမှုပမာဏကိုလိုက်၍ နေရာဒေသများအကြားတွင် နာရီများပြောင်းလဲနေသည်။ လောင်ဂျီကျူဒီဂရီတိုင်းတွင် အချိန် လေးမိနစ်ပြောင်းလဲသည်။ ဥပမာအားဖြင့် ဘရစ်စတိုမြို့သည် ဂရင်းနစ် (လန်ဒန်မြို့အရှေ့ပိုင်း)၏ အနောက်ဘက် ၂.၅ ဒီဂရီခန့်တွင် တည်ရှိရာ ဘရစ်စတိုမြို့တွင် နေမွန်းတည့်ချိန်(solar noon)တွင် လန်ဒန်မြို့၌ နေမွန်းတည့်ချိန် ၁၀ မိနစ်ခန့်ကျော်လွန်ခဲ့ပြီ ဖြစ်သည်။[၁] အချိန်ဇုန်များအသုံးပြုမှုသည် အချိန်ကြာလာသည်နှင့်အမျှ ကွဲပြားခြားနားမှုများ ပိုများလာသည်။
ပထမဆုံးစံတော်ချိန်ကို ၁၈၄၇ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် ဂရိတ်ဗြိတိန်ရှိ ရထားကုမ္ပဏီများမှ သယ်ယူရလွယ်သော ခရိုနိုမီတာတွင် GMT ကိုထည့်သွင်းခြင်းဖြင့် သတ်မှတ်ခဲ့သည်။ ထိုကုမ္ပဏီများထဲမှ ပထမဆုံးသတ်မှတ်သော ကုမ္ပဏီမှာ Great Western Railway (GWR) ဖြစ်ပြီး နိုဝင်ဘာ ၁၈၄၀ တွင် ဖြစ်သည်။ ထိုသို့အသုံးပြုခြင်းသည် များမကြာမီတွင်ပင် Railway Time အဖြစ် လူသိများလာခဲ့သည်။ ၁၈၅၂ ဩဂုတ် ၂၃ လောက်တွင် အချိန်အချက်ပြလှိုင်းများ(time signals)ကို ကြေးနန်းဖြင့် တော်ဝင်နက္ခတာရာကြည့်စခန်း(ဂရင်းနစ်)မှ ပထမဆုံး ထုတ်လွင့်ပေးနိုင်ခဲ့သည်။ ဂရိတ်ဗြိတိန်ရှိ အများပြည်သူနာရီ ၉၈% သည် ၁၈၅၅ ခုမတိုင်မီအချိန်မှပင် GMT ကို အသုံးပြုခဲ့ကြဆဲဖြစ်သော်လည်း ၁၈၈၀ ဩဂုတ် ၂ မတိုင်မီအထိ ဗြိတိန်၏တရားဝင်အချိန်အဖြစ် မသတ်မှတ်ရသေးပေ။ ထိုကာလမှ ရှေးဗြိတိသျှနာရီအချို့တွင် မိနစ်လက်တံနှစ်ခုပါရှိပြီး တစ်ခုမှ ဒေသစံတော်ချိန်အတွက်ဖြစ်ပြီး တစ်ခုမှာ GMT အတွက်ဖြစ်သည်။[၂]
ကမ္ဘာတဝန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်လာမှု မြင့်တက်လာသောအခါ အချင်းချင်းဆက်သွယ်ရာ၌ အပြန်အလှန် နားလည်ရလွယ်ကူသော အချိန်သတ်မှတ်ချက် ရှိရန် လိုအပ်လာသည်။ ဒေသအချိန်များ ကွဲပြားမှုပြဿနာကို ကမ္ဘာတဝန်းလုံးနှင့်အမျှ ကြီးမားသော ဧရိယာများရှိ နာရီများကို ကိုက်ညီစေခြင်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်သော်လည်း ထိုသတ်မှတ်ထားသောအချိန်သည် နေရာဒေသအများအပြားရှိ လူများအသားကျနေသော နေအချိန်နှင့် သိသာစွာ ကွဲပြားခြားနားမှုရှိနေသည်။
နိုဝင်ဘာ ၂ ရက် ၁၈၆၈ ဗြိတိသျှကိုလိုနီဖြစ်သော နယူးဇီလန်သည် တရားဝင်စံတော်ချိန်ကို အသုံးပြုခဲ့ရာ ကိုလိုနီနယ်များကြားတွင် ဒါဟာ ပထမဆုံးဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မည်။ ထိုစံတော်ချိန်သည် လောင်ဂျီကျူ 172°30′ East of Greenwich တွင် မူတည်ကာ GMT ထက် ၁၁ နာရီ ၃၀ မိနစ်စော၍နေသည်။ ထိုစံတော်ချိန်ကို New Zealand Mean Time အချိန်အဖြစ် လူသိများသည်။[၃]
၁၉ ရာစုအလယ်ပိုင်း၌ အမေရိကန်မီးရထားတွင် အချိန်သတ်မှတ်ခဲ့ခြင်းတွင် အတော်အသင့် ရှုပ်ထွေးခဲ့သည်။ မီးရထားလမ်းအသီးသီးတွင် ၎င်းတို့ကိုယ်ပိုင် စံတော်ချိန်တစ်ခုစီရှိပြီး ထိုစံတော်ချိန်သည် ၎င်းဒေသ အဓိကနေရာနှင့် အရေးပါသော နယ်ခြားများ၏ ဒေသအချိန်ကို အခြေခံထားသည်။ ထို့ပြင် မီရထားအချိန်ဇယားကိုလည်း ၎င်းတို့၏ ကိုယ်ပိုင်အချိန်ဖြင့်သာ ဖြန့်ဝေခဲ့သည်။ ရထားလမ်းများစွာရှိသော အချို့လမ်းဆုံများတွင် ရထားလမ်းတိုင်းအတွက် နာရီတစ်ခုစီရှိပြီး ထိုနာရီများသည် မတူညီသော အချိန်အသီးသီးကို ပြသနေသည်။

ကမ္ဘာတဝန်း အချိန်ဇုန်များ
ကမ္ဘာတဝန်းလုံးဆိုင်ရာ အချိန်ဇုန်စနစ်ကို အဆိုပြုသူ ပထမဆုံးလူမှာ အီတာလျံ သင်္ချာပညာရှင် Quirico Filopanti ဖြစ်ပြီး သူ၏ ၁၈၅၈ ခုနှစ်တွင် ထုတ်ဝေခဲ့သော စာအုပ် Miranda! တွင် ဖြစ်ခဲ့သည်။ သို့သော်လည်း သူ၏ အကြံဉာဏ်ကို သူသေဆုံးပြီး ကြာမြင့်စွာအထိ သူ့စာအုပ်ပြင်ပတွင် မသိကြသေးပေ။ ထိုကြောင့် ထိုအကြောင်းအချက်သည် ၁၉ ရာစုအတွင်း အချိန်ဇုန်သတ်မှတ်ခြင်းတွင် မလွှမ်းမိုးခဲ့ပေ။ သူသည် တနာရီလိုက် ၂၄ နာရီအချိန်ဇုန်များသတ်မှတ်ရန် အဆိုပြုခဲ့သည်။ ထိုအချိန်ဇုန်များကို သူက "longitudinal days" များဟုခေါ်ခဲ့ပြီး ပထမဆုံး အလယ်မျဉ်းကို ရောမမြို့ လောင်ဂျီကျူမျဉ်းကို ထားခဲ့သည်။ သူသည် နက္ခတ္တဗေဒနှင့် ကြေးနန်းအတတ်ပညာတို့တွင် အသုံးပြုနိုင်ရန် universal time ကိုလည်း အဆိုပြုခဲ့သည်။[၄][၅]
စကောတလန်နွယ်ဖွား ကနေဒီယန်းလူမျိုး ဆာ ဆန်းဖို့ဒ် ဖလင်းမန်း ကမ္ဘာတဝန်းလုံးဆိုင်ရာ အချိန်ဇုန်စနစ် ကို ၁၈၇၉ ခုနှစ်တွင် အဆိုပြုခဲ့သည်။ သူသည် အပြည်ပြည်ဆိုင်ရာ ညီလာခံများတွင် ထိုစနစ်အကြောင်းနှင့် "လက်ရှိလောင်ဂျီကျူအချိန် သတ်မှတ်ခြင်းနှင့်ဆက်နွယ်နေသော ကနဦးကြိုးစားအားထုတ်မှု"များကို ဟောပြောခဲ့ပြီး သူ၏စနစ်ကို ယုံကြည်စေလိုကြောင်းကို ပြောခဲ့သည်။[၆] ၁၈၇၆ ခုနှစ်အတွင်း သူ၏ ပထမအဆိုပြုချက်မှာ ကမ္ဘာလုံးဆိုင်ရာ ၂၄-နာရီ နာရီတစ်ခု(a global 24-hour clock)ဖြစ်ပြီး သဘောတရားအရမှာ ကမ္ဘာ၏ အလယ်ဗဟိုတွင် ဗဟိုပြုပြီး မည်သည့်လောင်ဂျီကျူမျဉ်းများအပေါ်တွင် မဆက်နွယ်ဟု ဖြစ်သည်။ ၁၈၇၉ ခုနှစ်တွင် သူ၏universal day ကို သတ်မှတ်ခဲ့ပြီး ထိုနေ့သည် ဂရင်းနစ် ဆန့်ကျင်လောင်ဂျီကျူမျဉ်း (anti-meridian of Greenwich (180th meridian))မှ စသည်ဟု ဆိုခဲ့သည်။ ထိုအချိန်တွင် တနာရီလိုက်အချိန်ဇုန်များကို သတ်မှတ်ထားသော အချို့ ဒေသအသုံးများအဖြစ် အလျော့ပေးသတ်မှတ်လိုက်ရပြီးဖြစ်သည်။ သူသည် သူ၏စနစ်ကို ၁၈၈၄ အောက်တိုဘာတွင် ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ လောင်ဂျီကျူမျဉ်း ညီလာခံတွင် အဆိုပြုတင်ပြခဲ့သော်လည်း သူတို့၏လုပ်ပိုင်ခွင့် အာဏာအတွင်းမဟုတ်သောကြောင့် သူ၏အချိန်ဇုန်များကို မသတ်မှတ်ခဲ့ကြပေ။ ညီလာခံတွင် ဂရင်းနစ်သန်းခေါင်မွန်းတည်ချိန်မှစသော a universal day of 24 hours သတ်မှတ်ခဲ့ရာ ၎င်းသည် "ကြိုက်နှစ်သက်ရာ ဒေသအချိန်(ဝါ) စံတော်ချိန်အသုံးများနှင့် ကြားမဝင်သင့်"ဟုလည်း သတ်မှတ်ခဲ့သည်။
၁၉၀၀ ခုနှစ်ခန့်လောက်တွင် ကမ္ဘာပေါ်ရှိ အချိန်အားလုံးနီးပါးသည် စံတော်ချိန်ဇုန်များ ဖြစ်ခဲ့ကြပြီး အချို့သာလျှင် GMT offset ကို အသုံးပြုနေခဲ့ကြသည်။ အများစုသည် GMT သို့မည်သည့် ညွှန်းချက်မျှ မယူပဲနှင့် ဒေသနက္ခက်တာရာကြည့်စခန်းမှ အချိန်ကို တနိုင်ငံလုံးအသုံးပြုခဲ့ကြသည်။ ထိုကဲ့သို့ အသုံးပြုနေသည်မှာ GMT/UTC မှ "standard offset"အချို့ကို ရည်ညွှန်းထားသော အချိန်ဇုန်များကို ကမ္ဘာပေါ်ရှိ အချိန်အားလုံးအဖြစ်မယူမီထိ ဆယ်စုနှစ်များစွာ ကြာခဲ့သည်။ ၁၉၂၉ မရောက်မီ အဓိကနိုင်ငံများသည် နာရီလိုက်အချိန်ဇုန်များ သတ်မှတ်ပြီး ဖြစ်သည်။ နီပေါနိုင်ငံသည် နောက်ဆုံး သတ်မှတ်ခဲ့သော နိုင်ငံဖြစ်ပြီး ၁၉၈၆ ခုနှစ်တွင် စတင်အသုံးပြုခဲ့ရာ ၎င်း၏ စံတော်ချိန်မှာ UTC+5:45 ဖြစ်သည်။
ယနေ့ခေတ်တွင် နိုင်ငံအားလုံးသည် ၎င်းတို့၏စံအချိန်ဇုန်များကို စက်ဝန်းများများအတိုင်း သတ်မှတ်ခဲ့ပြီး ဖြစ်သည်။ သို့ပေမယ် ထိုဇုန်များကို အစောပိုင်းစိတ်ကူးခဲ့သော သဘောတရားများအတိုင်း သတ်မှတ်ခဲ့ခြင်း မဟုတ်ပေ။ မြောက်ကိုရီးယား၊ နယူးဖောင်လန်၊ အိန္ဒိယ၊ အီရန်၊ အာဖဂန်နစ္စတန်၊ ဗင်နီဇွဲလား၊ မြန်မာ၊ သီရိလင်္ကာ၊ Marquesas နှင့် ဩစတေးလျနိုင်ငံ အချို့အစိတ်အပိုင်းများတွင် စံတော်ချိန်မှ နာရီဝက်သွေဖည်နေသော အချိန်ဇုန်များကို အသုံးပြုကြသည်။ နီပေါနှင့် Chatham Islands ကဲ့သို့သော အချို့နယ်မြေဒေသ၊ နိုင်ငံများတွင် ၄၅ မိနစ်သွေဖည်သော အချိန်ဇုန်ကို အသုံးပြုကြသည်။ Some အချို့နိုင်ငံများ အထူးသဖြင့် တရုတ်နှင့် အိန္ဒိယတွင် ၎င်းတို့၏ အကျယ်အဝန်းသည် ၁၅° လောင်ဂျီကျူထက် ကျယ်ဝန်းသော်လည်း အချိန်ဇုန်တမျိုးတည်းသာ အသုံးပြုကြသည်။ ၁၉၄၉ မတိုင်မီတွင် တရုတ်နိုင်ငံသည် အချိန်ဇုန် (၅) မျိုးကို အသုံးပြုခဲ့သည်။
Remove ads
အဓိပ္ပာယ်ဖွင့်ဆိုချက်
၁၉၇၂ မရောက်မီ အချိန်ဇုန်အားလုံးသည် Greenwich Mean Time (GMT) offset ကိုသာ သတ်မှတ်ထားသည်။ GMT offset ဆိုသည်မှာ mean solar time သည် လန်ဒန်မြို့၊ ဂရင်းနစ်အရပ်ရှိ တော်ဝင် နက္ခတာရာကြည့်စခန်းမှ လောင်ဂျီကျူမျဉ်း ဖြတ်သန်းသွားခြင်းကို ဆိုလိုသည်။ ၁၉၇၂ ကတည်းကပင် ရေဒီယိုအသံလွှင့်ရုံများ၏ တရားဝင်အသံလွှင့်ချိန်သည် UTC နှင့် ကိုက်ညီအောင် ပြုလုပ်ထားသည်။ UTC သည် atomic time ပုံစံတမျိုးဖြစ်ရာ ၎င်းတွင် ယခင်ဂရင်းနစ်စံတော်ချိန်(GMT)၏ ၀.၉ စက္ကန့်အတွင်းမျှရှိသော leap seconds ကဲ့သို့သော စက္ကန့်များပါဝင်ပြီး လက်ရှိတွင် UT1 ဟုလည်း ခေါ်ကြသည်။ ယခုအခါ နိုင်ငံများစွာသည် ၎င်းတို့၏ စံတော်ချိန်များကို UTC နှင့် သတ်မှတ်ထားပြီး ဖြစ်သည်။ သို့ပေမယ့်လည်း ယူနိုက်တက်ကင်းဒမ်းအပါအဝင် နိုင်ငံအချို့တွင် ယခုအချိန်အထိ GMT ကို ဆက်လက် အသုံးပြုနေဆဲဖြစ်သည်။
ဂရင်းနစ်စံတော်ချိန်(GMT) ကို အခြေခံသော အချိန်ဇုန်များ၏ mean solar time သည် ၀° လောင်ဂျီကျူ(the Prime Meridian)တွင် ဖြစ်သည်။ ကမ္ဘာလည်ပတ်နှုန်းသည် တရားသေမဟုတ်သောကြောင့် Atomic clocks များမှ ရရှိလာသောအချိန်ကို ထိန်းညှိရသည်။ ၁၉၇၂ ဇန်နဝါရီတွင် atomic time စက္ကန့်အလျားတူညီသော စက္ကန့်အချိန်အလျားရှိသည့် Coordinated Universal Time ကို စတင်အသုံးပြုခဲ့သည်။ Atomic clocks များတွင် များသောအားဖြင့် တသမတ်တည်းဖြစ်သော အချိန်စကေးကို ရရှိသည်။
လက်ရှိတွင် တနေ့တာ၏ ပျမ်းမျှအချိန်အလျားသည် atomic time ၏ ၂၄ နာရီထက် ၀.၀၀၂ စက္ကန့် ပိုနေသောကြောင့် UT1 နှင့်အနီးစပ်ဆုံးတူညီအောင် leap seconds ကို Coordinated Universal Time အတွင်း အခါအားလျော်စွာ ပေါင်းထည့်ရသည်။ ကမ္ဘာလည်ပတ်နှုန်းသည် တဖြည်းဖြည်းချင်း နှေး၍လာနေသောကြောင့် နောင်အနာဂတ်တွင် leap seconds ကို မကြာခဏပေါင်းထည့်ရန် လိုအပ်လာလိမ့်မည် ဖြစ်သည်။ သို့ပေမယ့်လည်း တစ်နှစ်နှင့် တစ်နှစ် ကမ္ဘာ့လည်ပတ်နှုန်းသည် အနည်းငယ် သွေဖည်လာသည်။ ထိုကြောင့် ကမ္ဘာ့လည်ပတ်နှုန်းအရ မလိုအပ်လျှင် leap seconds ကို ပေါင်းမထည့်ရတော့ချေ။ ထိုကဲ့သို့ပင် ဒေသအချိန်များသည် mean solar time နှင့် ဆက်လက်နီးစပ်နေပြီး ကမ္ဘာ့လည်ပတ်နှုန်း မတည်ငြိမ်မှု အကျိုးကြောင့် တသမတ်တည်းရှိသော အချိန်စကေး (International Atomic Time or TAI)နှင့်ဆက်စပ်သော ပြောင်းလဲမှုများ ပြုလုပ်ရန် သေချာ၍ လာသည်။ ဒေသအချိန်များအားလုံးသည် TAI မှ စက္ကန့်၏ အင်တီဂရယ်ကိန်းများအရ ခြားနားကြသည်။ UTC ၏ ပြည့်စုံလာခြင်းနှင့်အတူ နိုင်ငံများသည် သူတို့၏ အချိန်ဇုန်များကို ဖော်ပြရန်အတွက် UTC ကို အသုံးပြုလာကြသည်။ ၂၀၀၅ အရောက်တွင် နိုင်ငံအများစုသည် ဒေသအချိန်များဖော်ပြရန်အတွက် UTC ကို ပြောင်းလဲခဲ့ကြပြီး ဖြစ်သည်။ British Summer Time (BST) သည် ဂရင်းနစ်စံတော်ချိန်ထက် တစ်နာရီ ရှေ့ရောက်နေလျက်ရှိသည်။ ထိုကြောင့် ၎င်းသည် UTC+1 နှင့် ကိုက်ညီလျက်ရှိသည်။ ထိုကြောင့် ဂရင်းနစ်စံတော်ချိန် သည် Royal Observatory, Greenwich ၏ ဒေသစံတော်ချိန်ဖြစ်ပြီး အောက်တိုဘာလ နောက်ဆုံး တနင်္ဂနွေမှ 01:00 GMT နှင့် မတ်လ နောက်ဆုံး တနင်္ဂနွေမှ 01:00 GMT အကြားဖြစ်သည်။ ထိုကဲ့သို့သော အဖြစ်အပျက်များသည် တခြားနေရာဒေသများတွင်လည်း ရှိသည်။
Remove ads
Notation of time
ISO 8601
UTC
Coordinated Universal Time (UTC)နှင့် ဖော်ပြသော အချိန်၏ နောက်တွင် "Z" ကို ကြားကွပ်လပ်မချန်ပဲ ပေါင်းထည့်နိုင်သည်။ "Z" သည် zero UTC offset ကို ကိုယ်စားပြုသော ဇုန်ညွှန်းအက္ခရာဖြစ်သည်။ "09:30 UTC" ကို "09:30Z" (သို့) "0930Z" အဖြစ် ဖော်ပြနိုင်သည်။ "14:45:15 UTC" ကိုလည်း "14:45:15Z" (ဝါ) "144515Z" အဖြစ် ဖော်ပြနိုင်သည်။
UTC time ကို "Zulu" time ဟုလည်း လူသိများသည်။ အကြောင်းမှာ "Zulu" သည် ICAO spelling alphabet မှ "Z"အတွက် ကုဒ်စာလုံးဖြစ်သည်။
UTC offset

UTC offset ကို ±[hh]:[mm]၊ ±[hh][mm]၊ (သို့) ±[hh] (UTC ရှေ့ရောက်သော (သို့) နောက်ရောက်သော နာရီ) ပုံစံဖြင့် ရေးသားရသည်။ ထို့ကြောင့် UTC တစ်နာရီရှေ့စောသော အချိန် (ဆောင်းရာသီအတွင်း ဘာလင်မြို့ အချိန်ကဲ့သို့)ကို ဖော်ပြလိုလျှင် အချိန်ဇုန်ကိုယ်စားပြုဂဏန်းမှာ "+01:00"၊ "+0100" (သို့မဟုတ်) ရိုးရှင်းစွာရေးလိုလျှင်"+01"ဖြင့် ဖော်ပြရသည်။ 'Z' ဖြင့် ဖြည့်စွက်ရေးနည်းမှာ အပေါ်တွင် ဖော်ပြထားသကဲ့သို့ ဖြစ်သည်။ နေ့အလင်းရောင် ထိန်းသိမ်းသော အချိန် (နွေရာသီချိန်)များပါဝင်သော UTC offset များတွင် ဥပမာ North American Central Time Zone တွင်ရှိသော ချီကာဂိုမြို့၏time offset သည် ဆောင်းရာသီတွင် "−06:00" (Central Standard Time) နှင့် နွေရာသီတွင် "−05:00" ဖြစ်သည်။
အတိုကောတ်များ
အချိန်ဇုန်များကို "EST, WST, CST" အစရှိသဖြင့်တို့နှင့် ဖော်ပြလေ့ရှိကြသည်။ သို့ပေမယ် ဒါဟာ အပြည်ပြည်ဆိုင်ရာ အချိန်နှင့် ရက်စွဲစံ ISO 8601 ၏ အစိတ်အပိုင်းတခုမဟုတ်ပဲ အခြေခံအသုံးပြုသူများသာ သတ်မှတ်အသုံးပြုကြသာ ဖြစ်သည်။ ထိုသို့သတ်မှတ်ထားခြင်းများဟာ များစွာ ဒွိဟဖြစ်စေသည်။ ဥပမာအားဖြင့် "ECT" ကို အဓိပ္ပာယ်ကောတ်လျှင် "Eastern Caribbean Time" (UTC−4h)၊ "Ecuador Time" (UTC−5h) (ဝါ) "European Central Time" (UTC+1h) တခုခုဖြစ်နိုင်နေပေသည်။
ကမ္ဘာတဝန်းရှိ UTC offsets များ
Remove ads
UTC offsets များ စာရင်း
ဖော်ပြပါဇယားတွင် ကမ္ဘာတဝန်းရှိ မတူညီသောနေရာများ၏ နေ့အလင်းရောင်ထိန်းသိမ်းသောအချိန် အကျိုးသက်ရောက်မှုမရှိချိန်တွင်ရှိသော ဒေသစံတော်ချိန်ကို ပြသထားသည်။
Remove ads
Time zone conversions
Remove ads
နေ့အလင်းရောင်ထိန်းသိမ်းသော အချိန်
နိုင်ငံများစွာနှင့် အချို့နိုင်ငံများ၏ သတ်မှတ်ထားသော ဒေသများတွင် နေ့အလင်းရောင် ထိန်းသိမ်းသောအချိန် ("နွေရာသီအချိန်"ဟုလည်း လူသိများသည်)ကို နှစ်တစ်နှစ် အပိုင်းအခြားကာလအတွင်း အသုံးပြုကြသည်။ ထိုသည်မှာ နာရီများကို နွေဦးတွင် တစ်နာရီရှေ့တိုး၍ ဆောင်းဦးမှ တနာရီနောက်သို့ ပြန်လည်ထိန်းညှိခြင်း ဖြစ်သည်။ ခေတ်သစ် DST ကို ၁၉၀၇ ခုနှစ်တွင် ပထမဆုံးအဆိုပြုခဲ့ခြင်း ဖြစ်ပြီး ၁၉၁၆ ခုနှစ် ပထမကမ္ဘာစစ်တွင်မှ ကျယ်ပြန့်စွာ အသုံးပြုလာကြသည်။ အငြင်းပွားဖွယ်ဖြစ်လင့်ကစား နိုင်ငံများစွာတွင် နေ့အလင်းရောင် ထိန်းသိမ်းသောအချိန်ကို အသုံးပြုကြပြီး အချို့နိုင်ငံများတွင် တခါတရံပြောင်းလဲခဲ့သည်။ အီကွေတာနှင့် နီးသော နိုင်ငံအများစုတွင် ရာသီပြောင်းလဲမှုကြောင့် နေ့အလင်းရောင်ပြောင်းလဲမှု နည်းပါးသောကြောင့် နေ့အလင်းရောင် ထိန်းသိမ်းသော အချိန်ကို အသုံးမပြုကြပေ။
Remove ads
ကွန်ပျူတာစနစ်နှင့် အင်တာနက်စနစ်
ကွန်ပျူတာ operating systems များတွင် ကွဲပြားခြားနားသော အချိန်ဇုန်များကို အခြေခံထားသော ဒေသစံတော်ချိန်များ အားလုံးနီးပါးကို ထောက်ပံ့ထားလေသည်။ ကွန်ပျူတာ operating systems များတွင် UTC ကို ၎င်းတို့ အခြေခံအချိန်ဖော်ပြသော စနစ်အဖြစ် အသုံးထားသည်။ ၎င်းစနစ်တွင် ဒေသစံတော်ချိန်ကို UTC စနစ်မှ (သို့) UTC စနစ်သို့ ပြောင်းလဲနိုင်သော ဝန်ဆောင်မှုနှင့် အချို့အချိန်ဇုန်များတွင် နေ့အလင်းရောင် ထိန်းသိမ်းသော ကာလ အစ (သို့) အဆုံးသို့ ရောက်လျှင် အလိုအလျောက်ပြောင်းလဲပေးနိုင်သော ဝန်ဆောင်မှုများ ပါဝင်သည်။ (ပိုမိုအသေးစိတ် သိရှိလိုပါက နေ့အလင်းရောင် ထိန်းသိမ်းသော အချိန် ဆောင်းပါးကို ဖတ်ရှုပါရန်)
Web servers များမှ ဖော်ပြသော ဝက်ဘ်ပေ့(ချ်) များတွင် ကြည့်ရှုသူများအတွက် အချိန်ဇုန် တမျိုးတည်း (သို့) ကန့်သတ်ထားသော အပိုင်းအတွင်းရှိ အချိန်ဇုန်များမှ ဒေသစံတော်ချိန်များ ဖော်ပြလေ့ရှိပြီး UTC စံတော်ချိန်ကို ကွင်းစကွင်းပိတ်ဖြင့် ဖော်ပြကောင်း ဖော်ပြလေ့ရှိသည်။ အပြည်ပြည်ဆိုင်ရာအတွက် လွှတ်တင်ထားသော ဝက်ဘ်ဆိုဒ်များတွင် UTC စံတော်ချိန် တစ်ခုတည်း (သို့) လွှတ်တင်သူ အသုံးပြုလိုသော အချိန်ဇုန်သာ ဖော်ပြလေ့ရှိသည်။ ဥပမာအားဖြင့် အပြည်ပြည်ဆိုင်ရာအတွက် အင်္ဂလိပ်ဘာသာဖြင့် လွှတ်တင်ထားသော CNN ဝက်ဘ်ဆိုဒ်တွင် GMT နှင့် ဟောင်ကောင် စံတော်ချိန် တို့ပါဝင်ပြီး[၈] အမေရိကန်အတွက်လွှတ်တင်ထားသော ဗားရှင်းတွင် အရှေ့ပိုင်းဒေသ အချိန်ဇုန်ဖြင့်သာ ပြသထားသည်။[၉] အမေရိကန်အခြေစိုက် အင်္ဂလိပ်ဘာသာ ဝက်ဘ်ဆိုဒ်များတွင် ကမ္ဘာတဝန်းကြည့်ရှုသူများအတွက် အမေရိကန် အရှေ့ပိုင်းဒေသ အချိန်ဇုန်နှင့် ပစိဖိတ်ဒေသ အချိန်ဇုန် တို့ကို မျှတစွာ အသုံးပြုကြသည်။ ထိုသို့ ဖော်ပြခြင်းပုံစံကို W3C မှ နေ့စွဲဖော်ပြပုံ အခြေခံကြသည်။
အီးမေးလ်စနစ်နှင့် အခြား အင်တာနက်စာပို့စနစ်များ (IRC chat အစရှိသဖြင့်)[၁၀]တို့တွင် UTC စနစ်ကိုအသုံးပြုပြီး စာပို့သူ၏ အချိန်ဇုန်သည်လည်း မက်ဆေ့၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်သည်။ စာလက်ခံသော ပရိုဂရမ်သည် စာပို့လိုက်သော အချိန်နှင့် ရက်စွဲကို စာလက်ခံသူ၏ ဒေသစံတော်ချိန်ဖြစ် ပြသပေးသည်။
Operating systems
Unix
Unix-like systems များတွင် ပါဝင်သော Linux နှင့် Mac OS X များတွင် UTC (Coordinated Universal Time) ကိုသာ အသုံးပြုကြသည်။ ကွန်ပျူတာတစ်ခုလုံးအတွက် အချိန်ဇုန်တမျိုးတည်းကိုသာ အသုံးပြုခြင်းအစား အချိန်ဇုန်သည် မတူညီသော ဖြစ်စဉ်များပေါ်မူတည်၍ ပြောင်းလဲနိုင်သည်။ Standard library routines သည် TZ environment variable မှတဆင့် ဖြစ်စဉ်များပေါ်သို့ ထောက်ပံ့ပေးထားမှုပေါ်မူတည်၍ လက်ရှိအချိန်ဇုန်များမှ ဒေသစံတော်ချိန်ကို တွက်ချက်ပေးနိုင်သည်။ ဒါဟာ အသုံးပြုသူများကို တူညီသော ကွန်ပျူတာတစ်လုံးထဲမှာပင် အချိန်ဇုန်အများအပြားကို အသုံးပြုနိုင်ကာ အသုံးပြုသူတိုင်းအတွက် သက်ဆိုင်သော ဒေသစံတော်ချိန်များကို ပြသပေးသည်။ အချိန်ဇုန်ဆိုင်ရာ သတင်းအချက်အလက်များကို IANA time zone database မှ ရရှိသည်။ တကယ်တော့ စစ်စတမ်များစွာတွင် GNU C Library ပါဝင်ပြီး ၎င်းဒေတာဘေ့စ်ကိုလည်းအသုံးပြုနိုင်သည်။
မိုက်ခရိုဆော့ ဝင်းဒိုး
Windows အခြေခံ ကွန်ပျူတာစနစ်များတွင် Windows 2000 ၏ ရှေ့ပိုင်းတွင် ဒေသစံတော်ချိန်များကို အသုံးပြုခဲ့ကြပြီး Windows 2000 နှင့် ၎င်း၏နောက်ပိုင်းဗားရှင်းများတွင် UTC ကို ကွန်ပျူတာစနစ်၏ အခြေခံအဖြစ် အသုံးပြုခဲ့သည်။[၁၁] Windows registry တွင် offset from UTC အပါအဝင် အချိန်ဇုန်ဆိုင်ရာ သတင်းအချက်အလက်များနှင့် နေ့အလင်းရောင် ထိန်းသိမ်းသော အချိန် အသုံးပြုသော အချိန်ဇုန်အသီးသီး၏ ထိုကာလ စတင်ချိန်နှင့် ကုန်ဆုံးချိန်အတွက် စည်းမျဉ်းများ ပါဝင်သည်။ အသုံးပြုသူများသည် ပုံမှန်အားဖြင့် ဒေသစံတော်ချိန်များကို အသုံးပြုကြပြီး အသုံးချဆော့ဝဲလ်များသည်လည်း မတူညီသော အချိန်ဇုန်များမှ အချိန်ကို တွက်ချက်ပေးနိုင်ကြသည်။ Terminal Servers မှ ကွန်ပျူတာကို သူတို့၏ စံတော်ချိန်သို့ ပြန်ညွှန်းပေးသဖြင့် အသုံးပြုသူသည် သူတို့၏ မှန်ကန်သော ဒေသစံတော်ချိန်ကို ကွန်ပျူတာ ဒက်စတော့နှင့်application sessionsများတွင် တွေ့မြင်နိုင်ပေသည်။ Terminal Services သည် Terminal Server ရှိ ဆာဗာ အခြေခံအချိန်ကို အသုံးပြုပြီး အချိန်ဇုန်ဆိုင်ရာ အချက်အလက်များကို တွက်ချက်ပေးသည်။
ပရိုဂရမ်းမင်း ဘာသာစကား
Java
များလှစွာသော အသုံးချဆော့ဝဲလ်များသည် O.S. ရဲ့ အချိန်ဇုန်ဆိုင်ရာ အချက်အလက်များကို အသုံးပြုနေချိန်တွင် Java Platform သည် ဗားရှင်း ၁.၃.၁ မှစကာ ၎င်းတို့ကိုယ်ပိုင် အချိန်ဇုန်ဒေတာဘေ့စ်ကို အသုံးပြုထိန်းသိမ်းခဲ့သည်။ ဒေတာဘေ့စ်ကိုလည်း အချိန်ဇုန်စည်းမျဉ်း ပြောင်းလဲသွားသည့်အခါတိုင်း ပြောင်းလဲတိုးမြှင့်ပေးခဲ့သည်။ Oracle သည် updater tool တို့ကို ထိုအကြောင်းပြချက်များဖြင့် ထောက်ပံ့ပေးခဲ့သည်။[၁၂]
အချိန်ဇုန်အချက်အလက်များသည် ဂျာဗားပလက်ဖောင်းတွင် တပါတည်းပါပြီးဖြစ်သောကြောင့် ပရိုဂရမ်မာသည် Joda-Time library မှ အသုံးပြုရန် ရွေးချယ်နိုင်ပေသည်။[၁၃] ထို လိုက်ဘရီတွင် IANA time zone database တွင် အခြေခံထားသော အချိန်ဇုန်အချက်အလက်များ ပါဝင်သည်။[၁၄]
Java 8 တွင် DATE TIME API အသစ်သည် အချိန်ဇုန်ပြောင်းလဲရာတွင် အကူအညီပေးသည်။
JavaScript
JavaScript တွင် အချိန်ဇုန်များနှင့်ပတ်သက်၍ ထောက်ပံ့ပေးမှု နည်းပါးသည်။ အခြေခံအားဖြင့် ပရိုဂရမ်မာသည် UTC offset ကို ဖော်ပြလိုပါက time object မှရယူနိုင်ပြီး GMT time ကိုလည်း ထို time object မှပင်ရနိုင်သည်။ သို့သော် နေ့အလင်းရောင် ထိန်းသိမ်းသော အချိန်နှင့် ပတ်သက်၍ ကွဲပြားကို ဖြေရှင်းရန်အတွက်မှု ထောက်ပံ့ပေးမထားပေ။
Perl
DateTime object သည် Olson DB တွင် အချိန်ဇုန်များအားလုံးအတွက် ထောက်ပံ့ပေးထားပြီး ၎င်းတွင် အချိန်ဇုန် ၂ မျိုးအကြား ပြောင်းလဲနိုင်မှု စွမ်းဆောင်ရည်လည်း ပါဝင်သည်။[၁၅]
PHP
DateTime objects နှင့် ၎င်းနှင့်ဆက်နွယ်နေသော ဖန်ရှင်များကို PHP core တွင် ဗားရှင်း ၅.၂ ကတည်းကပင် ပြောင်းလဲပေါင်းထည့်ခဲ့သည်။ ထိုသို့ပြုလုပ်လိုက်ခြင်းဖြင့် PHP တွင် အချိန်ဇုန်များကို ရယူနိုင်ရုံမက သတ်မှတ်နိုင်သော စွမ်းရည်များ ပါဝင်လာခဲ့သည်။ PHP.net တွင် ထိုအကြောင်းအရာနှင့်ပတ်သတ်၍ ကျယ်ကျယ်ပြန်ပြန်သိလိုလျှင် ဖတ်ရှုနိုင်သော စာတမ်းများလည်း ရှိသည်။[၁၆] မှတ်ချက်အနေဖြင့် အချိန်ဇုန်အများအပြားကို PECL timezonedb ဒေတာဘေ့စ်မှ ပေါင်းထည့်ပါသည်။
Python
အချိန်များကို ဖော်ပြနိုင်သော မော်ကျူးသည် class tzinfo ပေါ်တွင် အလုပ်လုပ်သည်။ Third party pytz module သည် IANA time zone database မှ ဒေတာအားလုံးကို ထောက်ပံ့ပေးသည်။[၁၇]
Remove ads
ဆက်လက်ကြည့်ရှုရန်

ကိုးကား
ပြင်ပလင့်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads