ကိန်းမြို့

From Wikipedia, the free encyclopedia

ကိန်းမြို့
Remove ads

ကိန်းမြို့သည် ဩစတြေးလျနိုင်ငံ ကွင်းစလန်ပြည်နယ် မြောက်ဘက်စွန်းပိုင်းရှိ ဒေသဆိုင်ရာ မြို့တော် တစ်ခု ဖြစ်ပြီး ၁၈၇၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ထိုစဉ်က ကွင်းစလန်းပြည်နယ်၏ ပြည်နယ်အုပ်ချုပ်ရေးမှူး ဝီလီယမ် ဝယ်လင်တန် ကိန်း ကို အစွဲပြု၍ အမည်ပေးခဲ့ခြင်း ဖြစ်သည်။ ဟော့ကင်ဆန်မြစ် ရွှေတွင်းဒေသသို့ ဦးတည် သွားလာကြသော သတ္တုတွင်း တူးသူ များ အတွက် ရည်ရွယ် ဆောက်လုပ်ခဲ့သော်လည်း ဒေါက်ဂလပ် ဆိပ်ကမ်းမှ တဆင့် သွားလာနိုင်သော ပိုမို လွယ်ကူသော လမ်းကို တွေ့ရှိပြီးသည့် အခါတွင် တိုးတက်မှု ယုတ်လျော့လာခဲ့သည်။

Thumb
ကိန်းမြို့အား မောရစ်ကန်လမ်းမှ ယာရာဘာကျွန်းဆွယ် နောက်ခံဖြင့် မြင်ရပုံ

နောက်ပိုင်းတွင် သင်္ဘောဆိပ်နှင့် ရထားလမ်း ဆုံရာ မြို့အဖြစ် ပြောင်းလဲခဲ့ပြီး ပတ်ဝန်းကျင် ကမ်းရိုးတန်း ဒေသနှင့် အေသာတွန် တေဘယ်လန်း ဒေသတို့မှ ကြံ၊ ရွှေ နှင့် အခြားသတ္တုများ၊ တွင်းထွက်ပစ္စည်းများ နှင့် လယ်ယာထုတ်ကုန်များ တင်ပို့ရာ အဓိကမြို့ ဖြစ်လာခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် ခန့်မှန်းခြေ လူဦးရေ အားဖြင့် ၁၅၀,၉၂၀ ဦး ရှိသည်။

ကိန်းမြို့သည် ကားလမ်းအားဖြင့် ဘရစ်စဘိန်းမြို့ မှ ၁,၀၅၆ မိုင် (၁,၇၀၀ ကီလိုမီတာ) အကွာအဝေးခန့် တွင် ရှိပြီး ဆစ်ဒနီမြို့မှ ၁,၅၀၄မိုင် (၂,၄၂၀ ကီလိုမီတာ) ခန့် အကွာ တွင် ရှိသည်။ မဟာသန္တာကျောက်တန်းကြီး နှင့် ကွင်းစလန်းပြည်နယ် မြောက်ဖျားသို့ သွားလာလိုသူတို့ အတွက် ခရီးလမ်း အစနေရာ အဖြစ် တည်ရှိသည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads